တောနက်ထဲမှာ CDMကိုထောက်ပံ့နေ

အဝေးမှာနေ နေတဲ့ကျွန်တော်တို့လိုလူတွေအတွက် မြန်မာနိုင်ငံကသတင်းတွေကိုကြားနေရတာတောင် တကယ်လက်တွေ့ဖြစ်နေတဲ့သေးနုပ်တဲ့ကိစ္စတွေကိုသေချာနားလည်ဖို့ ခက်ခဲနေနိုင်ပါတယ်။လွတ်လပ်ခွင့်အတွက်မျှော်လင့်ချက်ထားပြီးတိုက်ပွဲဝင်နေကြတဲ့မြန်မာလူမျိုးတွေကိုထောက်ပံ့ပေးဖို့ငွေကြေးဖက်ကပါဝင်ကူညီပေးကြတဲ့ အကြင်နာတရားရှိတဲ့လှူဒါန်းသူတွေအတွက် ဒီလှူဒါန်းမှုတွေကိုဘယ်လိုသုံးလိုက်သလဲ၊ ဘယ်သူတွေကိုကူညီနိုင်လိုက်သလဲသိရရင်အကျိုးရှိပါလိမ့်မယ်။အောက်ဖော်ပြပါပြန်ပြောပြချက်ကတော့ထိုသို့သောကိစ္စတစ်ခုကိုပြောပြနိုင်ပါလိမ့်မယ်။

CDMလုပ်နေတဲ့သူနာပြုဆရာမတစ်ယောက်ကဧပြီလကုန်ခါနီးတစ်ရက်မှာ စစ်သားတွေကရွာကိုရောက်လာပြီးCDMလုပ်နေတဲ့သူတွေ၊ထောက်ပံ့ပေးနေတဲ့သူတွေကိုလာရောက်ရှာဖွေကြောင်းရှင်းပြပါတယ်။အသက်၁၆နှစ်အထက်ရှိတဲ့ယောက်ျားလေးမှန်သမျှကိုလည်းဖမ်းခေါ်သွားပြီးစစ်တပ်ထဲအတင်းအဓမ္မဝင်ခိုင်းပါတယ်။ ဆရာမနဲ့သူမသူငယ်ချင်းကတော့ထွက်ပြေးလွတ်မြောက်ခဲ့ပြီး စစ်သားတွေရှာမတွေ့နိုင်တဲ့တောနက်ထဲသို့ဝင်ရောက်ပုန်းခိုခဲ့ပါတယ်။သူမကမုဆိုးလုပ်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ဦးလေးတစ်ဦးကိုအနည်းငယ်မျှသိပါတယ်။ အဲ့ဒီလူကိုရှာပြီးသူ့နေရာမှာပုန်းမယ်လို့ကြံရွယ်ထားခဲ့ပါတယ်။

ထောက်ပံ့မှုကိုအရေးတကြီးလိုအပ်နေတဲ့သူနာပြုဆရာမနဲ့ လှူဒါန်းငွေတွေကိုဖြန့်ဝေပေးနေတဲ့စေတနာလုပ်အားရှင်တစ်ဦးကအဆက်အသွယ်ရခဲ့ပါတယ်။သူမက အနီးနားမှာစစ်သားတွေရှိနေတာကြောင့် လူလုံးထွက်ပြလို့မရတဲ့အတွက် သူမတို့ကိုရှာတွေ့ဖို့ဂိုက်တစ်ယောက်ငှားခဲ့ပါတယ်။အကာအကွယ်အင်္ကျီနဲ့ လုံခြုံရေးသံခမောက်လုံးကလွဲရင်ဘာအကာအကွယ်မှမပါဘဲ သူတို့တွေဟာတောထဲကိုခြေလျင်သွားခဲ့ကြပြီး ဒီစခန်းမှာပုန်းနေကြတဲ့ဆရာမတစ်ယောက်အပါအဝင်တခြားသောအမျိုးသမီးတွေကိုပါရှာတွေ့ခဲ့ပါတယ်။ဆရာမက အစိုးရအလုပ်သမားကောလိပ်ကနေ B.Edဘွဲ့ရခဲ့ပြီး သူမရဲ့ဇာတိရွာလေးမှာဆင်းရဲနွမ်းပါးတဲ့လူတွေကိုပညာသင်ပေးနေခဲ့တာပါ။အခုအချိန်မှာတော့မှန်ကန်တဲ့ဖက်ကရပ်တည်ပြီး တရားမဝင်အာဏာသိမ်းထားတဲ့စစ်တပ်အောက်မှာဘယ်လိုနည်းနဲ့မှအလုပ်မလုပ်နိုင်ဟုငြင်းဆိုခဲ့ပါတယ်။

" ဒီလိုရဲရင့်ပြီးပညာရှိတဲ့အမျိုးသမီးတွေနဲ့တွေ့ဆုံရတာကို တကယ်ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ အဲ့ဒီကိုရောက်ဖို့အန္တရာယ်တွေရှိခဲ့ပါတယ်။ တောနက်ထဲကိုဝင်ဖို့ဆိုတာ အင်မတန်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့လှူဒါန်းမှုတွေကိုတော့ လွတ်လပ်ခွင့်အတွက်ရဲရင့်စွာရပ်တည်နေကြတဲ့သူတို့ကိုထောက်ပံ့ပေးဖို့အသုံးချနိုင်ခဲ့ပါတယ်။" ဟုနောက်ပိုင်းမှာ ထိုစေတနာလုပ်အားရှင်လေးကကျွန်တော်တို့ကိုပြောခဲ့ပါတယ်။