"ဘုရားသခင်ကောင်းချီးပေးပါစေ!" ချင်းဆရာဝန်များ၊ တီးတိန်၊ ချင်းပြည်နယ်

“ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ CDM အဖွဲ့ဝင်တွေကို ထောက်ပံ့ပေးတဲ့ အလှူရှင်အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစပြီး CDM ၀င်ကတည်းက သုံးလေးလ ကျွန်တော်တို့ လခမရခဲ့တာကြောင့် အခုရတဲ့ အလှူငွေတွေက အများကြီး အထောက်အကူပြုပါတယ်။ အလှူရှင်များရဲ့ အလှူငွေတွေကို တီးတိန်အထွေထွေဆေးရုံကြီးက ဆရာဝန် ၁၀ ဦးကို ပေးဝေခဲ့ပါတယ်။

ကျွန်တော်တို့ အလှူငွေတွေကို နေရာအများကြီးမှာသုံးနိုင်ခဲ့ပါတယ်။ မိသားစုများအတွက် အစားအစာ ဝယ်တာ၊  လူနာတွေကို အခမဲ့ဆေးကုသပေးနိုင်ဖို့ ဆေးဝါးတွေဝယ်တာ၊ တချို့ကို စစ်တပ် အဖမ်းမခံရအောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဆရာဝန်တွေ သွားရေးနေရေးအတွက်တို့မှာ သုံးပါတယ်။ တချို့အဆင်ပြေတဲ့ဆရာဝန်တွေက တခြားလိုအပ်နေတဲ့သူတွေကို ထောက်ပံ့ရာမှာသုံးပါတယ်။   

ဒါကြောင့် အခုလို လှူဒါန်းပြီး ကျွန်တော်တို့အားလုံးကို အကူအညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ 

အလှူရှင်များအားလုံး တယောက်မကျန် ဘုရားသခင်ကောင်းချီးပေးပါစေ!”