မန္တလေးက CDM လုပ်နေတဲ့ PhD ဘွဲ့ရတစ်ဦး

မိတ်ဆွေများရဲ့ အလှူငွေတချို့ကို မန္တလေးက တက္ကသိုလ်တစ်ခုက ဆရာတစ်ဦးမိသားစုကို ထောက်ပံ့ ပေးခဲ့ပါတယ်။  ညီအကိုမောင်နှမများနဲ့ အတူနေထိုင်ပြီး စောင့်ရှောက်နေသူတဦးပါ။ အစ်ကိုဖြစ်သူက လေဖြတ်ရောဂါ ခံစားနေရပြီး အစ်မဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ တစ်ခုရှိ၍ ဈေးကိုတောင် တစ်ယောက်တည်း လွှတ်လို့မရပါ။

တက္ကသိုလ်ဆရာတစ်ဦး အဖြစ် အလုပ်လုပ်ရင်း နှစ်ပေါင်းများစွာ မောင်နှမတွေကို ထောက်ပံ့နေပါတယ်။ ဆရာအဆင့်ကနေ ပါမောက္ခအဆင့် တက်ဖို့ PhDဘွဲ့ လိုတယ်။ ဒါပေမဲ့ ငွေကုန်ကြေးကျများလို့ အဆုံးအထိ မလုပ်နိုင်ခဲ့တော့ တပည့်တချို့ က တက္ကသိုလ်မှာ သူ့ထက်ရာထူး အဆင့်မြင့် သွားကြတယ်။ နောက်ဆုံးမှာ ဒီတပည့်ဟောင်းတွေက PhD ပြီးမြောက်အောင် အကူအညီပေးကြလို့ အောင်မြင်သွားတယ်။

ပါမောက္ခအဆင့် ရာထူးတိုးပြီး စစ်တပ်အာဏာသိမ်းမှုမတိုင်မီ တခြားတက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ အမှုထမ်းဖို့ စာထွက်လာပါတယ်။ ဝမ်းနည်းစွာဖြင့် ငြင်းဆိုလိုက်ပြီး မိသားစုမှီခိုနေပေမဲ့ CDM လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။  တပည့်များက ငွေရေးကြေးရေးအကူအညီပေးနေဆဲ ဖြစ်ပေမဲ့ အခုအခါ သူတို့ ကိုယ်တိုင်လည်း အခက်အခဲတွေ ကြုံနေကြရတယ်။

Shwe Lan Ga LayComment