အရေးပေါ် COVID ကယ်ဆယ်ရေး

မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအတွင်း ထောင်နဲ့ချီတဲ့ ပြည်သူများ မသေသင့်ပဲ သေဆုံးမှုတွေ ဖြစ်နေပါတယ်။

ကိုဗစ်မျိုးကွဲသစ်ရဲ့ ကူးစက်လျှင်မြန်မှု၊ ဆေးရုံကုတင်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးအထောက်အပံ့များ လုံလောက်မှုမရှိခြင်း တို့ကြောင့် နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ ကပ်ဆိုးအဆင့်ကို ရောက်ရှိ နေပါပြီ။ အထူးသဖြင့် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လူများစွာ ဒုက္ခကြီးစွာ ခံစားနေရပါတယ်။ ကိုဗစ် လူနာများရဲ့ မိသားစု၀င်တွေ အောက်စီဂျင်၀ယ်ဖို့ (သို့) အောက်ဆီဂျင်ဖြည့်ဖို့ နာရီပေါင်း များစွာတန်းစီရပြီး တစ်ခါတစ်ရံ တန်းစီနေစဉ်မှာပဲ မိသားစုဝင်တွေ သေဆုံးသွားကြတယ်။ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်မှာ နဂိုကတည်းက စိန်ခေါ်မှုများစွာ ရှိခဲ့တယ်။ ဒါကို အကြမ်းဖက်စစ်ကောင်စီက ပိုမို ဆိုးရွားလာစေတယ်။ ဥပမာပြရရင် အရပ်သားတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးနေတာမျိုးတွေ။

၂၀၂၁ ခုနှစ်ဇူလိုင်လ ၂၃ ရက် - မြန်မာနိုင်ငံမှာ အသစ်ကူးစက်ခံရသူပေါင်း ၆၇၀၁ (စမ်းသပ်မှုရဲ့ ၃၈%) နဲ့ သေဆုံးသူ ၃၁၉ ဦး၊ သုဿာန်မှာ မီးသဂြိုလ်ဖို့ စောင့်ဆိုင်းနေတဲ့ သေဆုံးသူအလောင်း ရန်ကုန်မြို့ တစ်မြို့တည်းမှာပင် ၁၃၀၀ ရှိတယ်။ တရားဝင်ထုတ်ပြန်ချက်အရ ၇ ရက်တာ ပျှမ်းမျှ ကူးစက်မှုအသစ် ၅၆၀၀ လို့ဆိုတယ်။ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နိုင်မှု မရှိတာကြောင့်  ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးရတဲ့ အမှန်တကယ် အရေအတွက်ဟာ တရားဝင် ကြေညာတာထက် ၁၀ ဆခန့်ပိုမို မြင့်မားနိုင် တယ်လို့ ခန့်မှန်းရတယ်။ 

မြန်မာနိုင်ငံမှာ အသက်ပေါင်းများစွာ ကယ်တင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေမှာ ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ကြပါ။ ဒီကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းက Canta အောက်ဆီဂျင်စက်တွေ ၀ယ်ယူခြင်းနဲ့ မြန်မာပြည်ကို ပို့ဆောင်ခြင်းဖြစ်ပါတယ်။  အောက်ဆီဂျင်စက်တွေဟာ သြစတေးလျရှိ Therapeutic Goods Administration (TGA) ရဲ့ အရည်အသွေး စံချိန်စံညွှန်းများနဲ့ ပြည့်မီမှုရှိမရှိ စစ်ဆေး စမ်းသပ်ပြီး ဖြစ်ပါတယ်။

စက်တွေနဲ့အတူ အောက်ဆီဂျင် flow မီတာ၊ အောက်ဆီဂျင် mask၊ နှာခေါင်းသွင်း အောက်ဆီဂျင်ပိုက်များ၊ pulse oximeter ကဲ့သို့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းများကိုလည်း ၀ယ်ယူမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားပေးမှု  စိတ်မချရတာကြောင့် အောက်ဆီဂျင်စက်တွေသုံးဖို့ မီးစက်များလည်း လိုအပ် ပါတယ်။ မြန်မာနိုင်ငံက မြေအောက်စေတနာ့ဝန်ထမ်း ဆရာ၀န်များအဖွဲ့က လူနာများရဲ့ လိုအပ်ချက်အရ

ဦးစားပေးပြီး လျော်ညီစွာ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံရှိ လူများစွာကို တတ်နိုင်သမျှ ကယ်တင်ကူညီရန် ဖြစ်ပါတယ်။ မိတ်ဆွေများ ဒီရန်ပုံငွေကို လှူဒါန်းခြင်းဖြင့် ကူညီကြပါ။ ကျွန်တော်တို့ ဒီအသက်ကယ် ပစ္စည်းတွေကို ၂ ပတ်မှ ၃ ပတ်အတွင်း မြန်မာနိုင်ငံ အရောက် ပို့ဆောင်နိုင်ဖို့ စီစဉ်နေပါတယ်။ Insight Myanmar က အောက်ဆီဂျင်စက်များ အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ကနဦး ပေးပြီးဖြစ်ပါတယ်။ စက် ၁၀ လုံးနဲ့ အထက် ၀ယ်ယူပို့ဆောင်နိုင်ဖို့ ရန်ပုံငွေ အလုံအလောက်ရရှိတာနဲ့  ဒီပစ္စည်းတွေ အမြန်ဆုံး ပြည်တွင်း ကိုရောက်ရှိပြီး စတင်အသုံးပြုနိုင်သည်အထိ ကျွန်တော်တို့ မနားမနေကြိုးစားသွားမှာ ဖြစ်ပါတယ်။  

မိတ်ဆွေတို့ ငွေတွေကိုဘယ်လို အသုံးချမှာလဲ? အလှူငွေရဲ့ ၁၀၀% ကို ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ၀ယ်ယူခြင်းနဲ့ မြန်မာနိုင်ငံအရောက် ပို့ဆောင်ခြင်း အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ပို့ဆောင်ခအပါအ၀င် အောက်ဆီဂျင်စက်တစ်လုံး ဘယ်လောက်ကုန်ကျပါသလဲ? လောလောဆယ် ခန့်မှန်းခြေအားဖြင့် USD $ 1,100 ။ 

မိတ်ဆွေမေးလိုသည်များနဲ့ မိတ်ဆွေက ဘယ်လူနာတွေ အောက်ဆီဂျင်စက် လိုအပ်နေတယ်ဆိုတာကို  အကြံပေးလိုရင် ဘယ်ကို ဆက်သွယ်ရမလဲ?  

ကျေးဇူးပြု၍  ဒီလင့်က်ကနေ ကျွန်တော်တို့ကို ဆက်သွယ်ပါ။ ပြန်လည် ဖြေကြားပေးပါမယ်။

မိတ်ဆွေတို့ရဲ့ အလှူငွေကို အထက်က ဖော်ပြထားတဲ့ အတိုင်းသုံးစွဲမယ်လို့ ဘယ်လို သိနိုင်မလဲ? ကျွန်တော်တို့ အောက်ဆီဂျင်စက်နဲ့ တခြားဆေးပစ္စည်းတွေ ၀ယ်ယူပို့ဆောင်တဲ့ အခါတိုင်း  ကျွန်တော်တို့ရဲ့

 ၀ က်ဘ်ဆိုက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ နဲ့ အင်စတာဂရမ်စာမျက်နှာ တွေမှာ ပို့စ် post အသစ်တင်ပေး သွားမှာ ဖြစ်ပါတယ်။

ဒီစက်တွေ ဘယ်ကိုပို့မှာလဲ?  အောက်ဆီဂျင်စက်တချို့ကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေရဲ့  မြေအောက် ဆေးခန်းတွေကို ဖြန့်ဝေမှာဖြစ်ပြီး တချို့ကို ဆေးရုံမတက်နိုင်လို့ အိမ်မှာဘဲ covid ကိုကုနေကြတဲ့ ဆင်းရဲတဲ့ မိသားစုတွေကို ပေးမှာဖြစ်ပါတယ်။

အလှူငွေအားလုံးကို တိုက်ရိုက်စီမံခန့်ခွဲခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်း၊ မြန်မာပြည်ကို ပို့ဆောင်ဖြန့်ဝေခြင်း၊ အားလုံးကို  Better Burma နဲ့ Skills for Humanity တို့နဲ့ အတူတကွ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အလှူငွေများနဲ့ ဒီအဖိုးတန်အသက်ကယ် အထောက်အပံ့များ လုံခြုံစိတ်ချစွာ စစ်တပ်လက်ထဲမရောက်စေဖို့  စီစဉ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


218334137_244987880801765_4763182150719568355_n.png
Shwe Lan Ga LayComment