Spouses Of Peoples' Soldiers

Spouses Of Peoples' Soldiers အဖွဲ့ အကြောင်းနှင့် တည်ထောင်ခဲ့သူ မဆုသစ်၏ အကြောင်းကို Insight Myanmar Podcast ၏ Episode 92 တွင် နားခဲ့ကြပြီး ဖြစ်ပါသည်။  မဆုသစ် နှင့် ကိုထက်မြတ်သည် အစောပိုင်းကာလတွင်ပင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ခဲ့သော စစ်တပ်မိသားစုများမှ မိသားစုတစ်ခုအပါအဝင်ဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်ကို မိတ်ဆွေများ သိရှိပြီးသား ဖြစ်ပါသည်။ ပြည်သူဝန်ထမ်းများသည် အာဏာသိမ်းသည်ကို သိရှိသည်နှင့် Civil Disobedience Movement များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ထိုအထဲတွင် စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်သော စစ်သားများလည်း ပါဝင်ခဲ့ကြပါသည်။  အချိန်ကာလ ၁ နှစ်ကျော် ၂ နှစ်အတွင်း CDM ဝင်ရောက်လာသော စစ်သားများနှင့် သူတို့တို့၏ မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးအတွက် လွတ်မြောက်ရေးနယ်မြေများတွင် ခိုလှုံနေကြရပါသည်။ အချိန်ကာလကြာလာသည်နှင့် အမျှ လူအရေအတွက်များပြားလာသလို ထောက်ပံ့မှုများမှာလည်း အားနည်းလာခဲ့ပါသည်။ စစ်သားအချိူ့ဆိုလျင် အထက်လူကြီးများမသိအောင် စခန်းမှ တိုးတိုးတိတ်တိတ် ခိုးထွက်လာခဲ့ကြရသည့်အတွက် အဝတ်အစားများပါမလာခဲ့ကြပါ။  ထိုကြောင့် လွတ်မြောက်ရေးစခန်း ရောက်ရှိမှ စခန်းရှိတာဝန်ရှိသူတို့သည် အဝတ်အထည်များ စီစဉ်ပေးကြရပါသည်။ 

ယခုအခါတွင် Spouses Of Peoples' Soldiers အဖွဲ့မှ ဦးဆောင်ပြီး CDM ပြုလုပ်ခဲ့ကြသော စစ်သားများနှင့် မိသားစုများအတွက် အနွေးထည်များ လှူဒါန်းခဲ့ပါသည်။ အနွေးထည်များသည် အသစ်ဆိုလျင် Baht 200 မှ 300 ကြားအတွင်းရှိနေသောကြောင့် အရည်အသွေးကောင်းသော တစ်ပတ်နွမ်းအဝတ်များသည် တစ်ထည်လျင် Baht 60 မှ 100 ခန့်သာရှိသဖြင့် Budget နှင့်သင့်တော်သည့်အတွက် ဝယ်ယူခဲ့ပါသည်။ 

ထိုအဝတ်အထည်များကို လွတ်မြောက်နယ်မြေ CDM စခန်းသို့ ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ယခုလို ကူညီနိုင်အောင် အထောက်အပံ့တစ်ခုပေးအပ်ခဲ့သည့် Better Burma အားလည်းကောင်း စီစဉ်ပေးသော Spouses Of Peoples' Soldiers အဖွဲ့အား လည်းကောင်း CDM စစ်သည်များ က အထူးကျေးဇူးတင်ရှိပါသည်။ 

Shwe Lan Ga LayComment