စစ်တပ်က ဘာကြောင့် သင့်ကိုလိုက်ဖမ်းနေတာလဲ။

တလောက ဆရာတော်Mokkhitaနဲ့ အင်တာဗျူးကိုလွှင့်ပြီးတဲ့အခါ နားဆင်သူတွေဆီကနေ တုန့်ပြန်မှုများစွာ ကျွန်တော်တို့ ပြန်ကြားခဲ့ရပါတယ်။ သူ့ရဲ့ သဘာဝနဲ့သဟဇာတဖြစ်တဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းအဆောက်အအုံတစ်ပိုင်းမီးလောင်သွားခဲ့သလို ပြီးခဲ့တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကာလတွေကတည်းက အဖက်ဖက်ကတိုးတက်လာနေခဲ့တဲ့ အရာတွေဟာလည်း မတော်လောဘနဲ့ မိုက်ရူးရဲဖျက်ဆီးဆုတ်ယုတ်စေမှုတွေကြောင့် ပြိုလဲသွားခဲ့ရပါပြီ။ အောက်ပါ စကားစုလေးကတော့ ဒီရဟန်းတော်ရဲ့ ဂျာမနီနိုင်ငံကဖခင်လိုမျိုး အပြင်လူများရဲ့အမြင်ကနေဆိုရင် စစ်ကောင်စီဟာ သူတို့နိုင်ငံလူ့ဘောင်ရဲ့ ကောင်းကျိုးကို ဆောင်ရွက်နေသူမှန်ရင် ဖမ်းဆီပြစ်ဒဏ်ချနေပုံကို ထင်ဟပ်နေပါတယ်။

ဒါမျိုးကို သူတို့အကြာက်ဆုံးပဲ - ဒါနဲ့ပဲ တိုင်းပြည်အတွက်ကောင်းတာလုပ်နေသူမှန်သမျှဟာ လိုက်လံဖမ်းဆီးခံရတယ်၊ ပစ်သတ်ခံရတယ်၊ နှိပ်စက်ခံရတယ်။
— ဆရာတော် Mokkhita

“အဲဒီပရဟိတပရောဂျက်တွေမှာ ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမတည်ပေးတဲ့ အဖွဲ့အစည်းတွေကို ဦးဇင်းသိနေမြင်နေပြီးသား။ ဦးဇင်းတို့နဲ့ ချိတ်ဆက်ထားတဲ့ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေထဲက ဒေသတွင်းမှာ  NGOအလုပ်နဲ့ ကျော်ကြားတဲ့ ကျောင်းတစ်ကျောင်းဆိုရင် စစ်သားအယောက် ၁၅၀ နဲ့ ဝိုင်းဖျက်ဆီးခံရတယ်။ ရစရာကိုမရှိအောင် ဖျက်ဆီးခံရတာ၊ ကျောင်းကဦးစီးသူတွေဆိုရင် ဖမ်းခံထိရင်ထိ မထိရင် ထွက်ပြေးပုန်းရှောင်နေရတယ်။ စိတ်မကောင်းစရာက ဒီမှာပဲဖြစ်တဲ့အဖြစ်မျိုးမဟုတ်ဘဲ ဒါမျိုးအဖြစ်ဆိုးတွေအများကြီးရှိနေတာပါပဲ။

ဦးဇင်းအဖေဆိုရင် ဒါတွေအကုန်လုံးကို နားမလည်နိုင်ဖြစ်နေတယ်- ‘ဘာကြောင့်လဲ? ဘာကြောင့် မင်းကို စစ်ကောင်စီက လိုက်ဖမ်းရတာလဲ? သူတို့တွေ ဘာကြောင့်များ မင်းနဲ့ တခြားသူတွေကို ဒီလိုလုပ်ကြတာလဲ? မင်းတို့ဆိုတာ အဲဒီနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီး ကလေးတွေကို ကူညီနေခဲ့တဲ့သူတွေလေ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကူညီထောက်ပံ့မှုတွေရယူပေးပြီး ပညာရေးကောင်းကောင်းပေးနိုင်အောင် ပြောင်ပြောင်မြောက်မြောက်ကြိုးစားပေးခဲ့သူတွေလေ။ သူတို့အနေနဲ့ မင်းတို့လိုလူတွေကို ချီးမြှောက်ထောက်ပံ့တာပဲလုပ်သင့်တယ်မဟုတ်လား။’

အဲဒါကိုက အဓိကအကြောင်း ဖြစ်နေတာပဲ။

နိုင်ငံ့ကလေးတွေနဲ့ ပြည်သူတွေကို ကူညီတဲ့သူ၊ နိုင်ငံမှာ သာယာဝပြောမှု လွတ်လပ်မှု သဘောထားပွင့်လင်းမှုတွေ၊ ဒီမိုကရေစီ အခြေခံအနှစ်သာရတွေ ကူညီဆောင်ကြဉ်းပေးသူ၊ နိုင်ငံမှာ ကောင်းကျိုးပြုနေသူမှန်သမျှဟာ စစ်ကောင်စီအတွက် ဘေးအန္တရာယ်ပါပဲ။

စစ်ကောင်စီဟာ နိုင်ငံတကာက စာသင်ကျောင်းတွေ၊ NGOအဖွဲ့အစည်းတွေ၊ နိုင်ငံခြားတိုင်းပြည်တွေနဲ့ အချိတ်အဆက်ကောင်းကောင်းရှိနိုင်လောက်တဲ့ ပွင့်လင်းလွတ်လပ်တဲ့၊ သဘောထားပွင့်လင်းတဲ့သူတွေကို သူတို့အလိုမရှိဘူး။ ဒါမျိုးကို သူတို့အကြာက်ဆုံးပဲ - ဒါနဲ့ပဲ တိုင်းပြည်အတွက်ကောင်းတာလုပ်နေသူမှန်သမျှဟာ လိုက်လံဖမ်းဆီးခံရတယ်၊ ပစ်သတ်ခံရတယ်၊ နှိပ်စက်ခံရတယ်။ ”