မီးဘေးသင့် စစ်ဘေးသင့် ဒေသမှ ငြိမ်းချမ်းရေးကင်းမဲ့နေသည့် စစ်ဘေးရှောင်များ
လွန်ခဲ့သော ငါးလခန့်က မကွေးတိုင်း ဂန့်ဂေါ်မြို့တွင် စစ်ကြောင်းဝင်ပြီး ရွှာများကို မီးရှို့သွားသည်ကို မြန်မာနိုင်ငံအကြောင်း အမြဲဖတ်နေသူများအဖို့ သိနေပြီးသော သတင်းတစ်ခုပင်ဖြစ်ပါသည်။ ထိုစဉ်အခါက ဆေးဝါးများအဓိကလိုအပ်ပြီး အနယ်နယ်အရပ်ရပ်မှ NGO များ တော်လှန်ရေးအင်အားစုများကို အကူအညီတောင်းခဲ့ရာ အကူအညီများရရှိခဲ့ပါသည်။ သို့သော်လည်း လက်တလောဖြစ်ပေါ်နေသော ထိုးစစ်ဆင်မှု့များကြောင့် မီးလောင်ခဲ့သောအဆောက်အဦးများကို ပြန်လည်ပြင်ဆင်ပြီး နေထိုင်မရပါ။ မွေးကင်းစ ကလေးသူငယ်မှအစ အဘိုးအိုအဘွားအို အဆုံး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြရပါသည်။
စစ်ဘေးရှောင်စခန်းဆိုသည်မှာလည်း စစ်ကောင်စီ၏ နှိပ်စက်မှုဒဏ်များမှ ကင်းဝေးရာနေရာတွင် နေကြရပါသည်။ စစ်ကြောင်းဝင်မည်ဟု့ အသံကြားလျင်လည်း တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းရန် ချက်ခြင်းလုပ်ရပါသည်။ ပိတ်ဆို့မှုများရှိသောကြောင့် ဆေးဝါးဝယ်ယူမရဖြစ်နေသည့်ပြင် အဝတ်အထည်နှင့် အမိုးအကာများလည်း လိုအပ်နေသည်ဟု သိရသည်။ အထူးသဖြင့် မြို့ပေါ်မှစစ်ဆေးရေးဂိတ်များ
ဖြတ်သန်းရာတွင်ခက်ခဲမှုများကြုံတွေ့ရပါသည်။
အရေးတကြီးလိုအပ်နေသော ရိက္ခာများကိုလည်း Better Burma မှ ထောက်ပံပေးခဲ့ရာ လမ်းခရီးတွင် ခက်ခဲမှုများကြောင့် အချိန်ကြောင့်ကြာခဲ့ရပါသည်။ သို့ရာတွင် ဆန်တင်း ၃၀ ၊ ဆီ ၃၀ ပိဿာ နှင့် အမျိူးသမီးသုံး ၁၈၆ ကို ဝေမျှလှုဒါန်းပေးခဲ့ပါသည်။ ဆန်တင်း ၃၀ အား တစ်အိမ်ထောင်စုလျှင် ၈ ပြည်နှုန်းဖြင့် အိမ်ထောင်စု ၆၀၊ ဆီ ၃၀ ပိဿာ အား တစ်အိမ်ထောင်စုလျင် ၅၀ ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၆၀၊ အမျိူးသမီးသုံး ၁၈၆ ခုကို အမျိူးသမီးတစ်ဦးလျင့် ၃ ဦးဖြင့် အမျိူးသမီးအယောက် ၆၀ အတွက် ဝေမျှပေးခဲ့ပါသည်။ ကုန်ကျစားရိတ်များမှာ ကြီးမားလာသဖြင့် ကုန်ကျစရိတ်များမှာ ဆန်တင်း ၃၀ မှာ 810,000 ကျပ် ဆီ ၃၀ ပိဿာမှာ 360,000 ကျပ် နှင့် အမျိူးသမီးသုံးမှာ 130,000 ကျပ် စုစုပေါင်း 1,300,000 ကျပ်ကို လှူဒါန်းခဲ့ပါသည်။
![GantGaw 1.jpg](https://images.squarespace-cdn.com/content/v1/597faad1197aea5e1f3f2378/1664731454459-M2ZOJBSUPSEDO29J93MV/GantGaw+1.jpg)
![GantGaw 2.jpg](https://images.squarespace-cdn.com/content/v1/597faad1197aea5e1f3f2378/1664731454465-EPPUE82D39P7YBFU35QL/GantGaw+2.jpg)
![GantGaw 3.jpg](https://images.squarespace-cdn.com/content/v1/597faad1197aea5e1f3f2378/1664731455021-MJM69XA5RVUA3212J822/GantGaw+3.jpg)
![GantGaw 4.jpg](https://images.squarespace-cdn.com/content/v1/597faad1197aea5e1f3f2378/1664731455466-B12U016XG5EERMQW75EG/GantGaw+4.jpg)
![GantGaw 5.jpg](https://images.squarespace-cdn.com/content/v1/597faad1197aea5e1f3f2378/1664731455718-ZO320XHTOCKV9IHNFW2I/GantGaw+5.jpg)