ချင်းပြည်နယ်မှ ဖြစ်ရပ်ဆိုး

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံဖြိုးတိုးတတ်မှုအနည်းဆုံး ပြည်နယ်ဖြစ်ပါသည်။ ယခုအဖြစ်အပျက်သည် မင်းတပ်ခရိုင်တွင် ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်ဖြစ်ပါသည်။ မင်းတပ်ခရိုင်တွင် လွန်ခဲ့သော ၆ လခန့် က မြို့ကြီးများတွင် အကြမ်းဖက်စစ်ကောင်စီ က လက်နက်ကြီးများဖြင့်ပစ်ခက်ခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း အစရှိသည့် ကိစ္စများအတွက်ကြောင့် ပြည်သူလူထုသည် နီးစပ်ရာ ပုန်းကြရပါသည်။

စစ်ကြောင်းများမှာလည်း ရုတ်တရက်ဝင်လာသောကြောင့် မိမိတို့၏ပစ္စည်းတင်မက စားစရာသောက်စရာရိက္ခာများပါမသယ်နိုင်ခဲ့ပါ။ ထိုကြောင့် စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာမရှိသော ပြဿနာများ ရက်အနည်းငယ်အကြာတွင်ဖြစ်ပေါ်လာခဲ့ပါသည်။

သို့ရာတွင် ချင်းပြည်နယ်ရှိတိုင်းရင်းသားများသည် သေနတ်နှင့် ရင်းနှီးတဝင်ရှိကြပါသည်။ သေနတ်ဟု့ ဆိုရာတွင် စစ်သုံးသေနတ်များမဟုတ်ပဲ တူမီးခေါ် အမဲလိုက်သေနတ်များသာဖြစ်ပါသည်။ ထိုကြောင့် စစ်ဘေးရှောင်လူငယ် ၂၀ ခန့်သည် နွားနောက်အား ရိက္ခာအတွက် အမဲလိုက်ရန်အတွက် စခန်းမှ မနက်အချိန်ထွက်ခွာခဲ့ပါသည်။စခန်းတွင်ကျန်ခဲ့သော ပြည်သူများသည် ညနေဘက်အထိတိုင်အောင် ထိုလူငယ်များပြန်မလာသဖြင့် စခန်းရှိလူကြီးများနှင့် အမဲလိုက်ရာနေရာကိုထွက်ခဲ့ပါသည်။  ခရီးလမ်းတွင် စစ်တပ်၏ စစ်ကြောင်းနှင့်တွေ့ဆုံပြီး စစ်ဆေးမေးမြန်းရာ အမဲလိုက်လာတာပါဟု့ ပြောသောလည်း စစ်တပ်က လက်မခံပါ။ ထိုကြောင့် စစ်တပ်က တဖက်သက်ပစ်ခက်ခဲ့ရာ အဆိုပါ လူငယ် ၂၀ လုံးသေဆုံးသွားခဲ့ပါသည်။ စခန်းရှိလူကြီးများသည် မျှော်လင့်ချက်များဖြင့် လိုက်ပါသွားသော်လည်း သေဆုံးနေသော အသက်မဲ့ ခန္ဓာကိုယ်များသာတွေ့ရပါသည်။

Shwe Lan Ga LayComment