အပိုင်း(၈) ဆွေဝင်း (သတင်းစာဆရာ၊ တက်ကြွလှုပ်ရှားသူ၊ ယောဂီ၊ နိုင်ငံရေး အကျဉ်းသားဟောင်း)

ဝိပဿနာ တရားအားထုတ်ခြင်းသည် ဘယ်လိုအခြေအနေမျိုးမှာမဆို လုံးဝ လွယ်ကူလှသည်တော့ မဟုတ်ပါ။ ဒါပေမဲ့ လူတယောက်၏ စိတ်ကြိုက်လုပ်ပိုင်ခွင့်၊ လွတ်လပ်မှုနှင့် တကိုယ်ရေ လုံခြုံရေး အန္တရာယ်များကြားက ဝိပဿနာကျင့်စဉ်တခု ရှေ့ဆက်အားထုတ်မယ်ဆိုလျှင် ဒါက နောက်ထပ် အတိုင်းအတာ တခုအထိ ပို၍ ခက်ခဲလှပါသည်။ ဒါသည်ပင် တိုင်းပြည် ဒီမိုကရေစီရရှိရေးအတွက် ထောက်ခံပေးရင်း ဗမာပြည် အကျဉ်းထောင်၌ (၇)နှစ်တာ အကျဉ်းကျခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သော ဆွေဝင်း၏ဖြစ်ရပ်ပဲ ဖြစ်ပါသည်။ ဒါကတော့ သူ့ဇာတ်လမ်းလေးပါ။

ကျွန်တော်တို့ စကားဝိုင်းလေးကို လွန်ခဲ့သော (၁၀)နှစ်က တွေ့ဆုံခဲ့တဲ့ သဘောတရားအားဖြင့်ကွဲပြားသော နေရာလေးနှစ်ခုအကြောင်း မှတ်မှတ်ရရ ပြန်ပြောင်းပြောဆိုရင်း စခဲ့ကြသည်။ တနေရာက အမေရိကန်စင်တာ(ယူအက်စ်သံရုံး၏ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ရုံးခွဲ)၊ နောက်တနေရာကတော့ ဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မဇောတိ ဝိပဿနာရိပ်သာ ဖြစ်ပါသည်။

ထို့နောက် ဆွေဝင်းသည် သူ၏နောက်ကြောင်းကို ပြောပြပါသည်။ ငယ်ငယ်က နှစ်သက်သော ၁၉ ရာစု ဗြိတိသျှစာပေအကြာင်း၊ ရန်ကုန်မှ ချို့တဲ့သောရပ်ကွက်လေးသည် အင်္ဂလန်မှ ခေတ်ပြိုင်မြို့များထက် Charles Dicken ၏ ဝတ္ထုများထဲမှနှင့် ပိုပြီးတူညီနေကြောင်း ပြောပြပါသည်။ ၁၉၉၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် တက်ရောက်ခဲ့ပြီး မကြာမီ သူ၏ပညာရေးကိုသာမက တိုင်းပြည်၏ အထွေထွေပညာရေးနယ်ပယ်ကိုပါ စိတ်ပျက်စ ပြုလာခဲ့သည်။ အဲ့ဒါထက် အောင်ဆန်းစုကြည် အဓိက ဦးဆောင်သည့် အင်အားကောင်းလာသော ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်စီးမျောသွားခဲ့သည်။ သို့သော် အဲ့ဒီပါဝင်မှုကြောင့် အဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၂၁ နှစ်အထိ ပြင်းပြင်းထန်ထန် ချမှတ်ခံရသည်။ အစာငတ်လုနိီးနီးထားခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အတွေးစများသည် ရက်စက်လွန်းလှသော ထောင်ဒဏ်ကျခံရစ အချိန်များပင်။ ဒီလိုကြောက်မက်ဖွယ် အခြေအနေကြားထဲက စိတ်ကို ကြိုးစားကယ်တင်ဖို့ရန်အတွက် ဘဝမှာ ပထမဦးဆုံးအကြိမ် ကြိုးစားပြီး တရားအားထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ထောင်ထဲတွင် တရားစာအုပ်များ၊ တရားပြဆရာများနှင့် ထိတွေ့ခွင့်မရှိတဲ့အတွက် လမ်းပြမည့်သူမရှိ ကိုယ့်ဘာသာကိုယ် အားထုတ်ခဲ့သည်။ အကျဉ်းခန်းထဲတွင် ခြေချိတ်ထိုင်ခဲ့ရုံ မျှလောက်ဖြင့် စိတ်နှင့်ရုပ် ကွဲပြားပုံကို ချက်ချင်းဆိုသလို တွေ့ကြုံခံစားခဲ့ရသည်။ အတူအကျဉ်းကျနေသော အဖော်တယောက်က တရားအားထုတ်ရင်း ရူးသွားလိမ့်မယ်ဟု သတိပေးသည့်ကြားက ဆွေဝင်းသည် သူ့တွင် ဖိစီးနှိပ်စက်နေသော အမုန်းတရားအဆိပ်အတောက်များမှ လျော့ပါးစေဖို့ မေတ္တာကမ္မဋ္ဌာန်းကို နေ့စဉ် ဝတ္တရားအနေဖြင့် စတင်ကျင့်ကြံခဲ့ပါသည်။ ၂ နှစ်ကြာပြီးနောက် ကြက်ခြေနီအသင်းမှ အကျဉ်းသားများအတွက် တရားစာအုပ်များ ဖြန့်ဝေခွင့်ရသောအခါ ဗုဒ္ဓအဆုံးအမနှင့် ပိုပြီး ထိတွေ့ခွင့်ရခဲ့သည်။ အဲ့ဒီမှစ၍ အာနာပါန (သို့) ဝင်လေထွက်လေ၌ သမာဓိ ရအောင် ကိုယ်တိုင်သင်ယူပြီးနောက် ခန္ဓာကိုယ်ရှိ အရိုးများကို ဆင်ခြင်နိုင်အောင် လေ့လာခဲ့သည်။     

၇ နှစ်ကြာပြီးနောက် ဆွေဝင်းသည် အကျဉ်းမှ စောလျင်စွာ လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။ ကိုယ်ပိုင်လွတ်လပ်ခွင့် ပြန်ရသော်လည်း အစောပိုင်းတွင် နှစ်ပေါင်းများစွာ နေသားကျ အကျွမ်းဝင်နေခဲ့သော အချုပ်နှောင်ခံ ဘဝမှနေပြီး  “အပြင်လောက”၏ ရှုပ်ထွေး ခက်ထန် မြန်ဆန်မှု တို့ကို အမီလိုက်ဖို့ရန် မသေချာနေခဲ့သေး။ ဒါပေမဲ့ ပြန်လွတ်လာတဲ့အခါ အစ်ကိုဖြစ်သူ အကြံပေးမှုဖြင့် ဆရာကြီး ဦးဘခင် လမ်းစဉ်အတိုင်း သင်ကြားပြသသော ဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မဇောတိရိပ်သာ၌ ဝိပဿနာ တရားစခန်း ဝင်ရောက်အားထုတ်ခဲ့ပါသည်။ အကျဉ်းထောင်တွင်း အတော်လေး ကျင့်ကြံအားထုတ်ခဲ့သမျှကို အစီအစဉ်တကျ စနစ်တကျ ထပ်မံလေ့ကျင့်လိုက်သောအခါ ချက်ချင်း လိုက်နိုင်ခဲ့သည်ကို ပြန်တွေးကြည့်ပါက အံ့ဩစရာမဟုတ်ပါ။ 

လောကီရေးရာကို အာရုံမစိုက်တော့ဘဲ လေးလေးနက်နက် ရေရှည်တရားအားထုတ်ဖို့ ရည်ရွယ်ထားသော်လည်း မိမိတိုင်းပြည်၏ တရားမျှတမှု မရှိသည့် လူမှုရေးနှင့် နိုင်ငံရေးများကြောင့် ဆိတ်ဆိတ်မနေသာတော့တဲ့အကြောင်း ပြောပြပါသည်။ ဒါကြောင့်လည်း Myanmar Now ၌ စာနယ်ဇင်းပညာဖြင့် အသက်မွေးကာ အိမ်ထောင်နှင့် သမီးလေးတယောက်လည်း ရှိပါသည်။

(နိုင်ငံရေး)အပြောင်းအလဲအတွက် လုပ်ဆောင်နေရသူ၏ ဘာဝနာလုပ်ငန်းစဉ် တိုးတက်မှုနှင့် အပြင်လောက ကိစ္စအဝဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ပေါင်းစပ်ရမည်ကို ဆွေးနွေးကြရင်း ကျွန်တော်တို့ စကားဝိုင်းကို အဆုံးသတ်လိုက်ပါသည်။ မြန်မာပြည်တွင် ပေါ်ထွက်လာနေသော တိုးတက်များပြားလာသည့် တရားပြဆရာများနှင့် အားထုတ်ကြသူများက တဖက်၊ လတ်တလောမှတ်တမ်းများအရ ကိုင်တွယ်ရခက်ခဲသော သွေးထွက်သံယိုမှုများနှင့် အကျင့်ပျက်ချစားမှုများကတဖက်၊ နှစ်ဖက်ချိန်ဆကာ ဆွေးနွေးထားပါသည်။     

နောက်တော့ လူစွမ်းကောင်းတဦး၏ ရှင်းလင်းလှသော ခရီးလမ်းကို သာမက စစ်မှန်သော လူစွမ်းကောင်း၏သရုပ်ကို Zach မှလည်းလာရောက် ဆွေးနွေးပါသည်။ အကျဉ်းထဲ၌ ခံစားနေရသော ဒုက္ခစင်စစ်သည် ညှင်းပန်းနှိပ်စက် ရိုက်ပုတ်မှုများကြောင့် မဟုတ်ခဲ့ဘဲ အဲ့ဒါတွေထက် အပြင်လောကမှ စိတ်အားတက်ကြွဖွယ်ရာများနှင့် ထိတွေ့ခွင့် မရရှိခြင်းကြောင့်ဆိုတာ သဘောပေါက်ခဲ့သော ဆွေဝင်း၏အကြောင်းကို ကြားရသော Zach မှာ အထူးစိတ်လှုပ်ရှားရပါသည်။ ဒီအသိကနေ သူတပါး လုယူ၍မရတဲ့ “စိတ်” လွတ်မြောက်မှုကို ရှာဖွေဖို့ ဆွေဝင်းကို လမ်းကြောင်းပေးခဲ့သည်။ အနောက်တိုင်းသားယောဂီ အနည်းစုသာ စိတ်ကူးယဉ်နိုင်လောက်သော အလွန်ခက်ခဲလှသော ဒီလို အခြေအနေတရပ်တွင် မိမိကိုယ်ကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိခဲ့သူ—အမှန်တရားနှင့် ဂုဏ်သိက္ခာကို ရှာဖွေနေခဲ့သော စိတ်ကူးယဉ်တတ်ပြီး ဆတ်ဆတ်ထိမခံသော လူငယ်တစ်ဦးသည် အနောက်တိုင်းသားများနှင့် မကွဲမပြားသော လူငယ်ဘဝကို ဆွေဝင်တယောက် ပုံဖော်ထားသည်ကို Joah မှ သုံးသပ်ထားပါသည်။ ဤသို့ အလွန်ကွဲပြားခြားနားလှသော အကြောင်းတရားများက သူ၏ ဓမ္မလမ်းကြောင်း ရုပ်လုံးပေါ်စေခဲ့သည်။ နောက်ဆုံးအနေနှင့် လက်ရှိ ရင်ဆိုင်နေရသော အလွန်ဆိုးရွားစွာ ဆက်တိုက်ဖြစ်ပွားနေတဲ့ အခြေအနေများထဲမှ ဆွေဝင်း၏ အပြင်လောက လူမှုရေးလှုပ်ရှားမှုနှင့် စိတ်စင်ကြယ်ရေး အလေ့အကျင့်တို့ ပေါင်းစပ်နိုင်စွမ်းကို  Joah နှင့် Zach တို့ ဆွေးနွေးထားပါသည်။