ပွင့်လိုက်ပါ
ဗိုလ်ချုပ်မှူးကြီးခင်ဗျား
ခင်ဗျားဘယ်ရောက်နေလဲ
ကျန်းခန့်သာလို့ မာပါလေစ
ကျုပ်မသိဘူး
နာကျင်စရာကောင်းပြီး
သွေးစွန်းတဲ့ ဒီလိုနေ့ရက်တွေမှာ။
သို့သော်
အခိုက်အတန့်တစ်ခုလောက်
ခင်ဗျားတားနိုင်မယ်ဆိုတာကိုတော့
မျှော်လင့်မိပါတယ်
ခင်ဗျားရဲ့ လုံခြုံရေးတပ်တွေ
ပြန်ရုပ်သိမ်းသွားဖို့ပေါ့။
နောက်
ဘိက္ခုတွေရဲ့ ဆင်ခြင်တုံတရားတွေကို
နားစွင့်လိုက်ပါ။
ဗိုလ်ချုပ်မှူးကြီးခင်ဗျာ
လက်ရှိအာဏာက ခင်ဗျားလက်ထဲမှာပါ။
ခင်ဗျားက အာဏာကို လုယူလိုက်တာနော်။
အစွမ်းကုန်ပွင့်နေတဲ့ ပန်းလှလှတစ်ပွင့်ကို
ခူးယူလိုက်သလိုပ။
ကျက်သရေရှိလှတဲ့
ကျုပ်တို့ရဲ့နိုင်ငံဟာလည်း
ခင်ဗျားရဲ့ လက်သီးဆုပ်အောက်မှာ
ဝပ်တွားခစားခဲ့ရပါပြီ။
သို့သော်
ကျစ်ထားတဲ့လက်သီးထဲမှာ
ယိုယွင်းလာပေါ့
ပျက်စီးသွားပေါ့
ခင်ဗျား သိပါတယ်
အစွမ်းကုန်ပွင့်လန်းနိုင်ဖို့
ဒီပန်းတွေအတွက် လွတ်လွတ်လွတ်လပ်
ရှင်သန်ပေါက်ရောက်ခွင့်က
မရှိမဖြစ်ဆိုတာကိုလေ။
သူ့ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ကြားက
ပန်းဟာကမ္ဘာကြီီးကို
အကြိမ်ကြိမ်ပြသခဲ့လေရဲ့။
မြန်မာ့မြေကြီးထဲကို
နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်စေဖို့
အခက်အလက်တွေ
ဝေဝေဆာဆာ ရှင်သန်ကြီးထွားနိုင်ဖို့
နောက်
ဥယျဉ်တစ်ခုလုံး
ငွားငွားစွင့်စွင့်ပွင့်နိုင်ဖို့ပေါ့။
ဒါပေမယ့်လည်း
အဖိုးမဖြတ်နိုင်တဲ့ ဒီအရာတွေအားလုံးကို
စစ်သားတွေက နင်းချေဖျက်ဆီးတာကိုပဲ
ကျုပ်တို့မြင်တွေ့ခဲ့ရတယ်။
ဥပဒေလည်းနတ္ထိ။
သူတို့ယုံကြည်ခိုင်းတဲ့ ဥပဒေမှလွဲရင်ပေါ့လေ။
ဒါတွေဟာမှားပါတယ်...
ဗိုလ်ချုပ်မှူးကြီးခင်ဗျား
အနိဌာရုံတွေကို မြင်နိုင်တဲ့ မျက်လုံးတွေ
ခင်ဗျားမှာ မရှိခဲ့လေရော့သလား။
မတူကွဲပြားမှုတွေနဲ့ ပြည့်နှက်နေတဲ့
ချစ်စရာဥယျာဉ်လေးဟာ
အာဏာအတွက်
ချနင်းခံလိုက်ရတယ်။
အတင်းအဓမ္မထောင်သွင်းခံရတယ်။
“ဒီမှာနားထောင်ကြ” ဆိုပြီး
နေ့ရောညပါ
ဟောင်နေတဲ့ စစ်ခွေးတွေကြောင့်
ယခုအခါမှာတော့
ပန်းတွေဟာ ပွင့်ချပ်ကို ရုပ်သိမ်း
တဖြည်းဖြည်းကျင့်သားရလာခဲ့။
သူရိယနေမင်းလည်း မထွက်တော့ဘူး။
သံသယနဲ့အနိဌာရုံတိမ်မည်းတွေနောက်
ပုန်းကွယ်နေလေရဲ့။
ခင်ဗျားက ကျုပ်တို့ကို စည်းရုံးသိမ်းသွင်းတယ်။
ငါတို့အာဏာက မင့်အာဏာတဲ့။
အုပ်ချုပ်ဖို့ ပိုင်ဆိုင်ဖို့
နောက် သိမ်းပိုက်ဖို့ရောပဲ။
ဝမ်းနည်းပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။
ဒါပေမယ့်
ကျုပ်တို့ရွေးချယ်လိုက်ပါပြီ။
ဘယ်သူ့ကို ယုံရမလဲ
ဘယ်အနာဂတ်ဟာ စိတ်ချရသလဲ။
အသံတွေအားလုံးဟာလည်း
ရေတွက်ဖို့ အသင့်ဖြစ်နေကြပေါ့။
လာမည့်လေးနှစ်အတွင်း
အကြမ်းဖက်မှုတွေလျော့နည်းလာမယ်
ပိုပြီးတရားမျှတလာမယ်
ပိုပြီးလွပ်လပ်လာမယ်လို့
ကျုပ်တို့ယုံကြည်ခဲ့ပါတယ်။
အာဏာကွန်ယက်အသစ်ဟာ
ပြည်သူ့ကြားမှာ
ပြည်သူနှင့်အတူ
ပြည်သူတွေကြားမှာ ချိတ်ဆက်ခွင့်ရနေခဲ့ပြီ။
နောက်ပြီး
ကျုပ်တို့နိုင်ငံရဲ့
တွယ်ခါစ ရေသောက်မြစ်လည်းဖြစ်ရဲ့။
ခုတော့
ခင်ဗျားက ဖြတ်ပစ်လိုက်ပြီပေါ့။
ကျုပ်တို့ရဲ့ ယုံကြည်မှုကိုလည်း ဖျက်ဆီးခဲ့တယ်။
ခင်ဗျားရဲ့
အရင်ဗိုလ်ချုပ်ကြီးတွေလုပ်ခဲ့သလိုပါပဲ။
နောက်ကျောမှာ အချိန်ခံရတဲ့
သေနတ်တန်းလန်းနဲ့ ကျုပ်တို့ကို
တစ်ဖန် အသက်ရှင်စေပြန်တယ်။
ဗိုလ်ချုပ်မှူးကြီးရေ
ပန်းတွေဟာ စောင့်နေကြပါတယ်။
ခင်ဗျားအသိဉာဏ်ရလာဖို့ကိုလေ။
စိတ်ရှည်သည်းခံပြီးတော့ပေါ့။
လုံးဝရိုရိုကျိုးကျိုးနဲ့တော့ ဘယ်ဟုတ်မလဲဗျာ။
နောက်ပြီး
အပြောင်းအလဲဆိုတဲ့
လေနုသွေးတိုက်လာမှာကိုရောပေါ့။
ငါတို့ကို ဝန်းရံထားတဲ့ နံရံတံတိုင်းတွေဟာ
လေမဝင်လာအောင်
ကာဆီးကောင်းကာဆီးနိုင်တယ်။
ထာဝရတော့ ဘယ်ဟုတ်မလဲဗျာ။
လွတ်လပ်မှုကို အမြဲတမ်း
ရှာဖွေတောင့်တနေတဲ့ သဘာဝတရားက
ကျုပ်တို့ကို တစ်ဖန်ပွင့်လန်းစေပါလိမ့်မယ်။
မြေဆီသြဇာပြည့်နှက်
အကြောက်တရားကင်းမဲ့တဲ့
ကျုပ်တို့ရဲ့နှလုံးသားမြေကြီးထဲမှာ
အမြစ်တွယ်ပြီးတော့
ခံနိုင်ရည်မျိုးစေ့သစ်ကလေးတွေဟာ
လူးလွန့်ပေါက်ဖွားလာပြီး
ခင်ဗျားထိန်းချုပ်လို့ရမှာမဟုတ်တဲ့
လျှို့ဝှက်လှပလွန်းတဲ့ ဥယျာဉ်လေးတစ်ခု
မွေးဖွားလာပါလိမ့်မယ်။
ခင်ဗျားနဲ့အရင်ဗိုလ်ချုပ်ကြီးများအားလုံး
ကျုပ်တို့တောင်းဆိုပါတယ်
ခင်ဗျားတို့ရဲ့ စိတ်အတွေးတွေ
ရွက်ဖွင့်လိုက်ပါ။
ခင်ဗျားတို့ရဲ့အမှောင်ထုနဲ့ အရိပ်ဆိုးတွေကို
ခွာချလိုက်ပါ။
ရုန်းထွက်လိုက်ပါ။
ငါတို့ပြည်သူထဲက ပြည်သူတစ်ဦးအနေနဲ့
ရှင်သန်လိုက်ပါ။
ကြမ်းတမ်းရက်စက်
သတ်ဖြတ်မှုမရှိတဲ့ပြည်သူတစ်ဦး
ပျော်ရွှင်ဖွယ်အားလုံးကို
တောင့်တနေတဲ့ပြည်သူတစ်ဦးအဖြစ်
အသက်ရှင်နေထိုင်ခြင်းသည်
တရားဓမ္မနဲ့အညီ အသက်ရှင်ခြင်းဖြစ်လိမ့်မပ။
ပြည်သူ့ရဟန်း