ပုံးအောင်းနေတဲ့ဆရာများကိုကူညီခြင်း

မိတ်ဆွေများရဲ့ အလှူငွေတချို့ ပံ့ပိုးပေးခဲ့တဲ့ CDMကို ဆက်လက် ကတိကဝတ်တည်နေဆဲ မူလတန်းပြ ဆရာတစ်ဦးက သူ့ရဲ့ ဇာတ်လမ်းကိုပြောပြပါတယ်။ 


“ ကျွန်တော့်ကျောင်းမှာ ဝန်ထမ်း ၃၀ ရှိပြီး၊ ကျောင်းအုပ်အပါအဝင် ၁၇ ယောက်က CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ ဖိအားပေါင်းစုံ ပေးခံရတယ်။ ပုံစံအမျိုးမျိုးလက်မှတ်ထိုးခိုင်းတယ်။ လခမရတာလဲ ကြာပြီ။ အလုပ်မဆင်းရင် ဖမ်းမယ်လို့လဲ ခြိမ်းခြောက်တယ်။ နောက်ဆုံးတောင့်ခံနိုင်တာ ၁၀ ယောက်ပဲ ကျန်တော့တယ်။ ကျွန်တော်က မူလတန်းပြပါ။ မူလတန်းက ကျွန်တော်တယောက်ထဲပါတယ်။ ကိုယ်က ဆရာဖြစ်နေတော့ အမှန်တရားဖက်က ရပ်တည်ချင်တယ်။ ဝန်ထမ်းတယောက်အနေနဲ့ CDM လုပ်ပြီးတော့ ပြည်သူဘက်က ရပ်တည်မယ်။ ပြည်သူတွေ ကျောင်းသားခလေးတွေကို အကျိုးပြုမဲ့ ပြည်သူ့ အစိုးရတက်မှ ကျွန်တော်အလုပ်ပြန်လုပ်မယ်လို့ ခံယူထားတယ်။  အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံဘဲ ဒီမိုကရေစီ ကိုသာ ထောက်ခံသွားမှာမို့ ကြားထဲမှာ ဘယ်လို အခက်အခဲဘဲဖြစ်လာဖြစ်လာ တောင့်ခံသွားမယ်။ CDM တွေရှိမယ်မရှိဘူး မသိခင်ကတဲက ကျွန်တော့်ခံယူချက်ပါ။ ထောက်ပံ့ရေးတွေ ရှိပေမဲ့ တနိုင်ငံလုံး အတိုင်း အတာနဲ့ ဆိုတော့ ဝန်ထမ်းအားလုံး အခက်အခဲရှိကြမှာပဲ။ ရေရှည် အခက်အခဲဖြစ်လာတော့မှာမို့သာ  ကျွန်တော် ဆက်သွယ်တာပါ။ အခုလို အကူအညီပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ တောင့်ခံဖို့အား ဖြစ်သွားတာပေါ့။ ကျေးဇူးတင်ပါတယ်။ ”

Shwe Lan Ga LayComment