CDM ဝိုင်းတော်သား ဆရာများ

အောက်ဖေါ်ပြပါသည် စစ်တပ်အာဏာသိမ်းချိန်မှစ၍ CDM တွင်ပါဝင်ခဲ့သည့် မွန်ပြည်နယ်ရှိ ဆရာတစ်ဦး ထံမှဖြစ်သည်။


“ ကျွန်တော်ကနိုင်ငံရေးကိုစိတ်မ၀င်စားဘူး၊ ကိုယ့်ကျောင်းအလုပ်နဲ့ဘဲ။ အာဏာသိမ်းတာကြားတော့ ဒါဟာ လုံးဝမဖြစ်သင့်ဘူးလို့၊ ကျွန်တော်မခံစားနိုင်တော့လို့ CDM မှာဝင်ခဲ့တယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျွန်တော်တို့ ရွာနားက မြို့မှာရှိတဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ ကျွန်တော်တို့ ရွာက သေးတယ်၊ ပြီးတော့  ဒလန်တွေလဲ များတော့ ပိုအန္တရာယ်များတယ်။ စစ်တပ်က သတင်းရတဲ့ ဆန္ဒပြခေါင်းဆောင်တွေ အိမ်ကို လာရှာတတ်တယ်။  ကျွန်တော့်သူငယ်ချင်းတွေလဲ ဖမ်းတဲ့အထဲပါသွားကြပြီ။  ကျွန်တော်လဲ စစ်သားတွေအလာကို စောင့်ကြည့်ရတဲ့အတွက် ညဘက်ဆိုမအိပ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ CDM အုပ်စုမှာ မွေးဖွားပြီးတာမကြာသေးတဲ့ မိခင်အသစ်တွေ၊ အသက်ရွယ်ကြီးတဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလဲပါတယ်။ သူတို့ သတ္တိကို ကျွန်တော် တကယ်လေးစားတယ်၊ စိတ်ဓာတ်ကလဲပြင်းထန်တယ်။ ဒါပေမယ့် သူတို့အတွက် ကျွန်တော်စိုးရိမ်တယ်။ ကျွန်တော်က လူငယ်ဆိုတော့ တစ်ခုခုဖြစ်ရင် ပြေးလို့ရတယ်။ ကျွန်တော်တို့ အနိုင်ရမယ်ဆိုတဲ့ စိတ်အမြဲထားတယ်။ မနိုင်လို့ မရဘူး။ ”

Shwe Lan Ga LayComment