သူတို့က ဗုံးတွေချ၊ ကိုယ်ကအစားအစာတွေဝေမျှ

အချို့အလှူငွေများကို ကျွန်တော်တို့ အင်မတန်အားရဘွယ် Food Not Bombs အဖွဲ့ရဲ့ လှုပ်ရှားမှုမှတဆင့် လှူဒန်းပေးနိုင်ခဲ့ပါတယ်။ ဒီနာမယ်ကျော်အဖွဲ့ကို ဦးဆောင်တဲ့ Rebel Riot ရီဘယ်လ်ရိုင်းရော့တ် ပန့်ခ်တီးဝိုင်းက ကိုကျော်သူဝင်းကို မကြာခင် ကျွန်တော်တို့ရဲ့  Insight Myanmar အသံလှိုင်းမှာ ကြားရတော့မှာ ဖြစ်ပါတယ် ( သူ့အကြောင်းကို အလွန်သရုပ်ပေါ်စွာ ရိုက်ကူးထားတဲ့ သတင်းမှတ်တန်း “ ငါ့ဗုဒ္ဓသည်ပန့်ခ် ” ကို Amezon Prime မှာငှားရမ်းကြည့်ရှု နိုင်ပါတယ်)။

မနေ့က ကိုကျော်သူဝင်းနဲ့ ဝိုင်းတော်သားများ ပရဟိတသမား အစုံနဲ့ တောင်ဒဂုံက သာကေတမြို့နယ်ထဲကို စွန့်စွန့်စားစားဝင်ရောက်ပြီး လှုပ်ရှားခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့အပတ်က သာကေတဟာ ပြင်းပြင်းထန်ထန် ဖြိုခွင်းခံခဲ့ရပါတယ်။ “အားလုံးသေမှထွက်မယ်”လို့ အကြမ်းဖက်စစ်သားတွေက ကြိမ်းဝါးကြပြီး တကယ်လည်း အလွန်စိတ်မကောင်းဖွယ်ရာ ကြိမ်းဝါးတဲ့အတိုင်းလုပ်သွားကြပါတယ်။ ကံမကောင်းအကြောင်းမလှလို့ သူတို့မြင်ကွင်းထဲ ရောက်သွားမိတဲ့သူတိုင်းကို ပြစ်ခတ်သွားလို့ လူဒါဇင်နဲ့ချည်ပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

အလှူရှင်များရဲ့ပေးလှူတဲ့အလှူငွေများကြောင့် ကိုကျော်သူဝင်းနဲ့ သူငယ်ချင်းများ အဲဒီအလိုအပ်ဆုံး နေရာကို ဆန်အိတ်များနဲ့ အခြားအထောက်အပန့်များ ပေးပို့နိုင်ခဲ့ကြပါတယ်။ ကိုယ့်ရဲ့လုံခြုံရေးကို စွန့်ပြီး ဒုက္ခများစွာရောက်နေကြတဲ့ ပြည်သူတွေရှိတဲ့နေရာတွေကို ရောက်အောင်သွားပြီး ကိုယ်တိုင်ကိုယ်ကျ လက်ကန်းဝေပေးကြသူများဖြစ်ပါတယ်။

သူတို့ရဲ့ သတ္တိကို ဂုဏ်ပြုရသလို အလှူရှင်များရဲ့ သဒ္ဓါတရား ကြောင့်လည်း လိုအပ်တဲ့ ထောက်ပန့်ပစ္စည်းများ ပေးဝေနိုင်တာလည်း ဖြစ်ပါတယ်။ အခုလို အလိုအပ်ဆုံးအချိန်မှာ  အလိုအပ်ဆုံးသူများထံ ရောက်ရှိနိုင်အောင် လှူဒန်းကြတာကို ကျေးဇူးအထူးတင်ကြောင်း မှတ်တန်းတင်လိုက်ပါတယ်။

Shwe Lan Ga LayComment