အပိုင်း(၁၀) မြန်မာပြည်မှ ကိုဗစ်-၁၉ : ဗမာ့ရေးရာပိုင်း ထုတ်လွှင့်မှု


ဒီလို ကပ်ရောဂါကာလမှာ ရှုပ်ထွေးလာတဲ့ ကျနော်တို့ ဘဝနေမှု ပုံစံသစ်တွေက ပဲပင်အညှောက် ပေါက်သလို အသစ် အသစ်တွေ ဆက်တိုက် ထွက်လာနေတော့ ကျွမ်းကျင်တဲ့ သတင်းသမားတွေတောင် သတင်း အနိုင်နိုင်လိုက်နေရပါသည်။ စားနပ်ရိက္ခာ ပြဿနာမှ စီးပွားရေးကျဆင်းမှု၊ မယုံနိုင်လောက်တဲ့ သေဆုံးမှုနှုန်းတွေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုတ်ယုတ်မှု၊ တစ်ခါတလေ သတင်းတွေကြားရတာ အသက်ရှုရပ်မတတ် ခံစားရမှု၊ သတိလက်မလွတ်တမ်းနေရပြီး လူအနည်းအကျဉ်းလောက်သာ နားလည်နေသော လောကကြီးထဲသို့ ကျနော်တို့ကို ပစ်ချလိုက်သလိုပါပဲ။ နောက်ပြီး ပြဿနာကို ကိုင်တွယ်နိုင်ပြီဟု ထင်ရုံသာရှိသေးသည်၊ ထပ်ပြောင်းသွားပြန်ပြီဟူသော သတိပေးချက်များက ကျနော်တို့လက်ကိုင်ဖုန်းများမှ တတောင်တောင် တက်လာပါသည်။ 

သို့သော် အရှိန်ဟုန်ပြင်းပြင်း စီးဆင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး နယ်ပယ်စုံနဲ့ ဆက်စပ်နေသော လူတိုင်းအပေါ် ဂယက်ရိုက်ရုံသာမက တရား ကျင့်ကြံနေသူများအတွက် အတိုင်းအတာတခုအထိ စိုးရိမ်ဖွယ်ရာ ရှိသေးသည်။ အများသောအားဖြင့် ဒီလိုပုံစံ မေးခွန်းများလည်း တွေ့ရတတ်သည်။ ကပ်ရောဂါဖြစ်ပွားချိန်မှာ ဘယ်လိုပုံမျိုး တရားအားထုတ်သင့်သလဲ။ လက်ရှိ ပတ်ဝန်းကျင်က ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ဘယ်လိုရင်ဆိုင်မလဲ ဒါမဟုတ် ဘယ်လို ဖြေရှင်းနိုင်မလဲ။ လုံးဝ ပိတ်ချထားလိုက်ပြီဖြစ်တဲ့ တရားရိပ်သာများက ကပ်ရောဂါကို ဘယ်လို တုံ့ပြန်နေပါသလဲ။ မြန်မာပြည်မှာနေဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံခြားသား ယောဂီများနဲ့ ရှင်ရဟန်းများ ဘယ်လို ရှေ့ဆက်သွားမလဲ။ အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်ပြီး စည်းကမ်းတင်းကျပ်သော ဗမာဘုန်းကြီးကျောင်းများ အနေဖြင့် ဈေး၊ အလှူရှင်များနှင့် ထိတွေ့ခွင့် နည်းပါးလာခြင်းကို ဘယ်လို စီမံနေပါသလဲ။

ဒါတွေကတော့ ယခုအပိုင်းနှင့် နောင်လာမည့် Insight Myanmar အသံလွှင့် အစီအစဉ်သစ် အခန်းဆက်များ အနေနဲ့ တင်ဆက်သွားဖို့ ဖြစ်ပါသည်။ ဒီအစီအစဉ်ကနေ ကိုရိုနာ ကပ်ရောဂါသည် ဗမာ့ဘုန်းတော်ကြီး အဖွဲ့အစည်းများကို ဘယ်လို ထိခိုက်မှုရှိနေပြီလဲ၊ ကမ္ဘာ အရပ်ရပ်က ယောဂီများအပေါ် သက်ရောက်မှုများနဲ့  ထွက်ပေါ်လာတဲ့ အကျပ်အတည်းပေါ် သစ်လွင် ဆန်းသစ်တဲ့ နည်းလမ်းများဖြင့် တုံ့ပြန်ဖို့ ဆရာသမားများကို တွန်းအားပေးမှုများ စသည်ကို ရှာဖွေဖော်ထုတ်သွားရေးပဲ ဖြစ်ပါသည်။ အခုလို လုံခြုံသေချာမှု မရှိသော ကာလမှာ တင်ဆက်ပေးမဲ့ အသံများသည် သတင်းအချက်အလက်နှင့် ထိုးထွင်းဉာဏ်စွမ်းကို ထောက်ကူပေးဖို့နှင့် မိတ်ဆွေ၏ ပညာမျိုးစေ့လေးများ နိုးကြားလာဖို့ အကူအညီ ဖြစ်မည်ဟု မျှော်လင့်မိပါသည်။  

ကျနော်တို့ လုပ်ဆောင်နေတဲ့ မြန်မာပြည် ကိုဗစ်-၁၉ အခန်းဆက် အသံလွှင့်အစီအစဉ် အဖွင့်ပိုင်း၊ ဗမာပိုင်း အစီအစဉ်မှာ ဒေသခံလေးဦးပြောပြတဲ့ အကျပ်အတည်းကာလအပေါ် သူတို့ရဲ့ အတွေးအမြင်များ၊ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုနှင့် ကျင့်စဉ်တို့က သူတို့ရဲ့လက်ရှိ အတွေ့အကြုံပေါ် ဘယ်လို သတိပေးသလဲ ဆိုတာပြောပြထားပါသည်။ ဒီစကားဝိုင်းမှာ အဓိကဆိုလိုရင်းတွေ တူညီနေကြပါသည်။ လောကဓမ္မတာနဲ့ မိမိတို့ကံတရား ဆက်စပ်နေပုံ၊ မြန်မာသည် တရုတ်နှင့် နီးကပ်စွာ တည်ရှိနေပုံ၊ ဗမာအစိုးရ၏ လုံခြုံရေး အသိနှင့် လက်ရှိအကျပ်အတည်းအပေါ် တုံ့ပြန်ပုံ၊ မေတ္တာ၏ စွမ်းအားကြီးမားပုံတို့ကို ပြောပြထားကြပါသည်။

ပထမဦးစွာ ဒေသခံသမိုင်းပညာရှင်၊ သာသနာကိုထောက်ပံ့သူ မြန်မာပြည် မြောက်ပိုင်း မုံရွာပြင်ပ ချောင်းဦးရွာငယ်လေးမှ ဇော်ဝင်းထက် ပြောပြထားပါသည်။ မိုဘိုင်းဖုန်းမှတဆင့် ရောက်လာသော သတင်းများကြောင့် ခံစားရတဲ့ စိုးရိမ်မှုကို ကျော်လွှားနေရကြောင်း၊ ကူးစက်ရောဂါပိုးက သူတို့မြို့နယ်အထိ ပျံ့နှံ့လာပြီး မိဘများနဲ့ မွေးကင်းစ သားငယ်လေး ကူးစက်ခံရမှာကို ကြောက်နေကြောင်း ပြောပြပါသည်။ မဟာဗောဓိတထောင် ဆရာတော်ကြီး၏ အဆုံးအမကို နာခံပြီး ပရိတ်တရား၊ အန္တရာယ်ကာကွယ်တဲ့ သုတ္တန်များကို ရွတ်ဖတ်ခြင်း၊ စိတ်ငြိမ်အောင်ထားခြင်း၊ တကမ္ဘာလုံးကိုလည်း မေတ္တာပို့ပြီး အလားတူ ဒုက္ခရောက်နေသူများကို ကူညီခြင်းတို့ကို လုပ်ဆောင်နေကြောင်း ပြောပြပါသည်။ အဆုံးသတ်အနေနဲ့ ဒီလို ခက်ခဲတဲ့ အချိန်ကာလမှာ ယောဂီတွေအတွက် စိတ်နဲ့ခန္ဓာကို ကြည့်ရှုဖို့ရာနဲ့ ဒီလို အခြေအနေကို အကြောင်းပြုပြီး ထိုးထွင်းဉာဏ်စွမ်းအားရနိုင်တဲ့  အထူးအခွင့်အလမ်း ရှိနေကြောင်း ထောက်ပြသွားပါတယ်။  

နောက်တဦးကတော့ လေးစားဂုဏ်ယူရပါသော ဘာသာပြန်ဆရာမကြီး၊ ပညာရှင် ဒေါက်တာ Jenny ကိုကြီး ဖြစ်ပါသည်။ တိရစ္ဆာန် အခွင့်အရေးအတွက် အမှန်တကယ် တက်ကြွလှုပ်ရှားနေသာ သူမသည် ကိုဗစ်-၁၉ စတင်ရာ ဝူဟန်ရှိ တိရစ္ဆာန် ဈေးကွက်ကို သတိထားမိပြီးသား ဖြစ်ပါသည်။ အဲဒီမှာရှိတဲ့ တိရစ္ဆာန်လေးများ အထူးသဖြင့် ခွေးကလေးများအပေါ်  ပြုမူဆက်ဆံပုံကို အလွန်ပင်စိုးရိမ်ကြောင်း ဆိုပါသည်။ မိမိတိုင်းပြည်နဲ့ ပတ်သက်ပြီးလည်း ဗမာဆရာတော်ကြီးများဖြစ်သော အရှင်ဆေကိန္ဒနှင့် သီတဂူဆရာတော်တို့၏ ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်နေမှုကိုလည်း လေးစားကြောင်းပြောပါသည်။ တချို့ ဘုန်းကြီးကျောင်းများ နေ့စဉ်ဆွမ်းခံထွက်ခြင်းမှ ရပ်နားထားရပြီး ကျောင်းရှိ သံဃာများ အစားအစာ လုံလောက်မျှတဖို့ ချိန်ဆနေရကြောင်း ထောက်ပြ ပြောဆိုပါသည်။ အခုချိန်ထိ ကျေးရွာနေ ဗမာတော်တော်များများကတော့ ထမင်းဝိုင်းမှာ ဇွန်းတချောင်း တူတူသုံးနေကြဆဲ ဆိုပေမဲ့ မြို့ပြနေ လူတွေမှာ ပိုပြီး သတိထားလာကြကြောင်း ပြောပြပါသည်။ ခြုံပြောရလျှင် ကံစွမ်းတရားနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖြစ်လာရာ မကောင်းမှုအပြစ်မှ ကင်းအောင်နေတတ်သူများအဖို့ ပြင်ပ အန္တရာယ်များကို ကြောက်ရွံ့မှုနည်းပါးစွာဖြင့် နေထိုင်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားပါသည်။    

ထို့နောက် သာသနာ့ဘောင်ကို စွန့်ခွါပြီး သဘာဝမြေဆွေးထုတ်ကုမ္ပဏီ, Bokashi Myanmarကို  တည်ထောင်သူ Inda အောင်စိုး ပြောပြထားတာကို နားဆင်ရမှာ ဖြစ်ပါသည်။ သူ၏ရန်ကုန်နေအိမ်မှနေ၍ ကျနော်တို့ထံ ပြောဆိုရာ၌ ကိုယ့်အကျိုးစီးပွား တခုတည်းထက် လူသားဆန်တဲ့ အလုပ်အကိုင်ကို ရှာဖွေလုပ်ကိုင်ဖို့ လူဝတ်ကြောင်ဘဝထဲကို ပြန်လည်ရတာ ဘယ်လောက်အရေးပါကြောင်း ပြောပြထားပါသည်။ လက်ရှိ အကျပ်အတည်းနဲ့ စပ်လျဉ်း၍ မြေဩဇာဖြစ်ခြင်းသည် ကမ္ဘာကြီး ပြောင်းလဲမှုအတွက် ထိရောက်တဲ့ တုံ့ပြန်မှုဖြစ်ကြောင်း၊ ပိုပြီး ရေရှည်တည်တံ့ဖို့နှင့် အမှီခိုကင်းစေဖို့ သေချာစေကြောင်း ဆိုပါသည်။ နောက်ဆုံးမှာ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းများ ကျဆင်းလာမှု၊ တရုတ်သို့ ပုံမှန်တင်ပို့ရသော အရည်သွေးကောင်း ဒေသထွက် သစ်သီးများကို ဈေးနှုန်းအချိုသာဆုံးနဲ့ ရနိုင်ပြီး သဘောကျစရာတည်းခိုခန်းများတွင်လည်း ဒေသခံများ တတ်နိုင်လောက်သော နှုန်းထားအထိ လျှော့ချထားခြင်းတို့သည်ပင်  အဆိုးထဲက အကောင်းများအနေနဲ့ မှတ်ချက်ပြုထားပါသည်။ 

နောက်ဆုံးအနေဖြင့် ဒီအပိုင်းကို မြန်မာပြည် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့လာနေမှုကို တာဝန်၏ တစိတ်တပိုင်းအားဖြင့် နေ့စဉ်စာရင်းပြုစုရသော နေဇော်ထွန်းနဲ့ အဆုံးသတ်ထားပါသည်။ ပြည်တွင်းကူးစက်မှု နည်းပါးရတဲ့ အကြောင်းတရားသည် တက်ကြွသော ဆေးမှုထမ်း အရေတွက်များပြားခြင်းနဲ့ ဘုန်းတော်ကြီးများ ပို့သတဲ့ မေတ္တာစွမ်းအားများကြောင့်ဖြစ်ကြောင်း သူက ခံစားမိပါသည်။ အဲ့ဒီလို အနေထားမှာတင် ဗမာပြည်သူအားလုံးက အပြင်ထွက်ရင် နှာခေါင်းစည်းများ မတပ်ကြကြောင်း၊ လူထုတရပ်လုံးက တင်းကျပ်တဲ့ ကျန်းမာရေး စံနှုန်းများကို လိုက်နာသင့်ကြောင်း မှတ်ချက်ပြုပါသည်။

ပံ့ပိုးမှုအတွက် တောင်းဆိုခြင်း - Insight Myanmar podcast စတင်ဖို့အတွက် ခွင့်ပြုခဲ့တဲ့ ကနဦး ရန်ပုံငွေများသည် မျှော်လင့်တာထက်ပိုမိုရရှိခဲ့ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပါသည်။ ကံမကောင်းစွာဘဲ ရက်ရက်ရောရော မတည်ထားတဲ့ အလှူများသည် ထုတ်လုပ်မှု  အကျိုးဖြစ်ထွန်းရေးအတွက် လိုအပ်ချက်နှင့် ဒီကိုင်တွယ်ရမလွယ်တဲ့ ကျန်းမာရေး အကျပ်အတည်းကာလမှာ ယောဂီများဖွင့်ဟလာတဲ့ ဗမာဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာများ၏ စိုးရိမ်ဖွယ်အခြေအနေတို့အတွက် ခန့်မှန််းတွက်ဆ မထားခဲ့မိပါ။ အသံလွှင့်ခြင်းဆိုင်ရာ ပါဝင်သူ အားလုံးနီးပါးသည် စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး အနည်းစုကတော့ သူတို့၏ ဆိုင်ရာကျွမ်းကျင်လုပ်အားခအတွက် ၅၀% ထက်ပိုများသော လျှော့ကြေးများဖြင့် ပါဝင်ကြသော ယောဂီများဖြစ်ပါသည်။ မည်သို့ဆိုစေ အပိုင်းတပိုင်း ထုတ်လုပ်နိုင်ဖို့ အနည်းဆုံး ဒေါ်လာငွေရာနဲ့ချီပြီး သုံးစရာမလိုတဲ့နည်းလမ်း မရှိသေးပါဘူး။ ဒါကြောင့် မိတ်ဆွေအနေနဲ့ အကြောင်းအရာ အသစ်တွေကို ထောက်ပြတဲ့ အသံဖိုင်များကို နားဆင်လိုသည် ဖြစ်စေ၊ သူတပါး နားဆင်ဖို့ လက်လှမ်းမီအောင် ကူညီလိုသည်ဖြစ်စေ ကျေးဇူးပြုပြီး ပါဝင် လှူဒါန်းဖို့ စဉ်းစားပါ ခင်ဗျာ။

ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါသည်။ လုံခြုံစွာနေပါ။ ကျန်းမာပါစေ။