မန္တလေးမီးရထားအမှုထမ်းများရဲ့ ကျေးဇူးတင်စကား “အလှူရှင်များကို ကျေးဇူးတင်ပါတယ်”

အလှူရှင်များအနေနှင့် မိမိတို့ လှူတန်းလိုက်တဲ့ အလှူ တိတိကျကျ ဘယ်လိုအကျိူးရှိသွားတယ် ဆိုတာကို အမြဲတိုက်ရိုက် သိခွင့်မရနိုင်ကြပါဘူး။ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အရေးအခင်းကာလကလည်း အလှူလက်ခံရရှိသူများ အန္တရယ်မကျရောက်စေရန် ပွင့်လင်းမြင်သာမှူကို စိတ်တိုင်းကျမပေးနိုင်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ ကံကောင်းထောက်မစွာ  မန္တလေးမီးရထားအမှုထမ်းများအတွက် အလှူငွေ ထောက်ပံ့ရရှိရေး ဆောင်ရွက်ပေးနေတဲ့ ပရဟိတစေတနဝန်ထမ်းတဦးက ဒီဗီဒီယိုလေးကို လက်ခံရရှိသူ မည်သူမည်ဝါမပေါ်စေဘဲ ရိုက်ကူးပေးလိုက်နိုင်လို့ဖြစ်ပါတယ်။  ဒီအလှူတွေ သူတို့အတွက် ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို တိုက်ရိုက်ကြားရမှာဖြစ်ပါတယ်။ အလှူရှင်များ အားလုံးကို ဒီနေရာကနေ အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒါပေမဲ့ CDM လှုပ်ရှားမှုကြီးဟာ ကျွန်တော်အခုရေးနေချိန်မှာဘဲ အတိမ်းအစောင်းမခံနိုင်တဲ့ အချေအနေကို ရောက်နေပါတယ်။ ဝန်ထမ်းအချို့  စားဝတ်နေရေး ဘယ်လိုမှ ရပ်တည်လို့ မရတော့လို့ အလုပ်ပြန်ဆင်းနေရပါပြီ။ ဆက်လက်၍ လှူနိုင်သမျှလှူပေးနိုင်မယ်ဆိုရင် ဒီဝန်ထမ်းများနဲ့ သူတို့ရဲ့ မိသားစုများ မှန်ကန်တဲ့ အစိုးရသစ်တက်လာတဲ့ အချိန်ထိ ဆက်လက် တိုက်ပွဲဝင်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျေးဇူးပြု၍ ဒီပို့စ်လေးကိုရှယ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်သူများ အလိုအပ်ဆုံးအချိန် ဆက်လက်ကူညီ ထောက်ပံ့သွားနိုင်မှာ ဖြစ်ပါတယ်။


Shwe Lan Ga LayComment