အပိုင်း (၁၁) မြန်မာပြည်မှ ကိုဗစ်-၁၉ : အမျိုးသမီးများရေးရာပိုင်း ထုတ်လွှင့်မှု
ဒီဟာကတော့ ကျနော်တို့ ထုတ်ဝေထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အခန်းဆက်၏ ဒုတိယအပိုင်းပဲ ဖြစ်ပါသည်။ ပထမပိုင်း နားမဆင်ရသေးလျှင် နားဆင်ကြည့်ကြဖို့ ကျနော်တို့ တိုက်တွန်းလိုက်ပါသည်။
ကမ္ဘာတဝှမ်းမှာ ကိုရိုနာကူးစက်ရောဂါပိုး အပြင်းအထန် တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေပြီး တချို့ဒေသတွေမှာ သက်သာလာပြီး တချို့နေရာတွေမှာတော့ ပိုဆိုးရွာလာပါသည်။ သတင်းဌာနတွေအနေနဲ့ ကျန်းမာရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကမ္ဘာတဝှမ်း ပြောင်းလဲလာသော များပြားလှသည့် ဘဝနေမှု နည်းလမ်းများကို အမီလိုက်ဖို့ ခဲယဉ်းလို့နေပါသည်။ ဘဝမှာ အရေးပါဆုံးဟုခံယူထားသော စိတ်ဓာတ်ကျင့်စဉ်နဲ့ တရားဓမ္မ လိုက်စားသော ယောဂီများအပေါ် သက်ရောက်မှုသည်လည်း တခြားသူများထက် မလျော့ပါ။ သို့သော်လည်း ဗမာပြည်သည် မိမိတို့၏ နှလုံးသား တနေရာတွင် ရှိနေပြီးသား ယောဂီများအဖို့ ပြဿနာတခုက အရမ်းအရေးကြီးနေပေမဲ့ တယောက်ယောက်ရဲ့ ကိုယ်တွေ့ ဒါမှမဟုတ် Facebook မှ အလျဉ်းသင့်သလို ပို့စ်များမှလွဲပြီး သတင်းရရှိဖို့ အတော်လေးခက်နေပါသည်။ ဥပမာ မြန်မာပြည်ရှိ ရှင်ရဟန်းများ၊ ဘုန်းကြီးကျောင်းများနှင့် ရိပ်သာများသည် ဒီလို ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ရှေ့ဆက်နေကြသလဲ။
ကျနော်တို့ ထုတ်လွှင့်လျက်ရှိသော မြန်မာပြည်မှ ကိုဗစ်-၁၉ အခန်းဆက်၏ ဒုတိယပိုင်းကို အမျိုးသမီးများရေးရာ ထုတ်လွှင့်မှုအပိုင်း အနေနဲ့ တင်ဆက်ထားပါသည်။ ဖြစ်ပွားနေတဲ့ အကျပ်အတည်းအပေါ် အမျိုးသမီး ၄ဦး၏ အတွေးအမြင်များကို ဒီအပိုင်းမှာ နားဆင်ရမှာ ဖြစ်ပါသည်။ ကမ္ဘာ့ဖြစ်ရပ်များတွင် အရေးကြီးသော အခိုက်အတန့်နှင့် အကျပ်အတည်းကာလ အများစုတွင် သတင်းထုတ်ပြန်ရာ အများသောအားဖြင့် အမျိုးသားများ၏ ဖွင့်ဟသံများဖြစ်ပါသည်။ ဒီအချက်က ကြည်ညိုဖွယ် ဆရာတော်ကြီးများနှင့် အမျိုးသားတရားပြဆရာများ၏ဩဇာ လွှမ်းမိုးသော မြန်မာပြည်အတွက် သေချာပေါက် မှားတယ်လို့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ကျနော်တို့၏ လက်ရှိ အသံလွှင့် အခန်းဆက် တင်ဆက်မှုများတွင် အမျိုးသား အမျိုးသမီး တန်းတူညီမျှသော ဖွင့်ဟမှုများအတွက် အမြဲကြိုးပမ်းလျှက်ရှိရာ ဒီအပိုင်းလေးကိုတော့ သီလရှင်၊အမျိုးသမီးယောဂီတို့၏ ဖွင့်ဟချက် အထူးအစီစဉ် အနေဖြင့် ဖန်တီးလိုခြင်း ဖြစ်ပါသည်။
ပထမဦးစွာ မန္တလေးနှင့် လားရှိုးတွင် မိမိသားငယ်လေးနှင့် နှစ်ပေါင်းများစွာနေထိုင်တဲ့ ပြည်ပရောက် ဗြိတိသျှသူယောဂီ Katie L’Estrange ထံမှ နားဆင်ရမှာ ဖြစ်ပါသည်။ ဘာဝနာအလုပ်တွင် မြုပ်နှံထားသောယောဂီနှင့် ကုသိုလ်ဖြစ် အဖွဲ့အစည်း Holding Umbrellasကို တည်ထောင်ထားသော သူမသည် မကြာသေးမီက မန္တလေးရှိ ကပ်ရောဂါ ခံစားရသော ဆင်းရဲနွမ်းပါးဆုံးသော လူတန်းစားများအတွက် လှူဒါန်းမှုများကို စုဆောင်း ထောက်ပံ့ ကူညီပေးခဲ့ပါသည်။ အစပိုင်းမှာတော့ မြန်မာပြည်မှာ ဆက်နေသွားဖို့ စီစဉ်ထားပေမဲ့ စိုးရိမ်ပူပန်မှု ကြီးထွားလာတာနဲ့အမျှ ဝေလနယ်ရှိ သူမ၏ မိသားစုအိမ်သို့ပြန်သွားခဲ့ပြီး အဲ့ဒီမှတဆင့် သူမ၏ အဖွဲ့အစည်းကို ဆက်လက် ထောက်ပံ့ နေပါသည်။
နောက်တဦးကတော့ လစ်သူနီးယားနိုင်ငံသူ ဆရာလေး ပီယဒဿီ ဖြစ်ပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးရှိ ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်ရှိ အဆောင်မှနေပြီး ကျနော်တို့နှင့် ဆက်သွယ်ပြောပြထားပါသည်။ သူမသည် အပြင်မထွက်ရသောကာလ အခက်အခဲများကို မျှဝေထားပြီး ကမ္မဋ္ဌာန်းကျင့်စဉ်အပေါ် ပို၍အာရုံစိုက်လိုက်ခြင်းသည်ပင် အဓိပ္ပါယ်ရှိသော တနေ့တာကို ထပ်လောင်းဖြည့်စွက်လိုက်တာပါပဲဟု သဘောပေါက်ကြောင်း ပြောပြပါသည်။ တချို့အပြင်လူတွေအမြင်မှာတော့ မြန်မာပြည်ဆိုတာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်နိမ့်ပြီး အရင်းအမြစ် နည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားလွန်းလှတဲ့ ဒဏ်ချက်အောက် မကြာခင် ပြိုလဲသွားလိမ့်မည်ဟု ထင်ကြပါသည်။ ဒါပေမဲ့ အဲ့လိုမဟုတ်ကြောင်း ကပ်ရောဂါကိုရင်ဆိုင်ကြရတဲ့ ဒေသခံအဖွဲ့စည်းမှ အဖွဲ့ဝင်များရဲ့ ကြီးမားတဲ့ ကရုဏာတရားနဲ့ တာဝန်ယူမှုက ကြားရသည့် သတင်းများအရ အနောက်နိုင်ငံများ ထက်သာလွန်သည်ကို မြင်တွေ့ရကြောင်းနှင့် အတိအကျအားဖြင့်ဆိုရလျှင် အကန့်အသတ်ရှိသော တည်ဆောက်ဆဲစနစ်အောက်မှာတောင် တဦးကိုတဦး စောင့်ရှောက်နိုင်စွမ်းက ဗမာတို့ဆီမှာ ရှိနေပြီဟု ဆရာလေးက ယုံကြည်စွာ မှတ်ချက်ပြုပါသည်။
ထို့နောက် ပိုလန်နိုင်ငံသူ ကျောပိုးအိတ်ခရီးသည်အဖြစ်မှ ယောဂီဖြစ်လာသူ Dominica Bastrzyc က ကျနော်တို့ဆီကို ရန်ကုန်မြောက်ပိုင်း အလှမ်းဝေးတဲ့ ဘုန်းကြီးကျောင်းကနေ လှမ်းပြီး ဆက်သွယ်ထားပါသည်။ အရှေ့တောင်အာရှတဝှမ်း ခရီးဆန့်ခဲ့ပြီးနောက် အနောက်တိုင်းခရီးသွားများ တထောက်နားနေကျနေရာ ဖြစ်လာတဲ့ သဘာဝဘုန်းကြီးကျောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ထိုနေရာ၌ အရှင်သရဏ ဟောကြားသော တရားတော်သည် သူမစိတ်တွင် စွဲထင်ကျန်ရစ်ခဲ့သည်။ သဘာဝမှ ထွက်လာပြီးနောက် မြန်မာပြည်မြောက်ပိုင်းကို ခြေဆန့်ခဲ့ပြီး တနေ့နေ့တွင် ကမ္မဋ္ဌာန်းကို လေ့လာဖို့ တမ်းတခဲ့သည်။ ဒီအခွင့်အရေးက ကပ်ရောဂါဖြစ်ပွားချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် အကောင်ထည်ပေါ်ခဲ့သည်။ လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းတော့မည်ဖြစ်ရာ သူမ၏ခရီးသွားဖော်များသည် မြန်မာပြည်မှ နောက်ဆုံးလေယာဉ်များဖြင့် ထွက်ခွာသွားခဲ့ကြပြီး သူမ၏မိဘများကလည်း ပြန်လာဖို့ရန် အသည်းအသန် တောင်းပန်ခဲ့သည်။ သို့သော် ဦးသရဏ၏ လမ်းညွှန်မှုအပေါ် သဒ္ဓါတရားတိုးပွားလာပြီး သူမ၏ကမ္မဋ္ဌာန်းကျင့်စဉ်(တလှည့်စီ အာရုံစိုက်လေ့ကျင့်သော မေတ္တာကမ္မဋ္ဌာန်းနှင့် သေခြင်းတရားကို လက်ခံဆင်ခြင်ရသော ကမ္မဋ္ဌာန်းများ)မှ အကျိုးကျေးဇူးများကို သိမြင်ရကာ ဘုန်းကြီးကျောင်းတွင် ဆက်လက်နေထိုင်ခြင်းသည်ပင် သူမအတွက် အကောင်းဆုံးဟု ခံစားမိကြောင်း ပြောပါသည်။
နောက်ဆုံးတွင် လစ်သူနီးယားနိုင်ငံသူ ယောဂီ Inga Bergman နှင့် ဒီအပိုင်းလေးကို သိမ်းထားပါသည်။ လွန်ခဲ့သောနှစ်တွေက မြန်မာပြည်သို့ ဘုရားဖူးခရီးစဉ်တွင် သွားရောက်ခဲ့သော ဆရာကြီးဦးဂိုအင်ကာ၏ ဝိပဿနာလမ်းစဉ်များနှင့် ဆက်စပ်နေသော အထင်ကရနေရာများသည် သူမဘဝကို ပြောင်းလဲစေခဲ့သည်။ ခရီးစဉ် ပြီးဆုံးပြီးနောက် သူမ၏ ဧည့်လမ်းညွှန် မျိုးမျိုးနှင့် အဆက်သွယ်မပြတ်ရှိနေခဲ့ပြီး မျိုးမျိုးက ရန်ကုန်ဘုန်းတော်ကြီးကျောင်းများတွင် လုံလောက်သော ရိက္ခာ ထောက်ပံ့မှုရဖို့ မစွမ်းနိုင်တော့ကြောင်း ခက်ခဲလွန်းလှသည့် အခြေအနေကို အကြောင်းကြားလာခဲ့သည်။ ချီကာဂိုရှိ သူမနေအိမ်ှ ပထမဦးဆုံးသော အလှူအတွက် ကားဖြင့် လှည့်လည်မောင်းနှင် အလှူခံရာ မိတ်ဆွေများနှင့် အလှူရှင်များထံမှ ဒေါ်လာ တသောင်းခွဲ ရရှိခဲ့ပြီး လိုအပ်သည့် အထောက်အပံ့များ ဝယ်ယူဖို့ ချက်ချင်းသုံးနိုင်ရန် မြန်မာပြည်သို့ လွှဲပြောင်းပေးခဲ့သည်။