အကြမ်းမဖက်ရေးအတွက်အကြီးမားဆုံးကျန်ရှိနေသေးသောမျှော်လင့်ချက်

အာဏာလုစစ်ကောင်စီတက်လာပြီး အစောပိုင်းကာလများတွင် လူအများစုက အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုကြီးဖြင့် စစ်ကောင်စီကို အောင်မြင်စွာတွန်းလှန်၍ သွေးထွက်သံယိုမှုကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ထိုအစောပိုင်းကာလများအတွင်း ကျွန်ုပ်တို့ပြည်ပမှ စောင့်ကြည့်နေသူများသာမက မြေပြင်ပေါ်တွင် လှုပ်ရှားနေကြသော လူငယ်မျိုးဆက်သစ် Gen-Z ဆန္ဒပြသူများကပါ အမှန်တကယ်ယုံကြည် မျှော်လင့်ခဲ့ကြသည်။ ပန်းများ၊ အစားအစာများနှင့် ရေများကို ရဲအရာရှိများထံကမ်းလှမ်းခဲ့ပြီး မေတ္တာနှင့်စေတနာကို လိုလားပြသခဲ့ကြသည်။ 

ကံမကောင်းစွာပဲ ယခုတွေ့မြင်ရသည့်အတိုင်း နောက်ဆက်တွဲအိပ်မက်ဆိုးနှင့် ကြုံနေကြရပါသည်။

သို့သော် ဤသို့ကြုံနေရသော်လည်း ဗင်န်ဒက်တာ Ven Detta တယောက်ကတော့  အကြမ်းမဖက်ရေး လှုပ်ရှားမှု၏ စံနမူနာအတိုင်း မမှိတ်မသုံဆက်လျှောက်ရန် တစိုက်မတ်မတ် ကြိုးစားနေသည်။ သူ့ဘဝတာတလျှောက်လုံးဖတ်ရှုခဲ့သော သူလျှိုစပိုင်ဝတ္ထုများမှ တိုင်းပြည် သို့မဟုတ် အဖွဲ့အစည်းတခုမှ တိတ်တစိတ်ရှောင်တိမ်းထွက်ပြေးခြင်း အယူအဆများက သူ့ကို စဉ်းစားတွေးတောစေခဲ့သည်။  အမေရိကန်ပြည်တွင်းစစ်မှ ရုရှားတော်လှန်ရေးအထိ စစ်သားများ တပ်မှ ထွက်ပြေးတိမ်းရှောင်စေရန် လှုံ့ဆော်စည်းရုံးမှုများသမိုင်းအား မိမိဘာသာစတင်ဖတ်ရှု၍ ပိုမိုနားလည်လာခဲ့သည်။

ထို့အပြင် လက်ရှိတပ်မတော်၏ သမိုင်းနှင့် တပ်မတော်ယဉ်ကျေးမှုကို အထူးလေ့လာရင်း သူ၏ ကျိုးပမ်းချက်များကို အအောင်မြင်ဆုံးပေးစွမ်းနိုင်မည့် တပ်မတော်၏ အားနည်းချက်များကိုလည်း ရှာဖွေစမ်းစစ်လေ့လာသည်။  

ပြီးခဲ့သည့်ရက်သတ္တပတ်များက ဤလေ့လာမှုများကို လက်တွေ့လုပ်ဆောင်မှုများသို့ ပြောင်းလဲခဲ့သည်။ ဤသည်မှာလည်း မိတ်ဆွေတို့၏ ရက်ရောစွာလှူဒါန်းခြင်း ကြောင့်ဖြစ်ပါသည်။  ယုံကြည်စိတ်ချရ၍ ရည်မှန်းချက်ပန်းတိုင်တူညီသော မိတ်ဆွေများဖြင့် ရဲများနှင့် စစ်သားများအား လက်နက်ချပြီး ပြည်သူများဖက်သို့ကူးပြောင်းလာစေရန် အားပေးသည့် ရဲရင့်သော လုပ်ဆောင်မှုများကို ပြုလုပ်ခဲ့သည်။ မကြာသေးမီက podcast အင်တာဗျူးတစ်ခုတွင် သူက ဤသို့ပြောခဲ့သည် -

“ဒီမဟာဗျူဟာရဲ့ အဓိကအစိတ်အပိုင်းတခုက မြန်မာစစ်တပ်အတွင်း စည်းရုံးမှုပြိုကွဲပြီး တပ်စွန့်ခွာတာတွေ ဖြစ်လာအောင်ဖန်တီးတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်က စစ်တိုက်ခိုက်နိုင်စွမ်းရှိပေမဲ့ ကျွန်တော်တို့ ထင်သလောက် တကယ်တန်း မခိုင်မာပါဘူး။ ဒါပေမဲ့ တပ်လူအင်အား၊ ရေတပ်နဲ့ လေကြောင်း ထောက်ပံ့မှုတွေက အဆမတန်ကြီးမားဆဲ ဖြစ်နေပါသေးတယ်။ ဒီလိုပြောရပေမယ့် ထိတ်တိုက်ပဋိပက္ခဟာ မလွှဲမရှောင်သာ ဖြစ်လာတော့မယ်ဆိုတာ ကျနော် တွေးပြီးသားပါ။ ဖြစ်လာမဲ့ ဒီပဋိပက္ခဟာ အချိုန်ကြာရှည်ဖြစ်မဲ့  ပဋိပက္ခဖြစ်လာမလား သို့မဟုတ် အချိုန်တိုအတွင်းမှာ တနည်းနည်းနဲ့ အောင်ပွဲတချို့ စတွေ့ရအောင်လုပ်နိုင်မလား ဆိုတာပါဘဲ။ ဒီလိုအမြန်အောင်ပွဲမျိုးရနိုင်ဖို့ဆိုရင်  ကျနော်တို့ တပ်မတော်အတွင်း စည်းရုံးမှုပျက်ပြားစေရေး၊ အုပ်စုကွဲပြားမှုတွေနဲ့ တပ်တွင်းပုန်ကန်မှုတွေကို ဖန်တီးဖို့ မဟာဗျူဟာကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့လိုပါတယ်။ ”

Ven ဗင်န်နှင့်အဖွဲ့သည် အကြမ်းမဖက်ရေးအတွက် အကြီးမားဆုံးကျန်ရှိနေသေးသော မျှော်လင့်ချက်ကို အကောင်အထည်ဖေါ်ရင်း ကျရောက်လာနိုင်သည့် အန္တရာယ်များကိုလည်း သိကြသည်။ လမ်းပေါ်တွင်ဖြစ်စေ၊ အိမ်တွင်း၌ဖြစ်စေ ဤဗျူဟာလက်ကမ်းစာစောင်များဖြင့် အမိခံရပါက အနည်းဆုံးဖမ်းဆီးခံရခြင်းမှ အဆိုးရွားဆုံးနှိပ်စက်ညှဉ်းပန်း၍ ရက်စက်စွာ သတ်ဖြတ်ခံရခြင်းအထိ ဖြစ်လာနိုင်သည်ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ သို့သော် သူ၏တစူးတစိုက် လေ့လာထားသောအသိအမြင်များက လွတ်လပ်ရေးတိုက်ပွဲ မျှော်လင့်ချက်များကို အကောင်းဆုံးနှင့်အထိရောက်ဆုံး အထောက်အကူ ပြုနိုင်မည့်အပြင် အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်လိမ့်မည်ဟု သူသိထားသည်။  တနည်းအားဖြင့် ပြောရလျှင် သူ၏ ချက်ချာပါးနပ်သောဉာဏ်ရည်သည် လွတ်လပ်ရေးတိုက်ပွဲအတွက် သူ၏အကြီးမားဆုံးပံ့ပိုးမှုဖြစ်ပြီး ကိုယ်ရောစိတ်ပါ လုံးဝအစွမ်းကုန်ပေးအပ်လှုပ်ရှားနေသည်။

Ven ဗင်န်က အခုလိုမှတ်ချက်ချသည်။ “ဒါဟာ game တစ်ခုကစားတဲ့အခါမှာလို ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံကို လေ့လာထည့်သွင်းစဉ်းစားပြီး ဒီနည်းလမ်းအမျိုးမျိုးနဲ့ ချဉ်းကပ် ကြိုးစားတဲ့သူက အနိုင်ရမှာပါဘဲ။ တကယ်လေ့လာကြည့်ရင် စစ်ပွဲ၊ ပဋိပက္ခ၊ နိုင်ငံရေး အားလုံးမှာ အကျုံးဝင်တာကို တွေ့ရပါလိမ့်မယ်။ သိပ္ပံနည်းကျတဲ့ နည်းလမ်းတစ်ခုပါ။”

မိတ်ဆွေတို့၏ လှူဒါန်းမှုများဖြင့် Ven ဗန်င်နှင့်သူ့အဖွဲ့၏ အကြမ်းမဖက်ရေးကိုပံ့ပိုးပေးနေသည့် သူတို့၏ ရဲရင့်သောအလုပ်များကို ထောက်ပံ့ပေးနေပါပြီ။ သို့သော်လည်း သူတို့မကြာမီစတင် အကောင်အထည်ဖော်ရန် မျှော်လင့်ထားသည့် သာ၍ကြီးမားသောအစီအစဉ်များကို ပို၍ အပြည့်အ၀ ထောက်ပံ့နိုင်ရန် အလှူငွေများ လိုအပ်နေပါသေးသည်။ အကြမ်းမဖက်ရေးမျှော်လင့်ချက်ကို ရှင်သန်စေနိုင်သည့် မည်သည့်အလှူငွေကိုမဆို ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံပါသည်။