သင့်အသံကိုပေးသုံးပါ!

ဗီယက်နမ်စစ်မှာ ပါဝင်ခဲ့တဲ့ Hanoi Hannah ကို ကိုးကားပြီး ဘက်ပြောင်းရန်ဝါဒဖြန့် ကန်ပိမ်းလုပ်နေတဲ့ အဖွဲ့လေးအကြာင်း ဟိုတရက်က ကျွန်တော်တို့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပဲ ဒီအဖွဲ့က အသံဖိုင်လေးတွေလုပ်ကြတယ်၊ အဲဒီမှာ စစ်သားတွေ ရဲတွေက အပြစ်မဲ့ပြည်သူတွေကိုသတ်တာရပ်ပြီး အမိန့်အာဏာတွေဖီဆန်ချင်လာအောင် ပြည်သူ့ဘက်ပြောင်းလာစေရန် မတူညီတဲ့မတ်ဆေ့ချ်အမျိုးမျိုးနဲ့ အသံဖိုင်တစ်ခုချင်းစီကို စီစဉ်ထားပါတယ်။ နမူနာအနေနဲ့ ဒီအသံဖိုင်လေးကို နားထောင်ကြည့်ပါ။

သူတို့အဖွဲ့ရဲ့ ဒီပရောဂျက်ကလေးကို ကျွန်တော်တို့ အလွန်နှစ်သက်လွန်းလို့ သူတို့အသံဖိုင်တွေရဲ့ စွမ်းပကားနဲ့ စေတနာမှန်ကို ကျွန်တော်တို့ရဲ့ Insight Myanmar Podcast မှာလည်း ထည့်သွင်းတင်ဆက်သွားချင်ပါတယ်။ ကျွန်တော်တို့ Podcast episode တိုင်းကို သူတို့မူရင်းမြန်မာအသံဖိုင်လေးဖွင့်ပြရင်း စတင်ပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စကားပြော ပရိတ်သတ်တွေလည်း အဓိပ္ပာယ်နားလည်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဘက်ပြောင်းဝါဒဖြန့် မတ်ဆေ့ချ်တွေကို ဘာသာပြန်ထားတဲ့စာသားတွေကို ဖတ်ပေးဖို့လူတွေ ရှာနေပါတယ်။ ဒီဖတ်ပေးထားတဲ့ဖိုင်တွေကို သူတို့အဖွဲ့ရဲ့မူရင်းမြန်မာအသံဖိုင်နဲ့အတူ ယှဉ်တွဲပြီးတော့ ဖွင့်ပြသွားမှာပါ။

ဒီတော့ ခင်ဗျားဆီမှာ အသံသွင်းစရာ မိုက်ခရိုဖုန်းကောင်းကောင်းရှိမယ်ဆိုရင်၊ နှစ်မိနစ်စာ မတ်ဆေ့ချ်တွေကို ဖတ်ဖို့ သင့်အသံကို ပေးသုံးစေချင်တယ်ဆိုရင်၊ ကျေးဇူးပြု၍ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ! ကျွန်တော်တို့ဟာ အင်္ဂလိပ်မိခင်ဘာသာစကားဖြစ်သူရော၊ မဖြစ်သူရော၊ အခြေအနေဘက်ဂရောင်းမျိုးစုံ၊ အသက်ကြီးငယ်၊ ယောက်ျား မိန်းမ အသံမျိုးစုံကို အလိုရှိပါတယ်။

အမြန်ဆုံး ခင်ဗျားထံမှ ဆက်သွယ်လာဖို့ ကျွန်တော်တို့မျှော်လင့်စောင့်စားနေပါတယ် !