သမိုင်းကြောင်း၏မှန်ကန်သောဘက်တွင်ရပ်တည်နေသောမွန်ဆရာမတဦး

အထွေထွေရန်ပုံငွေသို့ လှူဒါန်းသောအခါ သင်၏ အလှူငွေသည် မည်သည့်နေရာတွင် အကျိုးပြု လိုက်သည်ကို သိရှိရန်ခဲယဉ်းနိုင်သည်။ မွန်ပြည်နယ်မှ ဆရာမတစ်ဦး၏ အောက်ပါ ပြောပြချက်များသည် အလွန်အရေးပါပါသည်။ မြန်မာလူမျိုးများ မည်သည့်အခြေအနေမျိုးတွင် နေထိုင်နေရသည် နှင့် မိတ်ဆွေတို့၏ အလှူငွေများ ဆက်လက်၍ မည်မျှတန်ဖိုးရှိနေသည်ကို ပေါ်လွင်စေသည်။


“ဖေဖော်ဝါရီလကစပြီးကျမလစာမရခဲ့ဘူး။ တခြားအလုပ်ရှာဖို့ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းလေး တစ်ခုစဖို့ဆိုတာလဲ ဒီအချိန်မှာအတော်ခက်ခဲပါတယ်။ ကုန်စျေးနှုံးတွေကလဲ ပိုပိုပြီးတက်လာတယ်။ ဒါပေမဲ့ ဒီသပိတ်ကိုအဆုံးအထိဆက်လုပ်ဖို့ ကျမစိတ်ပိုင်းဖြတ်ထားပါတယ်။

ကျမက အထက်တန်းပြကျောင်းဆရာမ တယောက်ပါ။ အသက် ၂၈ နှစ်ရှိပါပြီ။ စစ်တပ်က အာဏာသိမ်းတယ်လို့ကြားတော့ ကျမအရမ်းကိုဒေါသထွက်ခဲ့တယ်။ ကျမရဲ့ တပည့်လေးတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ…အခုတော့အားလုံးပျောက်ကွယ်သွားပါပြီ။

ဖေဖော်ဝါရီ ၈ ရက်မှာ CDM လှုပ်ရှားမှုကို ကျမချက်ချင်းဝင်ခဲ့တယ်။ ဆန္ဒပြပွဲ တော်တော်များများမှာလဲ ပါဝင်ခဲ့တယ်။ အစိုးရ လုံးဝလည်ပတ်ခွင့် မရစေရဘူးလို့။ နောက်နှစ်လလောက်ကြာတော့ အလုပ်ပြန်မဆင်းရင် ထောင်ချမယ်ဆိုတဲ့ခြိမ်းခြောက်တဲ့စာတွေ ရောက်လာတယ်။ စစ်ကောင်စီက ဆရာဝန်တွေကို သပိတ်မှောက်လို့ လိုက်ဖမ်းနေတယ်။ ကျမလည်း အသက်အန္တရာယ်အတွက် ထွက်ပြေးပြီး အခုတနေရာမှာ ပုံးနေရပါတယ်။ ကျမဘယ်လို လုံခြုံစွာနဲ့ CDM ကိုဆက်လုပ်ရမလဲ ဆိုတာစဉ်းစားနေတယ်။ ကျမတို့အနိုင်ရမှာ သေခြာတယ်ဆိုတာတော့ တကယ်ဘဲယုံကြည်ပါတယ်။

သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ ကျမ CDM ကိုဝင်ခဲ့တာပါ။ ဒါပေမဲ့ ကျမနောက်ဆုံးရခဲ့တဲ့ လခက လွန်ခဲ့တဲ့ ၄-၅ လ ကဆိုတော့  အခုစားဖို့သောက်ဖို့ အတော့ကို ခက်ခဲလာပါပြီ။ ဘဏ်ကလဲ ချေးငွေတွေကို အခုလက်ငင်းပြန်ဆပ်ခိုင်းနေတယ်။ အခုအချိုန်မှာ ခက်ခဲပေမယ့် အဆုံးမှာ အားလုံး အဆင်ပြေသွားမယ်ဆိုတာယုံကြည်ပါတယ်။ ကျမတို့ နိုင်ကိုနိုင်ရမယ်။

CDM ကိုဖေဖော်ဝါရီလ ၈ ရက်နေ့က ဝင်ခဲ့ပြီးကတည်းက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ကျောင်းက အလုပ်ပြန်မဝင်ရင် ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပေမဲ့ ကျမ ဂရုမစိုက်ပါဘူး။ ဖြစ်လာမှာကို ကျမရင်ဆိုင်ရဲပါတယ်။ ကျမထက်ပိုပြီး ကံမကောင်းတဲ့လူတွေလည်းရှိပါတယ်။ သူတို့ကို ကြည့်ပေးဖို့ လူတိုင်းကို တိုက်တွန်းပါတယ်။ ”