မန္တလေး CDM ဆရာများ အရေးတကြီးလိုအပ်နေပါတယ်

မန္တလေး CDM ဆရာများ အတွက်ထောက်ပံ့ငွေများကို ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းတစ်ဦးထံမှ အောက်ပါအသနားခံစာကို ကျွန်ုပ်တို့ရရှိခဲ့ပါသည်။

“ လက်ရှိမန္တလေးတက္ကသိုလ်က ဆရာ၊ ဆရာမ ၃၉၄ ဦးနဲ့ အုပ်ချုပ်ရေး၀န်ထမ်းတွေကို စစ်ကောင်စီက CDM လှုပ်ရှားမှုမှာပါ၀င်လို့ အလုပ်ကရပ်စဲလိုက်ပါတယ်။ လစာငွေမရှိကြတဲ့အပြင် စစ်တပ်က ဖမ်းဝရမ်းထုတ်လိုက်လို့ တချို့လုံခြုံရေးအတွက် တိမ်းရှောင်ပုန်းအောင်းနေကြရပါတယ်။

ဒီအဖွဲ့ရဲ့ သုံးပုံနှစ်ပုံမှာ မိသားစု၀င် ၃ ဦး ကနေ ၇ ဦး အထိရှိပါတယ်။ ဒီလစာပေါ်မှာ လုံးဝမှီခို နေကြရသူများ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ပူးပေါင်းပြီး “မန္တလေးတက္ကသိုလ် CDM ထောက်ပံ့ရေးအဖွဲ့” ကိုစတင်ခဲ့ပြီး လူ ၂၆၀ အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်လှူဒါန်းခဲ့ပြီးပါပြီ။

အခုလက်ထဲမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ပဲကျန်ပါတော့တယ်။ နိုင်ငံစီးပွားရေးကျဆင်းမှုနဲ့ CDM လှူဒါန်းတာတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတာတွေကြောင့် ပြည်တွင်းမှာ ရန်ပုံငွေရှာဖွေဖို့ အခက်အခဲတွေအများကြီးရှိလာပါတယ်။ ဒီအကြောင်းတွေကြောင့် ကျနော်တို့ရဲ့ လွတ်လပ်မှု ဆုံးရှုံးခြင်းနဲ့ လွတ်လပ်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဒီတိုက်ပွဲကို ကူညီပါရန် နိုင်ငံခြားစာဖတ်သူများကို အရေးပေါ် အသနားခံတောင်းခံ လိုက်ရပါတယ်။

မြန်မာပြည်စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ သူတို့ရဲ့အလုပ်တွေကို စွန့်လွှတ်လိုက်ကြတဲ့ ဒီ၀န်ထမ်းများကို မိတ်ဆွေများ အကူအညီပေးနိုင်မယ်ဆိုရင်  ကျနော်အထူးပဲ ကျေးဇူးတင်မှာပါ။”