ကျမသူငယ်ချင်းတွေကို သူတို့ခေါ်သွားကြပြီ။

“ ကျမက နိုင်ငံရေးကိုစိတ်မ၀င်စားဘူး၊ ကျောင်းမှာပဲ အတန်းတွေစာပြခဲ့တယ်။ အာဏာသိမ်းတဲ့အကြောင်း ပထမကြားလိုက်တော့ ဒါဟာမလုပ်သင့်ဘူးလို့။ ဒါကြောင့် CDM ကိုဝင်ပါလိုက်တာ။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျမတို့အနားကမြို့မှာရှိတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်။ ကျမတို့ ရွာကသေးတယ်၊ စစ်တပ်က ဒလန်တွေနဲ့ စစ်သားတွေက အိမ်တွေမှာလိုက်ပြီး ဒီတော်လှန်ရေးမှာပါတဲ့ သူတွေကို လိုက်ဖမ်းတယ်။

ကျမသူငယ်ချင်းတွေကို သူတို့ခေါ်သွားကြပြီ။ သတိထားပြီးနေနေရလို့ ကျမတို့ညညဆို မအိပ်နိုင်ဘူး။ 

ကျမတို့ရဲ့ CDM အဖွဲ့မှာ မိခင်အသစ်တွေ၊ အသက်ပိုကြီးတဲ့အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလဲ ပါတယ်။ သူတို့ဘယ်လောက်သတ္တိရှိရှိနဲ့  စိတ်ပိုင်းဖြတ်ထားသလဲဆိုတာ ကျမ အံ့သြလို့မဆုံးဘူး။ ဒါပေမယ့် သူတို့အတွက် ကျမစိုးရိမ်တယ်။ ကျမက အများကြီးငယ်သေးတယ်၊ တစ်ခုခုဖြစ်ခဲ့ရင်ပြေးလို့ရတယ်။ ကျမစဉ်းစားနေတာ တစ်ခုပဲရှိတယ်၊ ကျမတို့ ဘယ်လိုနည်းနဲ့မှ အရှုံးမပေးနိုင်ဘူးလို့။

- မွန်ပြည်နယ်ရှိ CDM လှုပ်ရှားမှုတွင်ပါဝင်နေသော ဆရာမတစ်ဦး၏ ထောက်ခံချက်။ 

မိတ်ဆွေများ၏ကြင်နာမှုဖြင့် လှူဒါန်းခဲ့သည့်အလှူငွေများကြောင့် သူမသပိတ်မှောက်မှုကို ပုန်းအောင်းနေစဉ် အတွင်း ဆက်လက်ပြုလုပ်နိုင်နေသည်။