ကျွန်မတို့‌နေခဲ့တဲ့ မြန်မာပြည်

မြန်မာနိုင်ငံ - လျှို့ဝှက်မှုများနှင့် ပိတ်ဖုံးနေခဲ့သော ဤတိုင်းပြည်သည် ရာစုနှစ်တစ်ဝက်နီးပါး အထီးကျန်ရပ်တည်၍ လွဲမှားစွာ ရှုမြင်နားလည်မှုများ ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေပွေလို ဖူးစာဆုံခဲ့ပြီးနောက် သြစတြေးလျလူမျိုး သတင်းစာဆရာမ ဂျက်စီကာ မက်ဒစ်နှင့် သူမ၏ အမျိုးသား ရှာပါတို့သည် ၂၀၁၂ တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုအချိန်သည် စစ်အစိုးရက ၎င်းတို့၏ သံမဏိ အာဏာစက်ကို စတင် ဖြေလျှော့ပေးနေသည့် ကာလလည်း ဖြစ်သည်။ အခြေအနေမှာ အရှုံးအမြတ် အလဲအထပ် ကြီးမားသည့် ပတ်ဝန်းကျင်ဖြစ်ပြီး ရှုပ်ထွေး၍ ကစဥ့်ကလျား နိုင်သလောက် စိတ်လှုပ်ရှားဖွယ်၊ အံ့သြဘနန်းခံစားမှုများ ပြည့်နေသည့် ဘဝလည်း ဖြစ်သည်။

မြန်မာတိုင်းမ် ၏ မြန်မာလူမျိုး အယ်ဒီတာ ထောင်ထဲမှာပင်ရှိနေသေးခိုက် ထိုသတင်းစာ၏  လက်ဟောင်း နိုင်ငံခြားသား အယ်ဒီတာ အဖွဲ့လေးတွင် ဂျက်စီကာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သတင်းယူနေချိန်ဖြစ်စေ၊ မြွေဟောက်များအနီးသို့ စွန့်စွန့်စားစား ကပ်သွားရချိန်ဖြစ်စေ၊ မြန်မာ မော်ဒယ်များနှင့် သတင်းစာမျက်နှာဖုံးပုံများ ရိုက်နေချိန်ဖြစ်စေ၊ သို့မဟုတ် ပုဂံမှ နှစ်ထောင်ချီသက်တမ်းရှိ ဘုရားပုထိုးများ အပေါ်သို့ တက်နေချိန်ဖြစ်စေ အချိန်တိုင်းတွင် ဂျက်စီကာသည် လျင်မြန်စွာပြောင်းလဲနေသော မြန်မာနိုင်ငံ၏ ညှို့ငင်မှုနှင့် အတူ စိန်ခေါ်မှုများကိုပါ ထိတွေ့ရင်ဆိုင်ရသည်။

သို့သော် သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည့်အခါတွင်မူ ဒီမိုကရေစီသို့ သွားရာလမ်းမှာ အကွေ့အကောက်၊ အမှားအယွင်းများဖြင့် ပြည့်နှက်နေကြောင်း ထင်ရှားလာသည်။ မြင့်တက်လာသော ဗုဒ္ဓဘာသာ အစွန်းရောက်ယုံကြည်မှုများက သူတို့၏ ကိုယ်ရေးကိုယ်တာ ဘဝကို သက်ရေ

 
Shwe Lan Ga LayComment