များအတွက်မေတ္တာရပ်ခံချက်

ကျွန်တော်တို့ရဲ့ ရန်ပုံငွေတွေကို ဌာနပေါင်းစုံက CDM ဝန်ထမ်းတွေကို လွှဲပြောင်းပေးနေတဲ့ စေတနာ့၀န်ထမ်းတစ်ဦးက  အောက်ပါအရေးပေါ် မက်ဆေ့ချ်ကို တင်ပေးဖို့ ပို့လိုက်ပါတယ်။ မိတ်ဆွေတို့ရဲ့ လှူဒါန်းမှုက ဆန္ဒပြသူတွေရဲ့လက်ရှိအခက်အခဲများကြားမှ  သူတို့ရဲ့ ဒီမိုကရေစီအိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့  ကူညီနေတာကြောင့် လှူဒါန်းသူများအားလုံးကို  ကျွန်တော်တို့ အထူးဘဲ ကျေးဇူးတင်ပါတယ်။ သို့သော်လဲ ရှေ့မှာခက်ခဲတဲ့လမ်းကရှိနေဆဲဖြစ်ပြီး၊ ဒီအသနားခံချက်အရ  လူအများစုက အခုအချိန်မှာ တောင့်ခံနေနိုင်သေးသော်လည်း တည်းတည်းသာရှိပါတော့တယ်။

 ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းက ရာထူးမှဖယ်ရှားခံရတဲ့ အလုပ်သမားတွေရဲ့အမည်စာရင်းကို ဖော်ပြထားတဲ့ စာမျက်နှာနှစ်မျက်နှာပါ စာရွက်စာတမ်းများကိုလဲ တင်ပေးပါရန် တောင်းဆိုခဲ့ပါတယ်။ တချို့ဝန်ထမ်းများဆိုရင် နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့ပြီး ပင်စင်နားပင်နီးနေသူများ ဖြစ်ကြပါတယ်။  

“ ကျွန်တော် မြို့အသီးသီးက ဌာနတော်တော်များများက CDMer ၁၁၀ နဲ့အဆက်အသွယ်ရှိပါတယ်။ နောက်ဆုံးပေါ် update အရ သူတို့ထဲက ၆၃ ယောက်ဟာ အလုပ်ပြန်ဆင်းပြီး ပုံမှန်ဘဝအတိုင်း ပြန်နေကြပါပြီ။ ကျန်တဲ့သူတွေက ဌာနဆိုင်ရာတွေကနေ ထုတ်ပယ်တာကိုခံလိုက်ရပါတယ်။ ကျန်ရှိနေတဲ့ ဝန်ထမ်းများ အထူးသဖြင့် တစ်ကိုယ်ရေသမားများက လက်နက်ကိုင်တပ်ဖွဲ့များကို ဝင်ရောက်ဖို့ စဉ်းစားနေကြပါတယ်။  အိမ်ထောင်ရှိသူတွေကတော့ မိသားစုတာဝန်ဝတ္တရားတွေကိုပစ်ပြီး အဲဒီစခန်းတွေကို မသွားနိုင်ကြပါဘူး။  အဲဒါအပြင် ကျွန်တော် ပညာရေးဌာနက ဆရာဆရာမ ၄၉၀ နဲ့လည်း အဆက်အသွယ် ရှိပါတယ်။

သူတို့ ကျွန်တော့်ကို ပြောတာက ပြင်ပအလှူရှင်တွေဆီက ဘာအကူအညီမှမရလဲ သူတို့ဆက်ပြီး တောင့်ခံသွားမှာပါဘဲတဲ့။ ပြည်သူကရွေးကောက်တင်မြှောက်တဲ့အစိုးရ ပြန်တက်တဲ့အချိန်အထိ သူတို့ ရပ်တည်သွားမယ်လို့ပြောပါတယ်။

ဘယ်အဖွဲ့အစည်းကမျှ သူတို့ကို မကူညီနိုင်သေးတာကြောင့် သူတို့ကိုယ်စားကျွန်တော် အလှူငွေတောင်းခံ လိုပါတယ်။  ဒီဆင်းရဲတဲ့အစိုးရ၀န်ထမ်းတွေမှာ ယခုအချိန် ကျွန်တော်တို့သာ အားကိုးရာရှိပါတယ်။ ဒီသူရဲကောင်းတွေဟာ ဒီတိုက်ပွဲကို အဆုံးတိုင်အောင်တတ်နိုင်သမျှ တိုက်သွားကြလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော့မှာ ဘယ်နေရာကမှ အကူအညီမရသေးတဲ့ CDMers စာရင်းရှိပါတယ်။ ကျွန်တော်တို့ ဒီကရနိုင်မယ်လို့မျှော်လင့်ပါတယ်။ အာဏာလုစစ်ကောင်စီကို အနုနည်းနဲ့ ဆန့်ကျင်သပိတ်မှောက်နေကြတဲ့

ဒီ CDMers တွေကိုယ်စား ကျွန်တော်တောင်းခံလိုက်ပါတယ်။”

Shwe Lan Ga LayComment