ညောင်ရွှေမှအရေးပေါ်အကူအညီတောင်းခံချက်

နောက်တစ်ရက်၊ နောက်တစ်ဖွဲ့ရဲ့ ကယ်ဆယ်ရေးအရေးတကြီးတောင်းခံမှု နောက်တစ်ခုရောက်လာပြန်ပြီ။  စာဖတ်သူများ ရက်ရောစွာလှူဒါန်း ကြသလို ကျွန်တော်တို့မှာလည်း အရေးပေါ်အခြေအနေတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြုံကျနေပါတယ်။ ဆင်းရဲဒုက္ခပေါင်းများစွာကြုံတွေ့နေရသူများ အတွက် နောက်ထပ်အလှူငွေများက သူတို့ကြုံနေရတဲ့ ဒုက္ခတွေကိုရင်ဆိုင်ရာမှာ အထောက်အကူများစွာ ပေးနိုင်ပါလိမ့်မယ်။ 

တချိုန်ကသာယာတဲ့ ရှမ်းမြို့ကလေးညောင်ရွှေက မထင်မှတ်ဘဲကောင်းတဲ့ကော်ဖီ၊ အမေရိကန်မနက်စာ၊ ဘက်ပက်ကာ backpaker တို့အကြားနာမည်ကြီး ကလောခြေလျင်တောင်တက်ခရီး၊ အင်းလေးကန်နဲ့ တခြားအလားတူနေရာတွေကို ပြောပြချင်ပါတယ်။ ညောင်ရွှေကို မကြာသေးခင်ကမှ ထုတ်လွှင့်လိုက်တဲ့ the enthralling recent interview with Bhikkhu Mokkhita, မှာလဲ ညွှန်းထားတာကို သတိရမယ်ထင်ပါတယ်။

ညောင်ရွှေမှာ နဂိုရှိပြီးဒုက္ခတွေအပြင် အနီးအနားက ကယားပြည်နယ် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေကို စစ်တပ်က ပြင်းထန်စွာအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထောင်ပေါင်းများစွာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ညောင်ရွှေမြို့ကို တိမ်းရှောင်ရောက်ရှိလာကြပါတယ်။

ဒါပေမယ့်ညောင်ရွှေမှာ စစ်သားတွေရှိနေတာကြောင့် သူတို့ကို ထောက်ပံ့ကူညီဖို့ခက်နေပါတယ်။

ဒီနယ်မြေက ယောက်ျားလေးအားလုံးလဲ စစ်တပ်က ပစ်မှတ်ထားဖမ်းဆီးတာတွေကို ရင်ဆိုင်နေရတဲ့အတွက် တိမ်းရှောင်နေရပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တာတွေ အလွန့်အလွန်လိုအပ်နေပါတယ်။ စစ်တပ်က ဒေသတခုလုံးကို ပိတ်ဆို့ပြီး ထောက်ပံ့ရေးများမရနိုင်အောင်ပြုလုပ်နေတဲ့အတွက် အားလုံးဒုက္ခများစွာကြုံနေရပါတယ်။