Trax4 Myanmar ကိုနားထောင်ရင်း CDM ကိုထောက်ပံ့ပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲကိုထောက်ခံဖို့  အောက်ပါအနုပညာရှင်များရဲ့  အတူတကွစုပေါင်းစီစဉ် လုပ်ဆောင်မှုများအတွက် ကျွန်တော်တို့အထူးကျေးဇူးတင်ရှိပါတယ်။ ဒီတေးဂီတအယ်လ်ဘန်က ရရှိတဲ့ အကျိုးအမြတ်များကို ကျွန်တော်တို့ရဲ့ရန်ပုံငွေမှာ ထည့်ဝင်ပြီး ယခုအချိန် အရေးတကြီးလိုအပ်နေတဲ့ အဖွဲ့များစွာကို ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။ အကယ်၍ မိတ်ဆွေဟာ ဂီတကိုမြတ်နိုးသူ သို့မဟုတ် မိတ်ဆွေရဲ့သူငယ်ချင်းများထဲမှာ ဂီတနှစ်သက်သူရှိရင် ဒီအယ်လ်ဘန်ကို ဝယ်ယူဖို့ စဉ်းစားစေချင်ပါတယ်။

“ Trax4Myanmar ဟာ VA Bandcamp မူပိုင်ဖြစ်ပြီး မြန်မာနိုင်ငံ အာဏာလုစစ်ကောင်စီကို တွန်းလှန်ဖို့ကြိုးစားနေတဲ့ ဒီမိုကရေစီဆန္ဒပြသူများအတွက် ရန်ပုံငွေရှာဖွေရန် ဖြစ်ပါတယ်။

ဒီစုစည်းပေါင်းစပ်ထားတဲ့ အယ်လ်ဘန်က မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ပံ့ဖို့ အတွက်ဖြစ်ပါတယ်။ အာဏာလုစစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ ညှင်းပန်းမှုတွေ နည်းမျိုးစုံနဲ့ တိုင်းပြည်ကိုထိန်းချုပ်ဖို့ အပြင်းအထန်ကြိုးပမ်းအားထုတ်နေပါတယ်။ ဒီအယ်လ်ဘန်ကရရှိတဲ့ ရန်ပုံငွေအားလုံးကို  Better Burma , a non-profit organization ကိုတိုက်ရိုက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ကစပြီး အယ်လ်ဘန်ကို ဒီမှာဝယ်ယူနိုင်ပါပြီ။

လှူဒါန်းသူအနုပညာရှင်များ -

Meljoann
Splitradix
Cignol
Primary Node
TR-One
Shammen Delly
EeOo
The Person
ZOiD
Lerosa

ပန်းချီ Robert Mirolo

စီစဉ်သူ Alex Lennon

အနုပညာရှင်အားလုံးကို သူတို့ရဲ့ရက်ရောစွာ ပံ့ပိုးမှုတွေအတွက် များစွာကျေးဇူးတင်ရှိပါတယ်။ "

Shwe Lan Ga LayComment