ဆရာဝန်များကိုရက်စက်စွာနှိပ်ကွပ်ခြင်း၊ ဆေးဝါးများအဓမ္မခိုးယူခြင်း

မြန်မာစစ်တပ်ရဲ့ နိမ့်ကျတဲ့အကျင့်များနဲ့ ယုတ်မာရက်စက်မှုသတင်းတွေဟာ ကျွန်တော်တို့ကိုနည်းလမ်း တစ်မျိုးပြီးတစ်မျိုးနဲ့ စက်ဆုပ်ရွံရှာ တုန်လှုပ်ခြောက်ခြားစေပါတယ်။

ကျွန်တော်တို့ မန္တလေးမြို့က ဆေးဝါးနဲ့လူနာတင်ယာဉ်များ အခမဲ့ဝန်ဆောင်ထောက်ပံ့ပေးနေတဲ့ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဆက်သွယ်ပြီး အကူအညီပေးနေပါတယ်။ အကြမ်းဘက် စစ်တပ်က ဆရာဝန်နဲ့ သူနာပြုများကို အထူးပစ်မှတ်ထားပြီး ရက်စက်စွာနှိပ်ကွပ်နေခြင်းကြောင့် သူတို့ရဲ့ လုပ်ငန်းများကို အဆပေါင်းများစွာ ပိုမိုပြီးခက်ခဲစေပါတယ်။ ဒါကို ပြီးခဲ့တဲ့ podcast တစ်ခုမှာ ကိုကိုက ရှင်းပြထားပါတယ်။

အထူးသဖြင့် ဒီမန္တလေးအဖွဲ့ဟာ သူတို့ရဲ့ ဆေးခန်းကို စစ်သားတွေ ၀င်ရောက်စီးနင်းဖျက်ဆီးသွားတာကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ပစ်ခတ်တိုက်ခိုက်နေတဲ့ အရပ်သားတွေကို အကူအညီမပေးနိုင်အောင် ဆေးဝါး ပစ္စည်းအားလုံးကိုလည်း အဓမ္မသိမ်းယူသွားပါတယ်။  အာဏာလုစစ်ဗိုလ်များအတွက် ပြည်သူလူထုကို စိတ်ထင်တိုင်း နှိပ်စက်ညှဉ်းပန်းချင်သလိုညှဉ်းပန်းနိုင်ဖို့ ထိခိုက်ဒဏ်ရာရ အရပ်သားများကို ဆေးဝန်ထမ်းများ  ကယ်ဆယ်ခွင့်မရအောင် လူမဆန်စွာ ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်များဖြစ်တဲ့ ဆန်ဂိုထောင်များမီးရှို့ခြင်း၊ အများသောက်သုံးရေကို အဆိပ်ခပ်ခြင်းနဲ့ ဆင်းရဲတဲ့အရပ်ဒေသတွေကို ပို့တဲ့အလှူငွေတွေကို ဖြတ်ယူသိမ်းပိုက်ခြင်းတွေနဲ့  တပုံစံထဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ဝမ်းတွင်းကလီဆာများကို ဆွဲဆုတ်ပစ်နေသကဲ့သို့ ကိုယ့်နိုင်ငံကိုယ့်ပြည်သူများကို လူမဆန်စွာ ဒီလောက်အထိ ဗြောင်ရက်ရက်စက်စက် လုပ်နေခြင်းကို မြင်ရသည်မှာ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ လှူဒါန်းရန်ပုံငွေက ကံအားလျှော်စွာ သူတို့အဖွဲ့လေးကိုအကူအညီပေးနိုင်ခဲ့ပါတယ်။ စစ်တပ်က ပြည်သူတွေ မည်သည့်အထောက်အပံ့မှမရအောင် ဖိနှိပ်နေသလောက်  ဒီစေတနာ့ဝန်ထမ်းအဖွဲ့ရဲ့  ဦးဆောင်သူမှာ တိမ်းရှောင်ပုန်းအောင်းနေရင်းကပင် ဆေးဝါးအထောက်အပံ့များကို  ပြန်လည် ထူထောင်နေပါတယ်။  မိတ်ဆွေရဲ့လှူဒါန်းငွေများက အခုလို ပြည်သူတွေအပေါ် အန္တရာယ်အချိန်မရွေး ကျရောက်နိုင်တဲ့အချိန်မှာ  အသက်ကယ်ငွေအဖြစ် လိုအပ်တဲ့ပစ္စည်းများနဲ့ ဆေးဝါးများကို သူတို့ဝယ်ယူ စုဆောင်းနိုင်စေခဲ့ပါတယ်။ အောက်ကဓာတ်ပုံတွေမှာ မိတ်ဆွေတို့ရဲ့ ကြင်နာရက်ရောတဲ့ အလှူငွေနဲ့ သူဘာတွေ၀ယ်ယူနိုင်ခဲ့တယ်ဆိုတာကို မြင်နိုင်ပါတယ်။

မိတ်ဆွေတို့ရဲ့ ရက်ရောစွာလှူဒါန်းမှုအတွက် သူတို့က လှိုက်လှဲစွာကျေးဇူးတင်ပါတယ်တဲ့။ စာဖတ်သူတို့ သိကြတဲ့အတိုင်း လိုအပ်ချက်များ အရေးတကြီးလိုအပ်နေဆဲဆိုတာ။ ကျေးဇူးပြု၍ ဒီသတင်းကို မိတ်ဆွေတို့ရဲ့ အသိုင်းအဝိုင်းများအတွင်းမျှဝေပြီး ကျွန်တော်တို့ရဲ့ ရန်ပုံငွေရှာဖွေခြင်းကို  တတ်နိုင်သမျှ အကူအညီပေးပါရန် မေတ္တာရပ်ခံပါတယ်။

Shwe Lan Ga LayComment