ရန်ကုန်မြို့ကတက်ကြွလှုပ်ရှားသူတွေကိုဘာလင်မြို့က စားပွဲတလုံးကဘယ်လိုအကူအညီပေးနေသလဲ

ဆိုဖီယာ  ဇွန်လပထမဆုံးစနေနေ့က ဘာလင်မြို့မှာ ဘာတွေလုပ်ဆောင်ခဲ့သလဲ ဆိုတာကြားရလို့ ကျွန်တော်တို့ အလွန်ဝမ်းသာမိပါတယ်။ သူမဟာ တရားအားထုတ်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေသူလဲဖြစ်ပါတယ်။ အခုလဲ မြန်မာနိုင်ငံကို ပြန်လည်ပေးဆပ်ဖို့ ဘာတွေလုပ်နိုင်တယ်ဆိုတာကို စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သူမရဲ့ “ဂျာမနီပြည်သူများရဲ့ နှလုံးသားထဲမှ မြန်မာပြည်သူများရဲ့ နှလုံးသားထဲသို့”  ဗီဒီယိုအပြင် ကျွန်တော်တို့ရဲ့ podcast အစီအစဉ်တွေမှာလဲ အကူအညီပေးနေရင်း အခုလိုအခက်အခဲတွေမှာ ဘယ်လိုနည်းနဲ့ ထပ်မံထောက်ပံ့နိုင်ဦးမလဲဆိုတာကိုလဲ စဉ်းစားနေသူတဦးဖြစ်ပါတယ်။

ဒီနေ့ သူမက Silent Rixdorf Garden က ပွဲတခုမှာ စားပွဲတလုံးချပြီး ပျားရည်၊ လက်ဝတ်လက်စား၊ ဆပ်ပြာ နဲ့ vegan အသီးအရွက်နဲ့ဘဲလုပ်ထားတဲ့ အချိုတွေကိုရောင်းပြီး ရလာတဲ့ရောင်းရငွေအားလုံးကို Better Burma nonprofit ကို လှူဒါန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေသူများစွာအတွက် အရေးပေါ် ရန်ပုံငွေ ဘယ်လောက်ပဲဖြစ်ဖြစ်လိုအပ်နေချိန်ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက ဒီချစ်စရာပစ္စည်းလေးတွေ ဝယ်ယူကြသူတွေ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့တွေ စစ်အာဏာလုမှု ၅လထဲဝင်လာချိန် မြန်မာနိုင်ငံက အရေးပေါ်အခြေအနေတွေနဲ့ တွေ့ကြုံနေရတဲ့ လူပေါင်းများစွာကိုလဲ တနည်းနည်းနဲ့ အကူအညီပေးနိုင်လာလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

ဆိုဖီယာရဲ့ အလုပ်ကလေးက ကျွန်တော်တို့ကို အလုပ်ကြီးသည်၊ငယ်သည် ပမာဏမဟုတ် လူတိုင်း ကိုယ့်အခြေအနေပေါ်မူတည်ပြီး တစ်ခုခုလုပ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။ မိမိတို့ရဲ့ မြို့ရွာမှာ ရန်ပုံငွေရှာလှုပ်ရှားမှုကို စတင်လိုရင် အွန်လိုင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ကျွန်တော်တို့ကို အသိပေးရင် ကျွန်တော်တို့ ရှယ်ပေးပါမယ်။

Picture1.jpg
Shwe Lan Ga LayComment