"ထို့ကြောင့်လည်း အလှူငွေပို့သူများ အလှုရှင်များလည်း နည်းပါးနေပါသည်။"

အဖွဲ့၏အလှူငွေများကို မိမိတို့၏ တရားစခန်းအတွက်အသုံးပြုမည်ဟု ရည်မှန်းထားသော်လည်း ပတ်ဝန်းကျင်ရွာများမှာ စစ်ကောာင်စီကြောင့် ဒုက္ခရောက်လျက်ရှိသောကြောင့် ဆရာတော်သည် လူအများကို ကူညီရန် မိန့်ကြားခဲ့ပါသည်။ ထိုကြောင့် စစ်ဘေးရှောင်မိသားစုများအတွက် နေထိုင်စရာရှိရန် ယာယီအိမ်သုံးလုံးဆောက်ရန် အသုံးပြုထားပါသည်။ ယာယီအိမ်ဆောက်ရာတွင် ဒေသပေါက်စျေးဖြင့် အိမ်လေးလုံးရရှိခဲ့ပါသည်။ မင်းရွာတွင် အိမ် ၃ လုံး နှင့် ရွာနန်းတွင် အိမ် ၁ လုံး ဆောက်လုပ်ထားရှိပါသည်။ 

ထိုသို့ဆောက်လုပ်ထားမှုကို စစ်ဘေးရှောင်မိဘ များက Better Burma ၏ အလှူရှင်များကို အခုလို “ယခု ယာယီအိမ်ကို အလှူရှင် Better Burma မှ လှူဒါန်းပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။ အလှူရှင်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ နှင့် ပြည့်စုံကြပါစေကြောင့် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။” ပြောကြားခဲ့ပါသေးသည်။

ဆောက်လုပ်ထားသည့်ရွာများမှာ အင်တာနက်ဖြတ်တောက်ခံရသည့်အတွက် ဆက်သွယ်ရေးမှာ အဆင်မပြေဖြစ်နေသောကြောင့် ပြီးဆီးမှုအခြေအနေများကို သိရှိရန် ခက်ခဲလှပါသည်။ အခုရရှိသောပုံများသည်လည်း အသက်စွန့်ခံပြီးရလာသော ပုံများဖြစ်သည်ကို စာဖတ်သူတို့ သိစေချင်ပါသည်။ စစ်ကောင်စီတပ်များ၏ စစ်ဆေးမှုသည် လူနှင့် လူတွင်ပါလာသည့် ပစ္စည်းများနှင့်ပင် မပြီး လက်ကိုင်ဖုန်းထဲရှိ Gallery များ Facebook Message များ SMS များ အစရှိသည့် အထိပါ ဝင်ကြည့်ပါသည်။ မသင်္ကာပါက  ရိုက်နပ်ထုထောင်းပြီး ဖမ်းဆီးခေါ်သွားလေ့ရှိပါသည်။ အသာတကြည်မလိုက်ပါက စစ်ဆေးသည့်နေရာတွင်ပင် ပစ်သတ်သည့် ဖြစ်စဉ်များရှိပါသည်။ ထို့ကြောင့်လည်း အလှူငွေပို့သူများ အလှုရှင်များလည်း နည်းပါးနေပါသည်။

Shwe Lan Ga LayComment