အညာဆောင်းအအေးဒဏ်နှင့် စစ်ဘေးရှောင်ဒုက္ခများ

အညာဆောင်းအအေးဒဏ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏အခြေအနေ ဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များ၏စစ်ကြောင်းထိုးတိုက်ခိုက်မှုပြင်းထန်လျက်ရှိသော

မြန်မာနိုင်ငံအလယ်ပိုင်းစစ်ကိုင်းတိုင်း ဝက်လက်မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်များ၏ မကြာခဏစစ်ကြောင်းထိုးလှုပ်ရှားမှုများရှိပါသည်။ 

လွန်စွာမှအအေးပိုသော ဆောင်းရာသီအချိန်အခါတွင် မိမိတို့၏နေရပ်ကျေးလက်ဒေသများကို စွန့်ခွာပုန်းရှောင်နေရသည့် မြောက်များစွာသောစစ်ဘေးရှောင်ပြည်သူများမှာ ၂၀၀၀ ကျော်ရှိပါသည်။ 

အဆိုပါစစ်ဘေးရှောင်ပြည်သူအများအပြားသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံပြီး

စားနပ်ရိက္ခာမလုံလောက်မှု အဝတ်အထည် လူသုံးကုန် ဆေးဝါးများစုံလင်မှုမ ရှိပဲတိမ်းရှောင်နေထိုင်လျက်ရှိနေကြသည်။ 

စစ်ပွဲဒေသဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိခြင်း လူသုံးကုန်များဝယ်ယူရန်အဆင်မပြေခြင်း ငွေလွှဲငွေထုတ်ရန်ခက်ခဲခြင်း စသော အခြေအနေများရှိပါသည်။ 

လူအသုံးအဆောင်ပစ္စည်းများဖြစ်သည့် အနွေးစောင်အပါးများကိုသာ လက်တလောတွင် အလှူခံနေပါသည်။ အဘယ်ကြောင့် ဆိုသော် စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုဦးရေမှာ 60% ရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် ဆောင်း၏အချမ်းဒဏ်ကို ခံနိုင်ခြင်းမရှိပေ။

Shwe Lan Ga LayComment