သံဃာတော်တွေကိုသတ်တဲ့စစ်တပ်

ကျွန်တော်တို့ရဲ့ စေတနာ့၀န်တစ်ဦး ရန်ကုန် - မန္တလေး အဝေးပြေးလမ်းမကြီးပေါ်က ဘုန်းကြီးကျောင်း တစ်ကျောင်းကို ကြုံကြိုက်လို့ဝင်လိုက်တဲ့အခါ ထိတ်လန့်စဖွယ် အဖြစ်အပျက်တစ်ခုကို သိလိုက်ရပါတယ်။ 

ဒီကျောင်းက ဆရာတော်ကို သက်သေအထောက်အထားမရှိဘဲ  ဒေသခံတွေကို စစ်တပ်ရဲ့ရန်က အကာအကွယ်ပေးနေတဲ့ မန္တလေးကာကွယ်ရေးတပ်ဖွဲ့အတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲပါတယ်။ တစ်ရက် ဆရာတော် ဘယ်သူမှသတိမပြုမိလိုက်ဘဲ ပျောက်သွားပြီး၊ တစ်ပတ်အကြာမှာ ရွာသားတွေ ဆရာတော့်အလောင်းကို ရွာအနီးအနားက ရေကန်တစ်ခုမှာ မျောနေတာကို တွေ့ကြရပါတယ်။ 

ဆရာတော်က ဒေသခံရပ်ရွာလူထုအတွက် အမြဲအကောင်းဆုံးကြိုးစားပေးလေ့ရှိတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ အချိန်အတွင်း ကျောင်းမှာရှိသမျှအလှူငွေကလေး ကုန်ခမ်းသွားခဲ့ပါတယ်။ အခုတော့ အငယ်ဦးဇင်းတွေ လမ်းပြဦးဆောင်ပြုပေးမဲ့ ဆရာတော်မရှိတော့လို့  တရားဓမ္မအလုပ်ကို ဘယ်လို ဆက်သွားရမယ်ဆိုတာ မသိဖြစ်နေကြပါတယ်။

ဒီအဖြစ်အပျက်ကလေးက မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့တရားတော်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ စစ်တပ်က ဘယ်လောက်အထိ နှောက်ရှက်ဖျက်စီးနိုင်စွမ်းရှိတယ်ဆိုတာ၊ တိုင်းပြည်ရဲ့  ဗုဒ္ဓသာသနာ အခြေခံ အဆောက်အအုံတွေကို တမင်သက်သက်ဖြိုဖျက်နေတယ်ဆိုတာတွေကို ထပ်မံသတိပေးနေပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမများနဲ့ လွှမ်းခြုံနေတဲ့နိုင်ငံတစ်နိုင်ငံဟာ အခုလက်ရှိမှာ အတွင်းက တိုက်ခိုက်ခံနေရတာကို တွေ့ရတာ ယူကျုံးမရဖြစ်စေပါတယ်။

ကျွန်တော်တို့ရဲ့ စေတနာ့၀န်ထမ်းက ဒီကျေးရွာနဲ့ အဆက်အသွယ်ရှိပြီး  ကျောင်းကိုထောက်ပံ့ရန်အတွက် လှူဒါန်းလိုတဲ့ အလှူငွေများကို ပို့ပေးနိုင်ပါတယ်။