ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့တကျော့ပြန်လာခြင်း

မကြာသေးမီကပို့စ်မှာ ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းတဦးက ရန်ကုန်တိရစ္ဆာန်ဥယျာဥ် အတွင်းရှိ တိရစ္ဆာန်များရဲ့ စိုးရိမ်ဖွယ်အခြေအနေကို တင်ပြခဲ့ပါတယ်။ ကံအားလျော်စွာ ကျွန်တော်တို့ ရန်ပုံငွေတချို့ စာဖတ်သူတွေဆီမှ လက်ခံရရှိလို့ တိရစ္ဆာန်များအတွက် အစားအစာနဲ့ အခြားလိုအပ်ချက်များအတွက် ပေးပို့လှူဒါန်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလဲ လမ်းပေါ်စစ်တပ်အန္တရာယ်ရှင်းချိန် ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်း  တိရစ္ဆာန်ဥယျာဥ်ကို တစ်ခေါက်ပြန်သွားကြည့်ခဲ့ပါတယ်။

ဥယျာဥ်ရဲ့ ရုံးက လာရောက်ကြည့်ရှုသူ များစွာနည်းပါးသွားခြင်းအကြောင်း၊ ထို့အပြင် ရှိသမျှရန်ပုံငွေကိုလဲ စစ်တပ်က လာသိမ်းမှာကို စိုးရိမ်ရကြောင်း၊  တိရစ္ဆာန်များ စိုးရိမ်ဖွယ်အခြေအနေမှာ ဆက်လက် ရှိနေကြောင်းတို့ကို ပြောပြပါတယ်။ အနီးအနားရှိ တိရိစ္ဆာန်အစာတွေ ရောင်းတဲ့ စျေးဆိုင်အများစုဟာလဲ ပိတ်ထားကြပြီး တိရစ္ဆာန်ရုံ ပုံမှန်လာနေကျ အလုပ်သမားအစုံလဲ အလုပ်မဆင်းနိုင် ဖြစ်နေပါတယ်။ 

သွားရောက်ကြည့်ခဲ့သူက အထူးသဖြင့် အသားစားသတ္တဝါ ကျားနဲ့ ခြင်္သေ့တွေကို မြင်တွေ့ရတဲ့အခါ အလွန်စိတ်ထိခိုက်ရတဲ့အကြောင်း၊ တစ်ခုခုပစ်ကျွေးဖို့ကို တောင်းပန်နေတဲ့ မျက်လုံးများကို သနားစဖွယ် တွေ့ရှိခဲ့ရတဲ့အကြာင်း၊ ပိုပြီးကြေကွဲဖွယ်ကောင်းသည်မှာ တချို့လှောင်အိမ်များ  အထူးသဖြင့် ငှက်လှောင်အိမ်တွေမှာ ဘာငှက်မှမရှိတော့တာကို ကြည့်ခြင်းဖြင့်  တိရစ္ဆာန်ရုံမှာ နေ့စဉ်ဖြစ်နေတဲ့ သေနှုန်းကို ပြသနေပါတယ်ဆိုတဲ့ အကြောင်းတွေကို အစီရင်ခံလိုက်ပါတယ်။

မိတ်ဆွေများ သီးသန့်တိရိစ္ဆာန်တွေကို ကူညီလိုကြောင်းမှတ်ချက်ပေး၍ လှူဒါန်းရင် ကျွန်တော်တို့ ဒီစေတနာ့ဝန်ထမ်းမှတစ်ဆင့် ဆက်သွယ်ပြီး အမြန်ဆုံးပေးပို့နိုင်ပါတယ်။ 

Shwe Lan Ga LayComment