မန္တလေးတောင်ကို အလှူဒါန ရောက်ပါပြီ။

အလှူရှင်များရဲ့  စေတနာအလှူဒါနငွေများဖြင့် မန္တလေးတောင်နှင့် ပတ်ဝန်းကျင်ကျေးရွာများထံ ပြည်တွင်းအဖွဲ့အစည်းများ Holding Umbrellas နှင့်  Gaia Food Relief မှတဆင့် အခြေခံစားသုံးကုန် ဆန်၊ဆီ၊ဆား၊ငါးသေတ္တာဘူး အစရှိတဲ့ ကယ်ဆယ်ရေး ရိက္ခာထုပ်များ ရောက်ရှိသွားကြပါပြီ။

ကိုဗစ်ရောဂါဆိုးကြောင့် အကျတ်အတည်းပေါင်းများစွာ ကြုံနေရပြီး၊ တခါ ဒီထက်ပိုမိုဆိုးရွားတဲ့ စစ်အာနာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရက်စက်စွာအကြမ်းဖက် နှိမ်နင်းမှုများက ထပ်မံပြီး ဒုက္ခ အကြီးအကြယ်ရောက်စေခဲ့ပါတယ်။ အကူအညီကိုလည်း မျှော်နေကြပါတယ်။ အလှူရှင်တို့ရဲ့  စေတနာအလှူဒါနငွေများဟာ သူတို့ရဲ့ အကျတ်အတည်းများကို အခုလောလောဆယ် ခေတ္တ ဖြေရှင်းပေးလိုက်နိုင်ပါပြီ။

ယနေ့မြန်မာနိုင်ငံမှာ ဘာဘဲလုပ်လုပ် အန္တရယ်နဲ့မကင်းဖြစ်နေပါတယ်။ ပြည်တွင်းက ပရဟိတ စေတနာ့ဝန်ထမ်းများရဲ့  အသက်စွန့်ပြီး ရွာတွေကိုခက်ခက်ခဲခဲပို့ဆောင်ပေးနေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို ချန်ထားလို့မရပါဘူး။ အလှူငွေလေး လက်ခံတာ၊ ဈေးထဲမှာ ထောက်ပန့်ရေးပစ္စည်းတွေ ဝယ်တာကအစ၊ လိုအပ်တဲ့နေရာတွေအရောက် ပို့ပေးတာ အဆုံး အန္တရယ်ကရှိနေပါတယ်။ ဘယ်အဆင့်ကမှ လွယ်ကူ အန္တရယ်ကင်းတယ်ဆိုတာ မရှိပါဘူး။ 

ပရဟိတ စေတနာ့ဝန်ထမ်းတဦးရဲ့ ပြောဆိုချက်ကလေးတခုနဲ့ ဒီသတင်းလေးကို အဆုံးသတ်လိုက်ပါတယ်။

“ ကျွန်တော်တို့အဖွဲ့တွေ ဒုက္ခအတိ ကျရောက်နေကြတဲ့ မိသားစုလေးတွေကို သူတို့ အလိုအပ်ဆုံး အချိန်မှာ အကူအညီပေးနိုင်တာဟာ အလှူရှင်များရဲ့ အံ့မခန်းတဲ့ စေတနာသဒ္ဓါတရားကြောင့်လည်း ဖြစ်ပါတယ်။ ကျေးဇူးအထူးဘဲ တင်ရှိပါတယ်။ ကျွန်တော်တို့ကို တတ်နိုင်သလောက်၊ တတ်နိုင်တဲ့ အချိန်၊ ကြာရှည်နိုင်ရင်နိုင်သလောက် ဆက်လက်ပြီးတော့လည်း လှူတန်းသွားကြပါလို့ မေတ္တာရပ်ခံပါတယ်။”

Shwe Lan Ga LayComment