အပိုင်း (၅၀) : တိုင်းပြည်အကျိုးအတွက် စစ်တပ်မှ ထွက်ပြေးခြင်း


တိုင်းပြည်က ဒုက္ခတွင်းထဲမှာ။ အနာဂတ်လည်း မသေချာ။ သူငယ်ချင်းတွေ အဖမ်းဆီးခံရပြီး ကိုယ်တိုင်လည်း ပုန်းရှောင်နေရတဲ့ Ven Detta က Vladimir Lenin ဆီက စိတ်ခွန်အားဖြစ်စရာ အတုယူစရာ ရှာဖွေနေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ခုခံတိုက်ခိုက်ရေးဗျူဟာတွေ ခင်းကျင်း၊ CDM တွေကို အားပေး၊ အစားအသောက်နဲ့ ဆေးဝါးတွေပံ့ပိုးပြီး အခြားအရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်နေချိန် Ven ကတော့ ဆူပူအုံကြွချိန်တွေမှာ စစ်သားတွေ တာဝန်ကနေ စွန့်ခွါထွက်ပြေးအောင် ဘယ်လို ချော့မေ့ာတောင်းဆိုမလဲဆိုတဲ့ သမိုင်းကြောင်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက လေ့လာနေခဲ့ပါတယ်။ အမေရိကန် ပြည်တွင်းစစ်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက် အာဖဂန်နစ်စတန်က ရုန်းကန်မှုတွေကို အထူးစိတ်ဝင်စားခဲ့ပေမဲ့ ၁၉၁၇ ခုနှစ် ရုရှား တော်လှန်ရေး သင်ခန်းစာတွေဆီကို စိတ်က အမြဲရောက်နေပါတယ်။  

ဒါနဲ့ပတ်သက်လို့ Lenin ကို “ဘုရင်”နေရာမှာ သူက တွေးဆထားပါတယ်။ Ven ပြောတဲ့အတိုင်း “ရုရှားစစ်တပ်က အမိန့်နာခံတာ ရပ်ခဲ့တယ်”၊ “ရုရှားစစ်တပ်ရဲ့ စိတ်နှလုံးသား”ကို အနိုင်ရသွားတဲ့ Lenin ရဲ့ အောင်မြင်မှုနောက် သူ့ရဲ့လှုံ့ဆော်မှုကို စံနမူနာဖြစ်ဖို့ Ven မျှော်လင့်ပါတယ်။  

ဗမာစစ်တပ်ထုံးစံကို အတွင်းကျကျ တရင်းတနှီးသိနေတော့ ဒီအလုပ်ရဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံအရ ခေသူမဟုတ်ပါဘူး။ ဥပမာအားဖြင့် သူက တပ်မတော်ရဲ့ တဇွတ်ထိုး တဇောက်ကန်း အကျင့်တွေကို ကောင်းကောင်းသိနေသူပါ။ ရက်စက်ကြမ်းကြုတ်မှုတွေကို ဂုဏ်သိက္ခာမြောက်စွာ အောင်ပွဲခံကြတာ၊ အမေးအမြန်းမရှိ အမိန့်နာခံရတာ၊ တိုင်းပြည်စည်းလုံးဖို့ လိုအပ်တဲ့ တည်ငြိမ်မှုကို စစ်တပ်ကသာ ထောက်ပံ့ပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ ဝါဒဖြန့်တဲ့ အကျင့်တွေ စတဲ့ နည်းလမ်းပေါင်းစုံ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်မိသားစုက စစ်တပ်ဝန်းထဲမှာပဲ နေထိုင်ကြတာ၊ အာဏာသိမ်းကတည်းက ဘာအကြောင်းနဲ့မှ တပ်အပြင် ထွက်ခွင့်မပေးတာဟာ စစ်သားတွေ တပ်ပြေး မဖြစ်နိုင်အောင် ထိိထိရောက်ရောက်နဲ့ ဓားစာခံ လုပ်ထားတာ ဖြစ်ပါတယ်။ 

ဒီတာဝန်မှာလည်း ကိုယ်ပိုင်စွန့်စားရတွေရှိတဲ့အကြောင်း အကယ်၍ ဘယ်သူပဲဖြစ်ဖြစ် စစ်တပ် ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ စာတွေ ဒါမှမဟုတ် မိတ္တူ ပုံနှိပ်စက်လို ပစ္စည်းလက်ဝယ်ရှိရင် ဆိုးရွားတဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာပါလို့ Ven ပြောပါတယ်။ ပြင်ပလှုပ်ရှားမှုတွေမှာ “ကျွန်တော်တို့ ညဘက် အပြင်မှာ တခုခုလုပ်နေတာတွေ့ရင် အထူးသဖြင့် ညမထွက်ရအမိန့်ထုတ်ထားတဲ့ အချိန်တွေမှာဆိုရင် သူတို့မှာ ချက်ချင်း ပစ်သတ်ပိုင်ခွင့်ရှိတယ်။ သူတို့ကားပေါ်က ဆင်းပြီးတောင် မေးနေမှာမဟုတ်ဘူး။ ချက်ချင်း ပစ်သတ်နိုင်တယ်။   

ဒါပေမဲ့ Ven အဖို့တော့ စစ်တပ်ဘက်က ဒီလိုလွန်လွန်ကဲကဲ တုံ့ပြန်ခြိမ်းခြောက်မှုကို ကြည့်ရင် သူတို့ဘယ်လောက် ပျော့ညံ့သလဲဆိုတာသာ ထောက်ပြနေပါတယ်။ “ကမ္ဘာ့ အညံ့ဖျင်းဆုံး အကြံအစည်နဲ့ အာဏာသိမ်းတာ”လို့တောင် ပြောပါတယ်။ Ven ရဲ့ တွက်ဆမှုထဲ “စစ်တပ်က အရမ်းကြောက်နေတယ်။ ပြီးတော့ သူတို့ရဲ့စစ်သားတွေ သတင်းအချက်အလက်ရသွားမှာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်။ အဲ့ဒါ သူတို့ဖြစ်ချင်တဲ့ ရလဒ်နဲ့ တခြားစီဖြစ်လိမ့်မယ်လို့ ကျွန်တော် တကယ်ထင်ပါတယ်။

ဒီတာဝန်အတွက် သူ့ရဲ့တခုတည်းသော “သင်တန်း”က သည်းထိပ်ရင်ဖို စပိုင်ဇာတ်လမ်းများကို မနားတမ်း ကြည့်နေတာပါပဲ။ အခုတော့ တခုလေးမှားတာနဲ့ အားလုံးဒုက္ခရောက်နိုင်တဲ့ စိတ်ဝင်စားစရာ လက်တွေ့လောကထဲ သူ့ကိုယ်တိုင် ဇွတ်တိုးဝင်လိုက်ပါပြီ။  အကြမ်းဖက်မှုကို လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းက ဘက်ပြောင်းလိုက်ခြင်း(စစ်တပ်မှထွက်ပြေးတာ)ပဲ ဖြစ်ပါတယ်။ ဆိုတော့ သူကဒီတာဝန်ကို ဇောက်ချလုပ်ကိုင်ပါတယ်။ “လူတွေအများကြီးက သူတို့အတွေးအမြင် အသိတရားတွေကို ထုတ်ဖော်ပြသဖို့ သူတို့ဘဝတွေကို စတေးထားကြပြီဆိုတော့ ဒါက ကျွန်တော်တို့အားလုံး စွန့်စားကို စွန့်စားရမှာ။ တသက်လုံး စစ်အာဏာရှင် လက်အောက်မှာ နေသွားရမယ့် ဘဝကြီးကို မလိုလားဘူးဆိုရင်ပေ့ါ။”  

လှုံ့ဆော်ရေးမှာ အရေးအကြီးဆုံးအပိုင်းက အရေအတွက် အင်အားဘယ်လောက်ဆိုတာ ဖြစ်ပါတယ်။ စစ်သားတွေ တဦးစီအလိုက် တပ်ပြေးဖြစ်နေတဲ့ အမှုကိစ္စတွေ ရှိနေပေမဲ့လို့ လုံလောက်တဲ့ အရေအတွက် ကြီးကြီးမားမား ဖြစ်မလာသေးပါဘူး။ တပ်မှထွက်ပြေးသူတွေရဲ့ မိသားစုဝင်တွေအပေါ် အရေးယူတဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ပြန်သုံးသပ်အောင် စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ပြေးတဲ့ အရေအတွက် အမြောက်အမြားလိုအပ်ပါတယ်။ ထွက်ပြေး/ဘက်ပြောင်းတဲ့ စစ်သားများလေလေ စစ်တပ်က တဦးချင်းကို အရေးယူဖို့ ခက်လေလေပါပဲ။ ဆိုတော့ ဒီမှာ စိန်ခေါ်မှုက စစ်သား အမြောက်အမြားကို ထွက်ပြေး စွန့်ခွါအောင် အားပေးဖို့က အပြောလွယ်သလောက် အလုပ်မလွယ်ပါဘူး။ စစ်သားတွေ တပ်ကိုစွန့်ခွါတဲ့လာအခါ သူတို့ပူးပေါင်းလို့ရမယ့် စစ်တပ်ဖွဲ့စည်းပုံမျိုးရှိနေခြင်းက အောင်မြင်ရေးဗျူဟာအတွက် တစိတ်တပိုင်း အရေးပါလိမ့်မယ်။ ဒီပန်းတိုင်ရောက်ဖို့အတွက် စီစဉ်ထားတဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာဖို့ သူက စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေပါတယ်။

နောက်ဆုံးအပိုင်းကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ပါဝင်မှုပါပဲ။ “ရဟန်းတော်တွေ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ မြန်မာပြည်သူတွေက ဘာသာရေးကိုင်းရှိုင်းပြီး ဘုန်းကြီးစကားကို နားထောင်လိမ့်မှာ သေချာပါတယ်။ လူထုအမြင်ကို လွှမ်းမိုးနိုင်တဲ့ ဒါဇင်ချီတဲ့ရဟန်းတော်တွေ လူထုဘက်က ရပ်တည်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က မှန်ကန်တဲ့ သမိုင်းကြောင်းဘက်မှာ ရှိနေဖို့၊ ရပ်တည်ဖို့ လိုပါတယ်။ ဘာသာရေး ရှုထောင့်ကနေ ဟောကြားပေးဖို့ လိုပါတယ်။” 

နောက်ဆုံးမှာတော့ ဘက်ပြောင်းတဲ့အကြောင်းအရင်းကပဲ အယူအဆ အလွန်ကွဲပြားမှုတွေကြားက ဖြစ်ပွါးနေတဲ့ တိုက်ပွဲရဲ့ ရလဒ်ဖြစ်လာလိမ့်မယ်။ တယောက်ချင်းစီရဲ့ဘဝကို တန်ဖိုးထားပြီး လွတ်လပ်မှုကို အာမခံသော လူကြိုက်များတဲ့ လှုပ်ရှားမှုရဲ့ လူသားဆန်တဲ့ကျင့်ဝတ်က တပ်မတော်ရဲ့ စစ်စည်းကမ်း အသားပေးမှု၊ အရေးပါပြီး လွတ်လပ်တဲ့အတွေအခေါ်ကို မယုံကြည်မှုတွေကို ကျော်လွှားနိုင်လိမ့်မလား။” Ven ကတော့ သူ့ရဲ့မှန်ကန်တဲ့ဘက်က ရပ်တည်မှုကို ယုံကြည်နေပေမဲ့လည်း ဒါက ရေးလို့မပြီးသေးတဲ့ ဇာတ်လမ်းတပုဒ်ဆိုတာ သူလည်းသိနေပါတယ်။ 

“သူတို့ရှုံးမယ်ဆိုတဲ့ အခြေအနေပေးလာတာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်လိမ့်မယ်၊ ရှုံးလိမ့်မယ်လို့လည်း မဟုတ်ဘူး။ သူတို့က ထိုးနှက်ဖို့ အလွန်ခက်တဲ့ အင်အားကြီးတဲ့ Goliath လည်းမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချိန်မှာ တခုခုကို အစောတလျင် ကောက်ချက်ချဖို့ မသင့်သေးပါဘူးလို့ ကျွန်တော်ထင်ပါတယ်။”

Shwe Lan Ga LayComment