Side Effect: Meikhtila

ကျွန်တော်တို့ရဲ့မကြာသေးခင်က လွှင့်ခဲ့တဲ့အပိုင်းမှာ ပြင်သစ်မှာနေထိုင်တဲ့ မြန်မာလူမျိုး လှုပ်ရှားသူတစ်ဦးနဲ့ တင်ဆက်ရာမှာ Side Effect ဆိုတဲ့ ရန်ကုန်အခြေဆိုက် နာမည်ရ ကိုယ်ပိုင်တေးဂီတအဖွဲ့က လှူဒါန်းတဲ့ တေးဂီတကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီအမြည်းသီချင်း “Meikhtila” ကတော့ မြန်မာ့အဓိကမြို့တော်မှာ ဖြစ်သွားတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်ဘာသာဝင်အဖွဲ့အစည်းကြားက ပဋိပက္ခအပြီးမှာ မနှစ်ကရေးခဲ့တာဖြစ်ပါတယ်။ စာသားတွေနဲ့ဂီတက ထိခိုက်ခံစားရသလို ဗီဒီယိုမှာ မူဆလင်အမျိုသမီးနဲ့ ဗုဒ္ဓဘာသာသီလရှင်တို့နှစ်ဦးသား ဆူးလေဘုရားမှာတွေ့တဲ့ ဇာတ်ရှိန်အတက်ဆုံးအပိုင်းတွေဟာ ပိုပြီးတော့ ရင်ထဲထိပါတယ်။

ကျွန်တော်တို့ရဲ့ Insight Myanmar podcast တင်ဆက်မှုတွေမှာ အနုပညာဖန်တီးမှုတွေကို ထည့်သွင်းခွင့်ပေးလာတဲ့ မြန်မာလူမျိုးအနုပညာရှင်တွေတိုးပွါးလာတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်။ ဒီလို တင်ဆက်မှုပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ ရွေးချယ်ခွင့်အသစ်တွေများလာတဲ့အတွက် နားဆင်သူတွေကို မြန်မာ့မြေအကြောင်းပိုပြီး နက်နက်ရှိုင်းရှိင်း ထုတ်ဖော်တင်ဆက်နိုင်လာစေပါတယ်။

Side Effect အဖွဲ့က Darko က ကျွန်တော်တို့ရဲ့ နောင်လာမယ့် တင်ဆက်မှုအတွက် podcast မှာ ဧည့်သည်တော်အဖြစ် လာရောက်ပေးပါဦးမယ်တဲ့။ အဲဒီမှာ သူ့ရဲ့ တက်ကြွလှုပ်ရှားမှုတွေနဲ့ ဂီတအသက်မွေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒီအထူးစပါယ်ရှယ် အင်တာဗျူးကို စောင့်မျှော်အားပေးပါဦးနော်!