တမူး CDM ထပ်မံပံ့ပိုး

ပြီးခဲ့တဲ့ post မှာ မြန်မာနိုင်ငံ အစွန်အဖျားက တမူးရဲ့  ထူးခြားတဲ့ ပထဝီအနေအထားနဲ့ ဒေသယဥ်ကျေးမှုတွေကို ဖေါ်ပြခဲ့ပါတယ်။ နောက်ဆုံးရ ဝမ်းသာစရာ သတင်းတခုကတော့ တမူးက  CDM လှုပ်ရှားမှုကို အလှူငွေ ထပ်မံပံ့ပိုးနိုင်ခဲ့ခြင်းပါ။

ဤရန်ပုံငွေများ လွှဲပြောင်းခြင်းကိုကြီးကြပ်သူက အောက်ပါအတိုင်း ကျေးဇူးတင်စွာ ပြောကြားခဲ့သည်။

“ မြန်မာပြည်သူ့၀န်ထမ်းများရဲ့ ရဲစွမ်းသတ္တိ၊ ဇွဲ နဲ့ စွန့်လွှတ်အနစ်နာခံမှုများဖြင့် အစိုးရ အလုပ်အကိုင်များ၊ ရာထူးဂုဏ်သိန်များနဲ့ အခြားလျော်ကြေးငွေများ အားလုံးကိုစွန့်လွှတ်ပြီး စစ်အစိုးရကို တော်လှန်ဆန္ဒပြနေတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မိတ်ဆွေများက အသိအမှတ်ပြုကြတယ်။ ကျွန်တော်တို့ရဲ့ အစိုးရ၀န်ထမ်းများကို အခုလို ရက်ရောစွာ လှူဒါန်းကြခြင်းကို အထူးဘဲကျေးဇူးတင်ပါတယ်။”

ဤအလှူငွေများသည် ထိုအလုပ်သမားများနှင့် သူတို့၏မိသားစုများ၏ အခြေခံအစားအစာနှင့် လူနေမှုစရိတ်များကို ထောက်ပံ့ရန်ဖြစ်ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် ပြည်သူ့ဝန်ထမ်းများသို့ လှူဒါန်းခဲ့ပါသည်။ 

ဤလွတ်မြောက်ရေးတိုက်ပွဲကို ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုက်ပါသည်။