MWPS Commentary

Insight Myanmar Podcast မှထုတ်လွှင့်ခဲ့သော (Women Peace & Security) အဖွဲ့၏ အမျိူးသမီးတို့၏ငြိမ်းချမ်းရေး၊ လုံခြုံရေးပဋိပက္ခစိန်ခေါ်ချက်များအကြောင်း ဆွေးနွှေးမှုအပိုင်း(၁)

နိုင်ငံရေး အကျပ်အတည်း၊ ကိုဗစ်ရောဂါနှင့် ပဋိပက္ခများအတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးစိန်ခေါ်မှုပေါင်းစုံကို ခံစားနေကြရပါတယ်။ ထိုအထဲမှ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ LGBTQများနှင့် အစဉ်အလာအရဖယ်ကျဉ်းခံရအုပ်စုများအတွက် အထူးလိုအပ်ချက်တွေပိုပြီးတော့ရှိနေတာဖြစ်ပါတယ်။ လက်ရှိကာလအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေရဲ့ မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုတွေကဘာတွေလဲဆိုတာကို မြန်မာပြည်ရဲ့ နေရာဒေသအလိုက်တွေ့ကြုံရမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အမျိုးသမီးခေါင်းဆောင်များက မြေပြင်အခြေအနေများကိုဆွေးနွှေးတင်ပြသွားမှာဖြစ်ပါတယ်။

ဆွေးနွှေးမှုကိုခေါင်းစဉ်(၃)ခုဖြင့်အဓိကထားဆွေးနွှေးထားပါတယ်။ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေရဲ့ ကျားမကွဲပြားမှုဆိုင်ရာ လိုအပ်ချက်များ၊ စိုးရိမ်မှုများ၊ မလုံခြုံမှုတွေနဲ့ စိန်ခေါ်မှုတွေကဘာတွေလဲ၊ ကျားမအခြေပြုအကြမ်းဖက်မှု (Gender Based Violence) ဖြစ်လာတဲ့အခါ အမျိုးသမီးတွေရဲ့ တိုင်ကြားနိုင်မှုနဲ့ ဝန်ဆောင်မှုရယူနိုင်မှုအခြေအနေများနှင့်၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အမျိုးသမီးများ၏ လုံခြုံရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းပုံများကို အမေးအဖြေများဖြင့် စကားဝိုင်းပုံစံဆွေးနွေးထားပါတယ်။

[English Version]

Discussion of challenges faced by women during political unrest and a world-wide pandemic by Women Peace & Security Group broadcasted in Insight Myanmar Podcast Episode (1)

This podcast sheds light on Myanmar’s political conflicts and the impact of the COVID-19 pandemic on women. Women from different walks of life, including activists, children, and members of the LGBTQ community have been actively contributing to building a peaceful and secure society in Myanmar. Current issues of gender-based violence and efforts to take legal actions against it and the empowerment of women in both urban and rural areas are addressed in this podcast. Real-life stories and experiences of women who are working to make a positive change in their communities are featured.

Shwe Lan Ga LayComment