အတိမ်းအစောင်းမခံသောအချိန်

လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း အရေးတကြီးလိုအပ်နေသော CDM လုပ်သားများကို ပံ့ပိုးမှုပေးနေသည့် စေတနာ့ဝန်ထမ်းများထံမှ အရေးပေါ်သတင်းစကားများကိုကျွန်ုပ်တို့ရရှိနေပါသည်။ ယခုအချိန်တွင် အရေးအခင်းကာလ ရက်ပေါင်း ၁၀၀ ကျော်၊ လေးလပိုင်း ထဲသို့ ရောက်နေပြီ ဖြစ်သည်။ ထို၀န်ထမ်းများစွာသည် ယခုနှစ်ပထမလမှစ၍ လစာမရရှိခဲ့ကြသည့်အပြင် မိသားစုများနှင့် ခွဲခွာနေရပြီး၊ စစ်သားများလိုက်လံရှာဖွေဖမ်းဆီးနေ၍ နေအိမ်များမှ တိမ်းရှောင်ပုန်းအောင်း နေကြရသည့်အဖြစ်များနှင့် ကြုံနေရပါသည်။  သို့တိုင် သူတို့သည် အကြမ်းဖက်စစ်ကောင်စီ အတွက်အလုပ်မလုပ်ဟု ငြင်းဆန်၍ ဆက်လက်ဆန့်ကျင်နေကြသည်။ ယခုလို အခက်အခဲကြားမှ သူတို့၏ ယုံကြည်ချက်ပေါ် ရပ်တည် ရုန်းကန်လှုပ်ရှားနိုင်ခြင်းမှာ မိတ်ဆွေများ၏ ကြင်နာမှုဖြင့် ရက်ရောစွာလှူဒါန်းသောအလှူငွေများ ကြောင့်လည်းဖြစ်ပါသည်။  

တော်လှန်ရေးလှုပ်ရှားမှုအစဦးတွင် CDM အထောက်အပံ့များ အလုံးအရင်းဖြင့်ဝင်လာခဲ့သော်လည်း အချိုန်ကြာလာ၍နောက်ပိုင်းတွင် အလှူငွေများ စတင်ခန်းခြောက်လာသည်။ CDM လုပ်သားများတွင် ကိုယ်ပိုင်ပစ္စည်းအင်အားနှင့် အခြားပြင်ပဝင်ငွေမရှိကြသောကြောင့် မည်သို့ဆက်လက်ရပ်တည် ရှင်သန်ရမည်မသိ ဖြစ်နေကြသည်။ သူတို့၏လှုပ်ရှားမှုကို ပိုမိုခက်ခဲစေသည်မှာ အထက်အရာရှိများက backpay ပေးမည်ဟု ကတိပေးဆွဲဆောင်၍ ဝန်ထမ်းများ၏စိတ်ဓာတ်ကို ချေဖျက်ရန် ကြိုးစားလာကြခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်းများသည် ရန်ပုံငွေ ဆက်လက်ရရှိရေးကို အရေးတကြီးတောင်းခံနေကြသည်။ လစဉ်လှူဒါန်းသည့် ကတိကဝတ်များမှာ အထူးအသုံးဝင်သည်။ ဤအခြေအနေကို စေတနာ့ဝန်ထမ်းတစ်ဦး၏ အောက်ပါမက်ဆေ့ချ်တွင် ထင်ဟပ်နေသည် -

“ အခုတော်လှန်ရေးကာလရက် ၁၀၀ ကျော်သွားပြီ။ လူတွေလည်းပင်ပန်းနေကြပြီ။ CDM ၀န်ထမ်းများနဲ့ အလှူရှင်များလည်းပင်ပန်းနေပြီဖြစ်တယ်။  တချို့ဝန်ထမ်းတွေ အလုပ်က ထုတ်ပယ်ခံရပြီး တချို့ကို အလုပ်ကဆိုင်းငံ့ထားတာ ခံရပါတယ်။ CDM ထောက်ပံ့ရေး အဖွဲ့အစည်းများက လက်တွေ့ မတုံ့ပြန်နိုင်သေးတဲ့ အကူအညီတောင်းခံနေဆဲ CDM ၀န်ထမ်းများစွာရှိနေပါတယ်။ အထူးသဖြင့် အနိမ့်ဆုံးလစာအပေါ်မှီခိုနေသူများ၊ ဆင်းရဲနွမ်းပါးသူများနဲ့ မိသားစုကြီးသူများအတွက် နေ့စဉ်ရပ်တည်ရန်ပင် အခက်အခဲတွေကြုံနေကြောင်းတွေ့ရပါတယ်။

ရလဒ်အနေနဲ့ လူအများအပြား CDM ကိုမရပ်တည်နိုင်တော့တဲ့ အခြအနေကိုရောက်လာပါတယ်။ တခြားရွေးစရာ လမ်းလဲမရှိတာကြောင့် တချိုန်ကလုံးဝငြင်းဆိုခဲ့တဲ့ ရုံးပြန်တက်ခြင်းကို ပြန်စဉ်းစားနေကြရပါတယ်။ အလှူရှင်နဲလာသလို တစ်ကြိမ်လှူဒါန်းသူတွေရဲ့ ငွေတွေလည်း ဝေငှပြီး​ဖြစ်နေလို့ CDM ၀န်ထမ်းတွေကို လစဉ်ထောက်ပံ့ဖို့ အာမခံဖို့ ခက်ခဲလာပါတယ်။ သူတို့ကို လစဉ်ထောက်ပံ့နိုင်မယ်လို့ ကျနော်တို့ အာမခံနိုင်မယ်ဆိုရင် သူတို့ CDM ကိုယုံကြည်စိတ်ချစွာ ဆက်လုပ်နိုင်မှာပါ။

အဲဒါကြောင့် လစဉ်လှူဒါန်းနိုင်တဲ့ အလှူရှင်များ အလိုရှိနေပါတယ်။ အစိုးရ၀န်ထမ်းတစ်ဦးကို တစ်လလျှင်ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ မိတ်ဆွေများ လစဉ် အနည်းငယ်သာတတ်နိုင်ရင်လည်း အနည်းငယ်တတ်နိုင်သလောက်လေး လှူဒါန်းနိုင်ပါတယ်။ ၀န်ထုပ်ဝန်ပိုးလည်း မဖြစ်စေရပါ။  

ဌာနစုံအသီးသီးမှ လူများစွာအပြင် နေ့စဉ်နေ့တိုင်း ဖုန်းဆက် အကူအညီတောင်းနေသူများလည်း ရှိနေပါတယ်။ ”