လူ့သက်ကယ်ဖို့ ဖန်တီးစို့

အကယ်၍ စာဖတ်သူဟာ မြန်မာနိုင်ငံမှာနေ့စဉ်နဲ့အမျှဖြစ်နေတဲ့ ဆိုးရွားတဲ့ဖြစ်ရပ်တွေကိုကြည့်ပြီး ဘယ်လိုကူညီပေးရမလဲ မသိဖြစ်နေခဲ့မယ်ဆိုရင် အောက်ဖော်ပြပါအကြောင်းအရာကို ကျေးဇူးပြုပြီးဆက်လက်ဖတ်ရှုကြည့်ပေးပါ။

ဒီblogကိုဖတ်နေကျလူတွေဆိုရင်သိပါလိမ့်မယ်။တပ်မတော်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ဖိနှိပ်မှုတွေကိုတွန်းလှန်ပြီး လွတ်လပ်ခွင့်တွေ၊အခြေခံလူ့အခွင့်အရေးတွေပြန်လည်ရရှိအောင်ကြိုးစားနေကြရာမှာ မြန်မာနိုင်ငံရဲ့လက်တွေ့ဘဝတွေမှာလိုအပ်ချက်တွေအများအပြားရှိနေပါတယ်၊ လူတော်တော်များများဟာဆိုရင် အလွန်ကြပ်တည်းပြီးရပ်တည်ဖို့တောင်အနိုင်နိုင်ဖြစ်နေပါတယ်။ဒီအကြောင်းရင်းကြောင့်ပဲ ကျွန်တော်တို့ကလေလံပွဲလေးတစ်ခုလုပ်ဖို့ရှိပါတယ်။ဒါကြောင့် ကမ္ဘာတစ်ဝန်းကအနုပညာရှင်တွေမိမိတို့ရဲ့ အနုပညာလက်ရာတွေကို တစ်ခု သို့မဟုတ် မိမိပါဝင်ချင်သလောက်အရေအတွက်ဖြင့် ဒီအလှူငွေမတည်တဲ့လေလံပွဲလေးမှာပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီပွဲကရတဲ့အကျိုးအမြတ်မှန်သမျှကို အမှန်တကယ်လိုအပ်နေတဲ့သူတွေကို ပေးအပ်ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ဒီအလှူငွေမတည်တဲ့လေလံပွဲကို ကျွန်တော်တို့က The Global Movement for Myanmar Democracy(GM4MD) နဲ့ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝမ်းမြောက်စွာပြောကြားလိုပါတယ်။ဒီလေလံပွဲကို ကမ္ဘာတစ်ဝှမ်းက အနုပညာရပ်ဝန်းများက ပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ဒီ ပွဲလေးကို ဧပြီလ၂၄ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။

မည်သည့်နေရာကအနုပညာရှင်မဆို ဘယ်လိုအနုပညာလက်ရာဖြစ်ဖြစ်ပေးပို့လို့ရပါတယ်။အထူးသဖြင့်တော့ မြန်မာ့အရေး သို့မဟုတ် ပတ်ဝန်းကျင်နဲ့ပက်သတ်တာမျိုးဆိုပိုကောင်းပါတယ်(ဘာလို့လဲဆိုတော့ ဧပြီလ၂၂ရက်နေ့က Earth Day ကမ္ဘာမြေနေ့ဖြစ်လို့ပါ)။ ဘယ်လိုအနုပညာလက်ရာမျိုးတွေ ပေးရမလဲလို့မေးရင် ကျွန်တော်တို့မှာဘာကိုတော့ပေးပါဆိုပြီးပြောပိုင်ခွင့်မရှိပါဘူး။ဒါကြောင့် လူကြီးမင်းတို့အကောင်းဆုံးဖန်တီးထားတဲ့အနုပညာလက်ရာကိုပေးပါလို့သာဖိတ်ခေါ်ချင်ပါတယ်။အဲ့ဒါက ပန်းချီကားတွေ၊ ရုပ်ပုံတွေ၊လက်မှုပညာတွေ၊ဖျော်ဖြေမှုတွေအစရှိသဖြင့် စိတ်ကူးမိသမျှ၊ပုံဖော်မိသမျှဘယ်အရာမဆိုဖြစ်လို့ရပါတယ်။စိတ်ကူးဉာဏ်ကွန့်မြူးပြီးဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့ 'သင်' လို့ပြောနိုင်တဲ့အကောင်းဆုံးအနုပညာလက်ရာတွေကိုပေးပို့နိုင်ပါတယ်။

ရရှိလာတဲ့အကျိုးအမြတ်မှန်သမျှကို ယုံကြည်စိတ်ချရတဲ့ အလှူငွေထောက်ပံ့တဲ့အဖွဲ့အစည်းတွေကိုလှူဒါန်းသွားမှာဖြစ်ပြီး ၎င်းတို့မှတစ်ဆင့်CDM၊ကျန်းမာရေးနှင့် အကာအကွယ်ပစ္စည်းများအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ လှူဒါန်းမှုတွေကို Better BurmaGM4MD နဲ့ Mutual Aid Myanmar တို့ကခွဲဝေယူပြီးစီမံကြမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ သင်တို့ရဲ့အနုပညာလက်ရာတွေကို ဒီအီးမေးလ်(email)သို့ပေးပို့ခြင်း သို့မဟုတ် ဒီအွန်လိုင်းဖောင်တွင်တင်သွင်းခြင်းကို ဧပြီလ၂၂ရက်နေ့နောက်ဆုံးထား၍ပြုလုပ်ပေးပါရန်တိုက်တွန်းလိုက်ပါသည်။

ကျေးဇူးပြု၍ ဒီပွဲလေးကိုအနုပညာရှင်သူငယ်ချင်းများနဲ့ တခြားသောဖန်တီးနိုင်စွမ်းရှိကြတဲ့လူမှုစာမျက်နှာအသိုင်းအဝိုင်းတွေကိုပါ ဝေမျှပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်။ပါဝင်ကြတဲ့ အနုပညာဖန်တီးရှင်များလေလေ အလှူငွေပိုများများရရှိလေလေဖြစ်သလို ဒီလိုအနုပညာလက်ရာတွေကိုမိမိအိမ်မှာအမြတ်တနိုးတန်ဖိုးထားချိတ်ဆွဲမဲ့လှူဒါန်းသူတွေလည်းများများပါဝင်နိုင်မှာဖြစ်ပါတယ်။


174248372_284150656507401_6419719755682305481_n.jpg
Shwe Lan Ga LayComment