ထောင်ထဲကစာ
မြန်မာမှာ လက်ရှိဖြစ်ပွါးနေတာကို နားဆင်သူတွေ ပိုမိုအာရုံထားနိုင်လာဖို့ ကျွန်တော်တို့ podcast တင်ဆက်မှုတွေမှာ ပုံမှန်အင်တာဗျူးအရှည်ပုံစံတွေအပြင် အတိုပုံစံအသံဖိုင်အမျိုးမျိုးကိုလည်း တင်ဆက်နေပါတယ်။ ထိုကဲ့သို့ အတိုပုံစံအသံဖိုင်တင်ဆက်မှုတွေထဲက တစ်ခုက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ဆက်တဲ့ ကဗျာရွတ်ဆိုခြင်းတွေပါပဲ။ ထိုကဗျာတွေထဲက တစ်ပုဒ်က မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ Home Is Where The Heart Is မှာ ထည့်သွင်းတင်ဆက်ခဲ့ပါတယ်။
မုံရွာမှ ကဗျာဆရာ ကေဇဝင်း (ခ) ချမ်းသာဆွေ ရေးစပ်ခဲ့တဲ့ “ထောင်ထဲကစာ”ဆိုတဲ့ ကဗျာကို ကိုကိုသက်မှ ဘာသာပြန်ပေးထားပါတယ်။ ဆရာဟာ စာပေ ကဗျာရေးသူအဖြစ် ဘဝလမ်းကြောင်းလျှောက်ဖို့ ရဟန်းဘဝကနေ လူဝတ်လဲခဲ့ပါတယ်။ ၂၀၁၅မှာတော့ တက်ကြွလှုပ်ရှားသူအဖြစ် ဖမ်းဆီးခံရဖူးပြီး၊ ပြီးခဲ့တဲ့လမှာတော့ စစ်တပ်ရဲ့ပစ်ခတ်မှုနဲ့ ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။
အောက်ပါကဗျာကတော့ ဒီအသံတင်ဆက်မှုအပိုင်းမှာ ဖတ်ပြထားတဲ့ ဆရာ့ရဲ့ကဗျာပါ-
ကေဇဝင်း
ထောင်ထဲက စာ
သို့..
အဖေ
လူတချို့ကြောင့်
ဝမ်းဗိုက်ပေါက်ထွက်သွားတဲ့မြစ်ဟာ
ကမ်းနဖူးက အိမ်ကလေးကို
ရန်ရှာနေပြီမဟုတ်လား အဖေ။
အိမ်ကလေးရဲ့ရှေ့နားက
မြစ်ကမ်းပါးမှာ
မျောတိုင်စိုက်ဖို့
ရေစာဖြည့်ဖို့
သဲအိတ်ချဖို့
တယောက်ယောက်ကို
အဖေ မျှော်နေမှာပဲ။
ဝါးလုံးထိုးတက်လာတဲ့
မြစ်ရေညစ်ညစ်မှာ
ပျစ်ခဲနေအောင် လဲကျနေမယ့်
ရိတ်သိမ်းရလုနီး
ရေသွင်းနှမ်းခင်းတွေကို ငေးကြည့်ပြီး
ဝါးနေဆဲ ထမင်းလုတ်ကို
ကလော်အထုတ်ခံရသလို ဖြစ်နေမလား
ရန်သူမျိုးငါးပါးအကြောင်းကို ဆင်ခြင်ပြီး
အဖေမြတ်နိုးရာဘာသာတရားနဲ့ ဖြေတွေးနေမလား
လစ်ဟာနေတဲ့ တယောက်စာလုပ်အားကိုပဲ
တောင့်တများ တောင့်တနေမလား။
သား ၁၊ သမီး ၂၊ သား ၁ မှာ
သား ၁-က အချုပ်ကျ ကဗျာဆရာ
သမီး ၂-က
ကျောင်းဆရာမ နဲ့ ဘွဲ့ရထမင်းချက်
နောက်ထပ် သား ၁-က ကျောင်းသား
အဖေ့လက်ထဲက ကိုင်းခုတ်ဓားလောက်မှ
အဖေ့သားကြီးကဗျာဆရာက
"အား"ဖြစ်စေပါရဲ့လား အဖေ။
ဘာကိုမှ
မခွင့်လွှတ်ပါနဲ့ အဖေရေ
"သားရေ.. ဖိုးချမ်း
နောက်ကလူသံတွေ ဆူညံလှချေလား"
ဖုန်းထဲက အဖေ့မေးခွန်းကို
"စာမူပို့ရင်း
ကားမှတ်တိုင်မှာ ရောက်နေလို့" လို့
လိမ်ညာမိတဲ့
တရားရုံးထဲက အဖေ့သားက အစ
"ကျေးဇူးရှင်တောင်သူဦးကြီးများ"လို့
လျှာဖျားကလေးနဲ့ မြှူမြှူပြီးမှ
ကျောကို ချချသွားတဲ့
ခေတ်အဆက်ဆက်ရဲ့ ဓားပြကောင်တွေအဆုံး
အားလုံးကို မုန်းပစ်လိုက်ပါ အဖေ။
လက်နက် မပါဘဲ
ပြည်သူ့ဥစ္စာကို ခိုးဝှက်တော့ သူခိုး
လက်နက်ကိုင်ထားပြီး
ပြည်သူ့ဥစ္စာကို လုယက်တော့ ဓားပြ
သူခိုး အစိုးမရ
ဓားပြ အစိုးမရ-နဲ့
အဖေတို့မှာ ဘယ်မလဲ အစိုးရ။
တောတွေ ဘာဖြစ်ဖြစ်
တောင်တွေ ဘာဖြစ်ဖြစ်
မြစ်တွေ ဘာဖြစ်ဖြစ်
အုန်းသီးခြစ်သလို
တိုင်းပြည်ကို ချစ်ပြပြီး
အဆီအနှစ်ကို ခိုးစုပ်တဲ့လူတန်းစားတွေ
သူတို့ပလ္လင်ကို တရစ်ချင်းမြှင့်ဖို့ဆို
ဗုဒ္ဓသင်းကျစ်မှာတောင် သေနတ်ပြောင်းနဲ့ထစ်မှတ်ပြီး
ညစ်ပတ်ခဲ့ကြ လူတန်းစားတွေ..
အဲဒီလူတန်းစားတွေကို ဆဲရေးဖို့
အဖေ့ဘာသာတရားက အဖေ့ကို ခွင့်မပြုရင်
အဲဒီဘာသာတရားကနေ ကျောခိုင်းပြီး
အဖေ့အစား
သား ဆဲရေးပါရစေ အဖေ။
အခုထိ
အဖေမသိသေးပေမယ့်
အဖေ့သားကြီးဟာ
လူကောင်းသူကောင်းတွေအပေါ် အကြမ်းမဖက်ဖို့
ရဲတပ်ဖွဲ့ဆိုတာကြီးကို တောင်းဆိုရင်းက
မတရားတဲ့ လံကြုတ်ပုဒ်မတွေနဲ့
ထောင်ထဲမှာ အချုပ်ကျနေလေရဲ့။
တနေ့မတော့
သူခိုးမဟုတ်တဲ့ အဖေ့သားက
ဓားပြမဟုတ်တဲ့ အဖေ့သားက
အဖေ့အတွက်
အားလည်း ဖြစ်ရပါစေမယ် အဖေ
ဓားလည်း ဖြစ်ရပါစေမယ် အဖေ။
အခုနေမတော့
အဖေ့ပခုံးနဲ့ ထွန်ယက်ထားပြီး
ရေလွှမ်းသွားတဲ့ ယာမြေပြင်တွေကို
ငေးရီကြည့်မောရင်း
တောင်သူလယ်သမားသမဂ္ဂသီချင်းကိုပဲ
ဆိုနေရစ်ပါဦး အဖေရေ..။ ။
မှ
သား - ကေဇဝင်း
သာယာဝတီဗဟိုအကျဉ်းထောင်
ဆောင် ၁၀ / ခန်း ၁
Dear Father,
the River, whose stomach
was cut open,
has declared war
on our tiny house on the bank, hasn’t she?
Right in front of the house
you must be looking out for someone
who will help you with
embankment poles
to straighten the river,
to fill her holes with
sandbags.
In the murky water,
which rises like a bamboo lance,
you must be gazing at
the sesame plantation —
laden with fruits
ready for harvest.
You must be thinking
a fistful of rice in your mouth
is about to be fingered out.
Maybe you will find solace
in religion, contemplating
our five foes.
Maybe you will
think of the void
a son’s labour can fill.
One son, two daughters and one son;
The eldest is a poet in prison,
the first daughter, a school teacher,
the second, a graduate in the kitchen,
the youngest, a student.
Your poet son,
is he even employable
as the dah you use to clear weed?
Forgive nothing, Father.
Nothing!
“Son, Pho Chan,
why do I hear noises behind you?”,
you asked on the phone.
“I am at the bus stop
to post a manuscript to a journal,” I lied.
From your liar son in the dock
to thugs who sweeten you
with the tips of their tongues,
“To our benefactor peasants …”,
because they want to have you from behind,
hate them all, Father.
Hate them all.
A thief is
unarmed.
A thug is
armed to the teeth.
If thieves are ungovernable,
if thugs are ungovernable,
what’s the point of government?
Whatever happens to the jungles
whatever happens to the mountains
whatever happens to the rivers
they don’t care.
They love the country
just the way they love to grate a coconut,
from inside out,
for coconut milk.
Plinth by plinth, to make their throne taller,
they will point their guns at the urna
on the Lord Buddha’s forehead.
Their class is that crass.
To cuss at that class
if your religion forbids you
allow me to lose that religion.
I will turn the air blue
on your behalf.
Maybe you don’t know yet.
your son was
set up
for demanding the so-called police
not to harm ordinary citizens.
Someday
your son, who is not a thief
nor a thug
will become employable,
good as your dah that clears weed.
For now, Father,
keep gazing at the plantation
you’d ploughed with your naked shoulders.
Keep singing
the anthem of
The Peasant Union.
Yours ever,
K Za Win
Cell 1, Section 10
Thayawaddy Prison