အင်တာနက်ဖြတ်တောက်ခြင်း

“ဘာကြောင့်အင်တာနက်ဖြတ်တောက်တာလဲ။”

ဒီမေးခွန်းက ပြည်သူ့ဘက်ကိုပြောင်းလာတဲ့ တပ်မတော်အရာရှိတယောက်ကို ထုတ်ခဲ့တဲ့ မေးခွန်း ဖြစ်ပါတယ်။ သူ့အဖြေက လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။

 “ စစ်တပ်ခေါင်းဆောင်တွေက ကျွန်တော့်ရဲဘော်တွေ သတင်းအမှန်ကိုသိပြီး အမှန်တရားဖက်ပါသွားမှာကို အသေအလဲကြောက်ကြလို့ပါဘဲ။”

အခုအချိန်အထိ မြန်မာဆန္ဒပြသူအများစုက အင်တာနက်ပိတ်ဆို့မှုရဲ့ အဓိကရည်ရွယ်ချက်က ဆန္ဒပြ လှုပ်ရှားသူတွေ အချင်းချင်းမဆက်သွယ်နိုင်အောင်၊ ပြင်ပကမ္ဘာနဲ့လဲ အဆက်အသွယ် မလုပ်နိုင်အောင် ဖြတ်တောက်တာလို့ ယူဆနေကြပါတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်းမှန်ပေမဲ့ အဓိက အင်တာနက် ဖြတ်တောက်ရခြင်းရဲ့ အကြောင်းရင်းက စစ်သားတွေ အင်တာနက် ကြည့်ခွင့်မရအောင်ထိန်းချုပ်ဖို့ ဖြစ်တယ်ဆိုတာကို လူအနဲငယ်ကဘဲ သိပါတယ်။ စစ်သားတွေ အပြင်လောကက သတင်းမှန်တွေကြားပြီး သူတို့ရဲ့ တပ်တွင်းဝါဒဖြန့်မှုတွေကို မယုံကြည်တော့မှာ အထူးစိုးရိမ်လို့ ဖြစ်ပါတယ်။

ဒီအဖြေက အင်မတန်အရေးကြီးတဲ့အတွက် တက်ကြွလှုပ်ရှားသူတော်တော်များများက ဒီစကားလုံးတွေကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီအဖြေကို ဆိုရှယ်မီဒီယာကရော၊  လက်ကမ်းစာစောင်တွေနဲ့ရော ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ဝေခဲ့ပါတယ်။ ဒီအကြောင်းကို စစ်သားနဲ့ရဲတပ်ဖွဲ့တွေ သိသွားခဲ့ရင် စစ်ကောင်စီရဲ့ အလိမ်အညာတွေကနေ နိုးထလာပြီး  အမိန့်နာခံတာတွေ ငြင်းဆန်လာကြမယ်ဆိုရင် အပြစ်မဲ့သူ များစွာရဲ့အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

သူတို့ရဲ့ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ အထောက်အပံ့ပေးနေပါတယ်။  သူတို့ရဲ့ အားထုတ်မှုတွေကို မိတ်ဆွေတို့ကလဲ အားပေးလိုပါက ရန်ပုံငွေလှူဒါန်းဖို့ စဉ်းစားစေချင်ပါတယ်။

Shwe Lan Ga LayComment