တမူး နယ်စပ်ဒေသကို အလှူရောက်ပါပြီ။

တောင်မှမြောက်၊ အရှေ့မှအနောက် မြန်မာတနိုင်ငံလုံး တညီတညွတ်ထဲ အပြင်းအထန် စစ်တပ်ရဲ့ အာဏာလုယူမှုကို ကြိုးစားဆန့်ကျင်နေကြချိုန်မှာ မိတ်ဆွေတို့ရဲ့  လှူတန်းမှုဟာ လွတ်လပ်ရေး လှုပ်ရှားမှု အသက်ဆက်နိုင်ရန်အတွက် ကမ်းလင့်ပေးတဲ့သက်ကယ်ကြိုးလိုပါဘဲ။ အခက်အခဲများစွာကြောင့် အချိန်ပေးခဲ့ရသော်လည်း အားထုတ်မှုများစွာြဖင့် နောက်ဆုံးမှာ တမူးမြို့ကလေးကို ထောက်ပန့်မှုများ ရောက်ရှိသွားကြပါပြီ။  

တမူးမြို့ကလေးဟာ စစ်ကိုင်းတိုင်းမြောက်ပိုင်း အိန္ဒိယနယ်စပ်မှာရှိပါတယ်။ သမိုင်းကြောင်းအရ တမူးမြို့ဟာ အိန္ဒိယနိုင်ငံဘက်အခြမ်းက မိုရေမြို့ နဲ့ကုန်စည်ကူးသန်းအချက်အချာကြတဲ့ မြို့လေးပါ။ ကုန်များ အိန္ဒိယနိုင်ငံသို့သာမက ထိုင်း နဲ့ တရုပ်နိုင်ငံအထိပါပေါက်ရောက်ပါတယ်။ တမူးမှာ မြန်မာ၊ ချင်း နှင့် အခြားတိုင်းရင်းသားများလည်း နေထိုင်ကြပါတယ်။ ဖေဖေါ်ဝါရီလတရက်နေ့ မတိုင်ခင်ကဆိုရင် ယဥ်ကျေးပြူငှာ၍ သန့်ရှင်းလှပသော ဒေသဟု သိကြပြီး၊ လာရောက်လည်ပတ်သူများ တမူးရဲ့ နာမည်ကြီးလေဟာပြင်ဈေးများကို အထူးတလည်ကို သွားရောက်ကြရပါတယ်။

အခုတော့ မြန်မာတနိုင်ငံလုံးလိုဘဲ စစ်တပ်ရဲ့ နှိပ်စက်အကြမ်းဖက်မှုက မလွတ်ကင်းနိုင်။ မနေ့ကဘဲ ဂေါ်ရခါး ဇနီးမောင်နှံဟာ သူတို့ခြံက နွားနို့ရောင်းနေရင်း ပြစ်ခတ်ခံရလို့ အသက်ဆုံးရှုံး သွားခဲ့ရပါတယ်။ တမြန်နေ့ကလဲ ၇နှစ်အရွယ်သမီးလေး ကျည်အစစ်နှင့်ပြစ်ခတ်ခံရပြီး၊ ဇမ္ဗူရတနာကျောင်းကိုလည်း လောင်ချာဖြင့် ပစ်လွှတ်ရသောဗုံးများဖြင့် ရုတ်တရက် အကြမ်းဖက် တိုက်ခိုက်သွားကြပါတယ်။

မြို့ကြီးများနဲ့ များစွာဝေးကွာတဲ့ဒေသဖြစ်ပေမဲ့ တမူးမြို့သူမြို့သားများဟာ CDM မှာရှေ့တန်းက ပါဝင်နေကြသူများဖြစ်ပါတယ်။ ဤသို့ဝေးကွာမှုကြောင့်လဲ ထောက်ပန့်ကူညီမှုမှာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလှူရှင်များရဲ့ စေတနာ ရက်ရောစွာလှူတမ်းမှု၊ ပရဟိတစေတနဝန်ထမ်းများရဲ့  သတ္တိနဲ့ ရဲရင့်မှုတို့ကြောင့် အလှူငွေများ ရောက်ရှိသွားနိုင်ခဲ့ပါပြီ။


Shwe Lan Ga LayComment