ဆင်စခန်းမှဒုက္ခသည်များ

2021 ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးတွင် စစ်မက်မီးများ ဆက်တိုက်ဆိုသလို လောက်ကျွမ်းလျက်ရှိရာ ကယားပြည်နယ် (ခေါ်) ကရင်နီပြည်ရှိ စစ်ဘေးရှောင်လူဦးရေမှာ တစ်နေ့ထက်တစ်နေ့တိုးလာလျက်ရှိပါသည်။

ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းများစွာထဲမှ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ဆင်စခန်းဟုခေါ်သော စစ်ဘေးရှောင်စခန်းတွင်  ရွာ ၁၂ ရွာအထိ စစ်ဘေးရှောင်လျက်ရှိပါသည်။ ထိုစခန်းရှိ ၁၂ ရွာတွင် စစ်ဘေးရှောင်ရေ စုစုပေါင်း ၄၀၂၇ ဦးရှိပြီး မသန်စွမ်း (၄၄)ဦး၊ နို့တိုက်မိခင် (၉၄)ဦး၊ ကိုယ်ဝန်ဆောင် (၂၅)ဦးတို့ပါဝင်ပါတယ်။ စခန်း၏ရိက္ခာလိုအပ်ချက်မှာ တစ်လလျင် အနည်းဆုံး ဆန်အိတ် ၃၅၀ အိတ်ခန့်

လိုအပ်ချက်ရှိကြောင်းသိရပါတယ်။ 

အခုရရှိသော အလှုငွေများအားလုံးကို စခန်းအတွက် အဓိကလိုအပ်သည့် စားသောက်ကုန်ဖြစ်သော ဆန်ကိုသာဝယ်ယူလိုက်ပြီး ကုန်စျေးနှုန်းအဆမတင်မြှင့်တင်မှုကြောင့် မျှော်မှန်းထားသလောက် ရိက္ခာမရရှိခဲ့ပါ။ ဆန်တစ်အိတ်လျှင် ၄၂၀၀၀ နှုန်းဖြင့် ဝယ်ယူရရန် ဆန် (၃၁) အိတ်ရရှိခဲ့ပြီး စခန်းရှိ အိမ်ထောင်စုအားလုံးအား ပေးဝေနိုင်ခြင်းမရှိခဲ့သော်လည်း အရေးပေါ်လိုအပ်နေသော အိမ်ထောင်စုများကို ဦးစားပေးပြီး လှုဒါန်းခဲ့ပါသည်။

ဆန်ကို လွိုင်ကော်မြို့ပေါ်တွင် ဝယ်ယူရတာဖြစ်သောကြောင့် ရိက္ခာသယ်ယူရာတွင်လည်း အခက်အခဲအများကြီး ကြုံတွေ့ခဲ့ရပါသည်။ မြို့ကနေ စခန်းကို ရိက္ခာသယ်ရာတွင် စစ်ကောင်စီ၏လှည့်ကင်းတပ်များနှင့် မတွေ့အောင် ရှေ့ပြေးများလွတ်ပြီး ထောက်လှမ်းသွားရပါသည်။ စစ်ကောင်စီတပ်များမှ ရိက္ခာသည်နေသည်ကို

တွေ့ရှိသွားပါက ဖမ်းယူသိမ်းဆီးခံရခြင်းများ၊ ထောက်ပို့များကို လူမသိအောင် သတ်ဖြတ်ခြင်းများလည်း မကြာခဏကို ဆိုသလိုကြုံတွေ့နေရပါသည်။ ဆင်းစခန်းကို ရောက်ရှိရန်အတွက် လွိုင်ကော်မှ တစ်ဆင့်ထဲသွားလာလို့မရနိုင်ပါ။ လမ်းတစ်ဝက်တွင် တောလမ်းနှင့် ပစ္စည်းတစ်ဆင့် သယ်ယူရပါသေးသည်။

မိုးရာသီဖြစ်သဖြင့် မိုးသည်းထန်စွာရွာပါကလည်း ကားနှင့်သွားလာလို့မရနိုင်တော့ပါ။ ထောက်ပို့လူငယ်များသည် နွားလှည်းနှင့်ပြောင်းကာ ပစ္စည်းများကို သယ်ယူရပါသည်။

ဆင်စခန်းစစ်ရှောင်ကော်မတီမှ BetterBurma နှင့် လှုဒါန်းသည့်မိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် နောက်နောင်အခွင့်အရေးများ ရှိပါက ထပ်မံအကူအညီပေးပါရန် မေတ္တာရပ်ခံကြောင်းကို ပြောကြားခဲ့ပါသည်။

Shwe Lan Ga LayComment