ကနီနဲ့ မုံရွာကို ထောက်ပံ့ခြင်း။

မိတ်ဆွေတို့ရဲ့ အလှူငွေတချို့ကို ပေးပို့ခဲ့တဲ့  စေတနာ့ဝန်ထမ်းတစ်ဦးထံက အောက်ပါ သတင်းစကားကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။  

“ ကနီမြို့နယ်ကရွာတွေမှာ ယုတ်မာတဲ့စစ်ကောင်စီရဲ့တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရပါတယ်။ ပို့လိုက်တဲ့အလှူငွေနဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူတွေအတွက် စားနပ် ရိက္ခာတချို့  မုံရွာဆန္ဒပြ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက တဆင့် ကျွန်တော်တို့ ထောက်ပံ့နိုင်ခဲ့ပါတယ်။  ကျွန်တော့်တူမက ဒီကော်မတီအဖွဲ့ဝင်နဲ့ တိုက်ရိုက်ဆက်သွယ်သူဖြစ်ပြီး ဓာတ်ပုံတွေပါ ပို့လိုက်ပါတယ်။ ပုံတွေထဲမှာ တခြားလူတွေလှူဒါန်းထားတဲ့ အထောက်အပံ့အားလုံးကိုလဲ တွေ့နိုင်ပါတယ်။

တချို့ရွာကိုပြန်ရောက်နေပေမဲ့ ဒုက္ခရောက်နေကြလို့ ပြီးခဲ့တဲ့တပတ်က ကျွန်တော် ဆီနှစ်ပုံးနဲ့ ဆန်တစ်အိပ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပို့လိုက်ပါသေးတယ်။ ”

Shwe Lan Ga LayComment