အခြေခံကျန်းမာရေးကုသခွင့် ပျောက်ဆုံးနေသော စစ်ဘေးရှောင်မိသားစုများ

တုပ်ကွေးကြောင့် သေဆုံးတဲ့လူဆိုတာ အခုလို ခေတ်ကြီးမှာ ရှားပါးနေပါပြီ။  ဒါပေမဲ့ အခုလို မြန်မာပြည် မိုးသည်းထန်စွာရွာနေတာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ဒုက္ခရောက်နေကြပါတယ်။ ငွေစျေးဖောင်းပွခြင်းနှင့်အတူ ဆေးဝါးများ၊ ကိရိယာများ အစရှိသည်တို့ စျေးတတ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း နည်းပါးခြင်း အစ ရှိသည်တို့ကြောင့် လည်း  ငှက်ဖျား၊ တုပ်ကွေဖျားနာ၊ ယားနာ ကဲ့သို့သော ရောဂါများလက်အောက်တွင် အသက်များဆုံရှုံးလျက်ရှိပါသည်။ 

ထိုအပြင် စစ်ဘေးရှောင်အများစုမှာ လယ်ယာလုပ်သားများ ဖြစ်သောကြောင့် ဆန်စပါးနှင့်ဟင်းသီးဟင်းရွက်များကို စိုက်ပျိူးကာ ရိက္ခာစုစောင်းမှုပြုလုပ်သော်လည်း ရေလျှံခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ လေယာဉ်ဖြင့်ဗုံးကျဲခြင်း အစရှိသည်တို့ ကြောင့်  စိုက်ပျိူးရန်အတွက် အခွင့်မသာပါ။ လတ်တလော မြေပြင်အခြေအနေများအရ ဆေးဝါးဝယ်ယူရန် အခက်ခဲဆုံးဖြစ်သည်။ မိုးကာနှင့်ခြင်ထောင်များကိုလည်း အလွယ်တကူဝယ်ယူ၍ မရပါ။ အထူးသဖြင့် မြို့ပေါ်မှ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရာတွက် ခက်ခဲမှုများကြုံတွေ့ရပါသည်။ 

ထိုလိုအပ်ချက်များရှိသည့် အပြင် အကြမ်းဖက်စစ်တပ်သည် ဩဂုတ် ၂၆ ရက်နေ့ ထယ်လှော်ရွာတွင် နေအိမ် ၁၄ လုံး၊ ဩဂုတ် ၂၈ မောက်ရွာတွင် နေအိမ် ၂၄လုံး မီးရှို့ခံခဲ့ရပါသည်။ ထိုကဲ့သိုသော အကြောင်းအရာများကြောင့် ဒုက္ခသည်အရေအတွက် တိုးပွားလျက်ရှိပြီး စစ်ဘေးရှောင်စခန်းကြီး သုံးခု အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်အတွက် အလှူရှင်လိုအပ်လျက်ရှိပါသည်။ 

Shwe Lan Ga LayComment