လွတ်မြောက်နယ်မြေ (သို့မဟုတ်) ခိုကိုးသူတို့ အိမ်ယာ
ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သော ကိုခန့်။ Company တခုတွင် အခြေကျနေရင်း ကမ္ဘာကပ်ရောဂါ၏ ထိုးနှက်ချက်တွေကြောင့် အလုပ်နားခဲ့ရပြီး ရရာအလုပ်ကို ၀င်လုပ်ခဲ့ရသည်ည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်တွင် ရှိတဲ့အလုပ်ပါထွက်ပြီး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့တော့သည်။
သို့သော် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပြန်၀င်ခဲ့ရပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ မိမိအိမ်သို့ စစ်ဆေးမေးမြန်းလာချိန်တွင် လွတ်မြောက်နယ်မြေသို့ ချေဆန့်ခဲ့ရတော့သည်။ ကိုခန့်ရဲ့ ခံယူချက်က ရှင်းသည်။ နိုင်ရာတာ၀န်ထမ်းမည်၊ အသက်စွန့်ရမည်ဆိုလျှင် မကြောက်၊ နိုင်ငံအတွက် ဘ၀ကို ရဲရဲပေးလှူထားပြီးဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်း၏ အခက်အခဲ ပညာတတ်မြောက်ရန် အခက်အခဲတွေကို ကိုခန့်ကောင်းကောင်းနားလည်သည်။ သက်တူရွယ်တူများနှင့် အငယ်တွေကို သူ့လိုဒုက္ခမျိုးတွေ မကြုံစေချင်တော့ဟု ဆိုသည်။
ရသလောက်သင်တန်းတွေတက်သည်။ နိုင်ရာတာ၀န်ထမ်းရန် အကုန်လုပ်သည်။ သို့သော် သူ့ရဲ့ စိတ်ဒဏ်ရာတွေကလည်း မသေး။ ငှက်ပျောအူမစားရသော်လည်း ငှက်ပျောအူကဲ့သို့အစာများဖြင့် အသက်ဆက်ခဲ့ရသော ဘ၀တွေလည်းရှိသည်။ ထမင်းမစားရသောရက်တွေလည်း ရှိခဲ့သည်။ ဤကား အပဟိကဟု ဆိုသည်။ သို့သော် ပြဿနာက ရှေ့တန်းပင်။ စစ်တိုက်ရမည်ဟုပြောပြီး လမ်းလျှောက်ပြန်ခဲ့ရသော တိုက်ပွဲများမနည်း၊ ပြည်သူ့အတွက်ဟု သစ္စာဆိုပြီး မျက်စိရှေ့တွင် ပြည်သူတွေ ပြေးနေတာကို ကြည့်နေခဲ့ရသည်။ မတရားအမိန့်ကို နားလည်သဘောပေါက်လာချိန်တွင် လက်နက်ကိုင်ရခြင်း၏ ရည်ရွယ်ချက်တွေ ပျောက်ဆုံးလာသည်ဟု ဆိုသည်။ နောက်ဆုံးရှေ့တန်းမှ ပြန်လာချိန်တွင် လိုအပ်သော အကူအညီများအတွက် ဆိုင်ရာလူကြီးများကို ဆက်သွယ်တိုင်ပင်သော်လည်း ဘာမှအရာမထင်။ ဤသို့ဖြင့် လက်နက်ကိုင်ဘ၀ကို စွန့်လွတ်ခဲ့တော့သည်။ ကိုခန့်၏ အတက်အကျများဖြင့်ဘ၀ကို
တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။