Ashin Sarana on what you can do now for Myanmar

Many Buddhist practitioners feel terrible about what is currently happening in Myanmar, but simply don’t know what they can possibly to do help. This is where Ashin Sarana comes in, as he passionately advocates for the Burmese people, and tells those outside of the country what they can do on their part to play a positive role.

Ashin Sarana does not hold back in his answer, and his love for the country and people are on full display here, and we share part of his response in this beautiful video made, with music from Arctic Moth in the background.

 

My question to you is, what can they do?

ဒကာ့ကိုမေးချင်တယ်။ သူတို့ဘာလုပ်ပေးနိုင်မလဲ။

What role can they play?

ဘယ်အခန်းကဏ္ဍကနေပါဝင်နိုင်မလဲ။

You're speaking to an audience of many of them right now.

ဒကာက အခုသူတို့တွေအများကြီးရှိတဲ့ပရိသတ်တစ်စုကို စကားပြောနေရတာပဲ။

What would you like to tell them about what role they can play to help out at this time?

ဒီအချိန်မှာသူတို့ဘာလုပ်ပေးနိုင်မလဲဆိုတာနဲ့ပက်သတ်ပြီး ဒကာကရောဘာပြောချင်လဲ။

Please continue, continue in everything that you've been doing now for the good of Myanmar.

ကျေးဇူးပြုပြီး မြန်မာပြည်ကောင်းကျိုးအတွက်အခုလုပ်နေကြတဲ့ အရာမှန်သမျှဆက်လုပ်ပေးပါ။

Just continue.

ဆက်သာလုပ်သွားပါ။ 

Because things are changing, things are happening, things are improving, some parts get worse, but some things get better.

ဘာလို့လဲဆိုတော့ ကိစ္စရပ်တွေကပြောင်းလဲနေတယ်၊ဖြစ်ပျက်နေတယ်၊တိုးတက်နေတယ်။ တချို့အပိုင်းတွေက ပိုဆိုးသွားတာတွေရှိပေမဲ့ တချို့ကိစ္စတွေကတော့ပိုကောင်းလာနေတယ်။

Please continue whatever good you've been doing for Myanmar that's in the limits of the five precepts, of course.

ငါးပါးသီလကိုမဖောက်ဖျက်ဘဲ မြန်မာပြည်အတွက်လုပ်နေတဲ့ကောင်းတာမှန်သမျှဆက်လုပ်ကြပါ။

Please continue that, and continue that as long as your life lasts, as long as possible.

အသက်ရှင်နေသမျှကာလပတ်လုံး ဘယ်လောက်ကြာကြာ အဲ့ဒါကို ကျေးဇူးပြုပြီးဆက်လက်လုပ်ဆောင်သွားပေးကြပါ။

Because there is a high probability that this can succeed, that's what I believe.

ဘာလို့လဲဆိုတော့ ဒါကအောင်မြင်နိုင်ချေအများကြီးရှိလို့ပါ။ ဦးပဉ္စင်းကတော့အဲ့လိုယုံကြည်တယ်။

And I believe that it is worth it.

အောင်မြင်ဖို့ထိုက်တန်တယ်လို့လည်းယုံကြည်ပါတယ်။

We need to get together, we need to do it, everybody who's hearing this, everybody who knows about the Myanmar issue, please join, please help.

ဦးပဉ္စင်းတို့ အတူတကွပူးပေါင်းပြီး လုပ်ဆောင်ကြဖို့လိုတယ်။ ဒါကိုကြားနေရတဲ့လူတိုင်း မြန်မာ့အရေးကိုသိနေကြတဲ့လူတိုင်းက ကျေးဇူးပြုပြီး ပါဝင်ပြီးကူညီပေးကြပါ။

Please do whatever you can within in the limits of the five precepts, that can support the people, either psychologically or physically, or in terms of the final end.

ငါးပါးသီလကိုစောင့်ထိန်းပြီး ဒီလူတွေကို စိတ်ပိုင်းဆိုင်ရာအရ သို့ ရုပ်ပိုင်းဆိုင်ရာအရ သို့ အဆုံးသတ်ရလဒ်တစ်ခုရနိုင်ဖို့ လုပ်နိုင်တာမှန်သမျှလုပ်ပေးကြပါ။

This is an opportunity for us to help, and I don't have to go to the demonstrations and try to stop the police while providing my body to be shot.

ဒါဦးပဉ္စင်းတို့အတွက်ကူညီဖို့အခွင့်အရေးပဲ။ ဒီလိုကူညီဖို့ ဦးပဉ္စင်းရဲ့ ခန္ဓာကိုယ်ကိုအပစ်ခံဖို့စတေးရင်း ဆန္ဒပြပွဲတွေကိုသွားပြီးရဲတွေကိုရပ်ခိုင်းစရာမလိုပါဘူး။

But what I can do, and what people really need, is  to provide this kind of solace, this kind of love, this kind of help.

ဦးပဉ္စင်းလုပ်နိုင်တာကတော့ လူတွေလည်းတကယ်လိုအပ်နေတဲ့ စိတ်ဆင်းရဲခြင်းမှလွတ်မြောက်မှုပေးဖို့၊ မေတ္တာပို့မှုလိုမျိုးအကူအညီတွေပေးဖို့ပါ။

First they need to know that I'm on their side, that I support their happiness and their health.

ပထမအချက်အနေနဲ့ ဦးပဉ္စင်းကသူတို့ဖက်မှာရှိနေတယ်ဆိုတာ၊ သူတို့ရဲ့ပျော်ရွှင်မှုနဲ့ကျန်းမာမှုကို မျှော်လင့်တယ်ဆိုတာ သူတို့သိဖို့လိုပါတယ်။

Second, that there is somebody who loves them, that there is somebody who is thinking about them and who supports their well-being.

ဒုတိယအချက်အနေနဲ့ သူတို့အပေါ်မေတ္တာရှိတဲ့တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာ၊ သူတို့အကြောင်းစဉ်းစားနေတဲ့၊သူတို့ရဲ့ကျန်းမာပျော်ရွှင်မှုကိုလိုလားတဲ့သူတစ်ယောက်ရှိနေတယ်ဆိုတာကိုလည်း သိဖို့လိုပါတယ်။

By supporting the matter, you happen to help 54 million people.

ဒီအရေးကို ထောက်ပံ့လိုက်ခြင်းဖြင့် ၅၄သန်းသောလူတွေကို ကူညီရာရောက်ပါတယ်။

Whatever further efforts in this direction, not just from you, but any of the listeners are very much needed.

ဒီဦးတည်ချက်ဖြင့် ဒကာ သာမက နားဆင်နေကြတဲ့သူတွေဆီကပါ ဆက်လက်ကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်နေပါတယ်။ 

But what I know is, that if I can stay peaceful, patient, mindful, then I can help the people around me much more.

ဦးပဉ္စင်းနားလည်ထားတာကတော့ ကိုယ့်ကိုယ်ကို ငြိမ်းချမ်းအောင်၊စိတ်ရှည်သည်းခံနိုင်အောင်၊သတိရှိအောင်စောင့်ရှောက်ထားနိုင်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုပိုပြီးကူညီနိုင်မယ်ဆိုတာပါပဲ။

Shine all your loving kindness, power and compassion towards those people and give them this happiness.

ကိုယ့်ရဲ့မေတ္တာစွမ်းအားတွေ၊ကရုဏာတွေကိုထိုလူတွေဆီကို ပို့လွှတ်ပေးပြီး ပျော်ရွှင်ဝမ်းမြောက်မှုရအောင်ဆောင်ကြဉ်းပေးကြပါ။

Give them this opportunity to to be happy, at least for a moment.

အနည်းဆုံးတော့ အချိန်အခိုက်အတန့်လေးတစ်ခုလောက်တော့ ပျော်ရွှင်ဝမ်းမြောက်ဖို့အခွင့်အရေးပေးလိုက်ပါ။

Give them this opportunity to to be happy, at least for a moment.