သွေးသံရဲရဲ ကောင်းကင်

နားဆင်ကြည့်ပါ

ကိုင်းညွတ်နေတဲ့ လက်ချောင်းများက

အလေးပြုနေတဲ့

သွေးသံရဲနေသော ကောင်းကင်ပြင်တစ်ခု

လူတိုင်း မြင်နိုင်ဖို့

ငိုကြွေးမြည်တမ်းနေမှုတစ်ခု

ဝေ့ဝဲနေရင်း ပြောနေတာက

“လွတ်မြောက်ဖို့ တဖန်စတင်ဦးမယ်….”

လားရာလမ်းကို တဖြည်းဖြည်းဖော်ဆောင်နေတဲ့ ရေစက်ကလေးတွေ

စည်းလုံးမှုအင်အားနဲ့ ပေါင်းစည်းမှုအင်အားကို စုဆောင်းရင်း

ဘယ်တော့မှ ရပ်ဆိုင်းခြင်း၊ သွေဖီခြင်းများမရှိ

အနှေးနဲ့အမြန် မိုးချုန်းသံကလည်း ပူးပေါင်းလာမယ်

တွန်းထိုးရုန်းတက်ရင်း ထစ်ချုံးမိုးထဲ ဟစ်အော်နေတယ်

“မင်းတို့ရဲ့ ဆန္ဒတွေနဲ့ အားထုတ်မှုတွေအားလုံးဟာ

အလကားမဖြစ်သွားဘူး!”

ဒီတော့ ရွာပါစေ၊ သည်းပါစေ၊

ငါတို့အားလုံး ရွှဲရွှဲစိုပါစေ

ဒီမျက်ကန်းရာသီအခါကြီးတစ်ခုလုံး ရွှဲနစ်ပါစေ

အင်အားမွေးလို့

ဘယ်တော့မှ ထွက်ခွါမသွားမယ့် ဖွင့်ထားတဲ့နှလုံးသားတွေမှာ အစပြုကြမယ်

မတရားမှုအတွက် အကြောင်းပြချက်ပေးတဲ့နေရာတွေမှာ အစပြုကြမယ်

—Albion Noise

Shwe Lan Ga LayComment