Mugyi village in Welet Township

မိမိတို့ပိုင်ဆိုင်သော အိမ်များကို တခြားလူတစ်ယောက်က မီးရှို့နေပြီဆိုလျင် သင်ဘာလုပ်ပါမည်နည်း။ ရဲတိုင်မလား၊ စစ်သားတွေကို တိုင်မလား။ အကယ်လို့ စစ်သားတွေရဲတွေက သင့်အိမ်ကို မီးရှို့နေပြီဆိုလျင် သင်ဘာလုပ်မလဲ။ ယခုကဲ့သို့ အဖြစ်အပျက်များသည် မြန်မာနိုင်ငံတစ်ခုလုံးတွင် ဖြစ်ပျက်နေပါသည်။ 

စစ်ကောင်စီတပ်များ ဝင်ရောက်သွားပြီးနောက် မူးကြီးကျေးရွာ၏လက်ရှိအခြေအနေများမှာ ဆိုးဝါးလျက်ရှိပါသည်။ ၂၈ ရက်နေ့ ၁၁ လပိုင်း ၂၀၂၂ ခုနှစ် တနင်္လာနေ့တွင် စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မူးကြီးကျေးရွာဆီသို့ စစ်ကြောင်းဝင်ရောက်သဖြင့် ပျက်စီးဆုံးရှုံးမှုမြောက်များစွာဖြစ်ပေါ်ခဲ့ပါသည်။ 

အဆိုပါဖြစ်စဉ်တွင် မူးကြီးကျေးရွာအတွင်းနေထိုင်လျက်ရှိသော ကျေးလက်နေပြည်သူအများအပြားသည် မိမိတို့၏ အသက်ဘေးအားကာကွယ်ရန် အိုးအိမ်ပစ္စည်းဥစ္စာများကို စွန့်ခွာခဲ့ရပါသည်။ ဘေးလွတ်ရာအတွက် စခန်းများတွင် ထွက်ပြေးပုန်းရှောင်ရပါသည်။ စခန်းများမှာလည်း ယာယီဖြစ်သောကြောင့် နေထိုင်ရသည်မှာလည်း အခက်အခဲဖြစ်နေကြပါသည်။ 

မိမိတို့၏ အိမ်များ၊ အဆောင်အဦးများကို ဖျက်ဆီးသွားသည့်အပြင် လက်ဝတ်လက်စားများကိုလည်း ယူဆောင်သွားခဲ့ကြပါသည်။ အဆိုးဝါးဆုံးမှာ အသက် ၈၅ နှစ်ခန့်ရှိပြီဖြစ်သော အဖွားအိုးဒေါ်အေးကြင် သည် စစ်ကြောင်းများဝင်လာချိန်တွင် မပြေးနိုင်သဖြင့် တစ်ယောက်ထဲကျန်ခဲ့ကာ မီးလောင်ဒဏ်ရာများနှင့် သေဆုံးခဲ့ရပါသည်။ 

ပျက်ဆီးဆုံးရှုံးမှုစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် နေအိမ်အလုံးပေါင်း ၁၇၀ ၊ အိမ်မွေးတိရစ္ဆာန်များ အပါအဝင် နွားအကောင်ရေ ၁၀၅ ခန့်  တို့ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်အားလုံးကို မူးကြီးကျေးရွာနေ စစ်ဘေးရှောင်ပြည်သူများထံမှ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ အသံဖိုင်များမှ တဆင့်သိရှိရပါသည်။

Shwe Lan Ga LayComment