သင်၏လှူဒါန်းမှုကပြည်သူတွေစိတ်ဓါတ်မကျစေဖို့ကူညီနေသည်

ဤကဲ့သို့ အာဏာသိမ်းပြီးသုံးလအကြာ လိပ်ခဲတည်းလည်း အခြေအနေတွင် နှစ်ဖက်စလုံး၏ စိတ်ဓာတ်အင်အားသည် အလွန်အရေးကြီးသော အခန်းကဏ္ဍဖြစ်လာသည်။ ယမန်နေ့ကကျွန်ုပ်တို့သည် ဆန္ဒပြသူ အဖွဲ့ငယ်လေးတခုက စစ်သားများ၏ ကျဆင်းနေပြီးစိတ်ဓာတ်များကို ထပ်မံကျဆင်းလာစေရန်နှင့် ၎င်းတို့အားလက်နက်များစွန့်လွှတ်ပြီး အမှောင်တိုက်၏ တွန်းတိုက်စေခိုင်းမှုများကို တွန်းလှန်ရန်တို့အတွက်

အားတက်သရောလုပ်ဆောင်နေကြသည်ကို ဖေါ်ပြခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ဤအဖွဲ့လေးသည် ကိုယ့်ဘက်တော်သားပြည်သူများ၏ စိတ်ဓာတ်ကိုမြှင့်တင်ပေးရန် အထူးလိုအပ်သည်ကို နားလည်သဘောပေါက်သည်။  ဤရည်မှန်းချက်များအရ မနေ့ကသူတို့သည် ထောင်သောင်းချီသော လက်ကန်းစာစောင်များကို ရန်ကုန်မြို့တခွင် အချက်အချာကျသော နေရာများတွင် ဖြန့်ကြဲ၍ လူထုကိုဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲ၀င်ရန် စိတ်ဓါတ်အားပေးတိုက်တွန်းသည့် လှုပ်ရှားမှုများကို ပြုလုပ်နေကြသည်။ 

မိတ်ဆွေ၏လှူဒါန်းမှုများက ဒီလှုပ်ရှားမှုများကို အကောင်အထည်ပေါ်စေခဲ့ပါသည်။ ဤအဖွဲ့လေးသည် စာစောင်များကို ထောင်ချီပုံနှိပ်ပြီး တမြို့လုံးနေရာအနှံ့ဖြန့်ကျက်ရန် ဤအန္တရာယ်ရှိလှသောမစ်ရှင် mission ကို ဆောင်ရွက်နေပါသည်။ ၎င်းတို့တွင် ထိုကဲ့သို့သော လှုပ်ရှားမှုများ ထပ်မံစီစဉ်ထားသော်လည်း အကောင်အထည်ဖေါ်ရန်မှာ မိတ်ဆွေများ၏ ထောက်ပံ့မှုများပေါ်တွင် များစွာတည်နေပါသည်။

အောက်ပါတို့သည် သူတို့၏ လက်ကန်းစာစောင်တွင်ပါဝင်သော အချက်များဖြစ်ပါသည်။


 

‘ဆက်ပစ်လို့ စစ်ပျက်ပြီ’

 

1.     ဒီတိုင်းပြည် အသစ်အမြုတေဖို့ စစ်လူ သေကိုသေရမည်။

2.     တိတ်ဆိတ်မှုအချို့သည် ကြောက်ရွံ့ခြင်းမဟုတ်သလို မေ့ပျောက်သွားခြင်းလည်း မဟုတ်ပါ။

3.     ယုတ်မာစွာ အမှားကျူးလွန်သူ စစ်အာဏာရူးအုပ်စုသည် အကြောက်တရားပိုကြီးပြီး

အင်အားကြီးသယောင် အယောင်ဆောင်တတ်ကြသည်။

4.     ဖိနှိပ်မှု အကြောက်တရားရဲ့ အောက်မှာ ဖိနှိပ်မှု အကြောက်တရားပျောက်လာလိမ့်မည်။

5.     တိတ်ဆိတ်ခြင်းရဲ့နောက်မှာ ကျယ်လောင်မှုတွေ ရှိမယ်။

6.     ဒီတိုင်းပြည် ဒီမိုကရေစီဆိုတာ ဘုရားမယူပေးနိုင်ပါ။ တိုက်ယူမှရမည်။

7.     ဓမ္မတိုက်ပွဲမှာ တရားထိုင်ဆုတောင်းနေဖို့ထက် အနည်းဆုံး “ဓားမ” ကိုင်ရဲဖို့တော့လိုမယ်။

8.     ပြည်သူ့လက်ထဲ တူညီလက်နက်မျှတဲ့နေ့ တရားမဝင်အာဏာရူး စစ်အုပ်စုအချင်းချင်း

တောင့်ခံစည်းလုံးနိုင်ဖွယ်မရှိ။

9.     ဒီတိုင်းပြည်ရဲ့ ဓမ္မတိုက်ပွဲအဆုံးသတ်မှာ စစ်လူယုတ်မာတွေ အနာထိအထိနာပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြန်ပေးဆပ်ရမည်။

10.  ဆန္ဒပြပွဲတွေမှာ သင်ကိုယ်တိုင် ပါဝင်ခဲ့ပြီးပြီ။ ပြည်သူတွေ သွေးမအေးသွားကြပါနဲ့။

11.  မြန်မာပြည်ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အရေး ပြည်သူတွေ နိုင်ငံရေး သွေးအေးမသွားကြပါနဲ့။

ကျွန်ုပ်အပါအဝင် ပြည်သူလူသားတိုင်းမှာတာဝန်ရှိသည်။

12.  တရားမျှတလွတ်လပ်ပြီး စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ အနာဂတ်မြန်မာနိုင်ငံအပြောင်းအလဲကြီး တစ်ခုအတွက်အာဇာနည်ပြည်သူတွေရဲ့ ပေးဆပ်ခဲ့မှု၊ သူရဲကောင်းတွေရဲ့ ဘဝရင်းနှီးထားမှုတွေသည် ဘယ်တော့မှ အချည်းအနှီးမဖြစ်သွားဘူး။

ကျွန်ုပ်တို့ပြည်သူအားလုံးသည် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ယနေ့အချိန်အထိ ဆက်ရှိနေဆဲပါ။

13.  ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ အစဖြစ်သလို အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတဲ့ စိတ်ခွန်အား

ဇွဲသတ္တိနဲ့ သတိချပ်ထားရင် အောင်မြင်မှုကို ကျိန်းသေရယူနိုင်လိမ့်မည်။

 

 

အရေးတောင်ပုံ မုချအောင်ရမည်။ အရေးတော်ပုံ မုချအောင်ရမည်။ အရေးတော်ပုံ မုချအောင်ရမည်။

 

                                                                                                                              လွှီခိုမိုင်ခေါင်

 


31a66fb7e95fff622c7e2ed9f560d45d8295b42e4e93e892e78f84c2f5766741.jpg