အပိုင်း (၅၁) : မြန်မာပြည်သို့ မေတ္တာစာလွှာများ : အိမ်ဆိုသည်မှာ နှလုံးသားတည်ရာ
အခုနားဆင်ရမှာက “မြန်မာပြည်သို့ မေတ္တာစာလွှာများ” အခန်းဆက် ဒုတိယပိုင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မတိုင်ခင်အထိ ကျွန်တော်တို့ရဲ့ podcast အစီအစဉ်တွေက တရားကျင့်ခြင်း၊ စိတ်ဓာတ်ရေးရာပိုင်းနဲ့ မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာ လေ့လာရေး တွေကို အဓိက တင်ဆက်ခဲ့တာ သောတရှင်တွေ သိပြီးဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့ ဇာတ်ခုံတခုလုံးက လက်ရှိမြန်မာ့အရေးပေါ် အခြေအနေကို တုံ့ပြန်ဖို့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ တင်ဆက်ပေးဖို့ ပြောင်းလဲလာပါပြီ။ ကျွန်တော်တို့ တင်ဆက်နေတဲ့ အကြောင်းအရာတွေ၊ ဧည့်သည်တွေ အားငယ်စွာ ဝေမျှလာတဲ့ သူတို့ဇာတ်လမ်းတွေဟာ မငြင်းသာလောက်အောင် ဝန်လေးစရာ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဇာတ်ခုံလေးက ဒီဝန်ကို ထမ်းနိုင်ဖို့ အရေးကြီးတာကြောင့် သူတို့ရဲ့ဖြစ်ရပ်မှန်တွေကို ကမ္ဘာသိစေဖို့ သူ့တို့အသံတွေ ပဲ့တင်ထပ်နေစေဖို့ ထောက်ပံ့ပါမယ်။
ဒါပေမဲ့လည်း လူမဆန် ရက်စက်ကြမ်းကြုတ်မှုတွေကို ထပ်တလဲလဲ မြင်ရ၊ ကြားရ၊ ဆုံးရှုံးရမှုတွေအတွက် စိတ်ဆင်းရဲ သောကရောက်ရမှုတွေကို သည်းခံနိုင်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒါကြောင့် မကြာသေးခင်က လွှင့်ခဲ့တဲ့ အပိုင်းတွေနဲ့ ဟန်ချက်ညီသွားစေအောင် ဒီအခန်းဆက်အသစ်က ကူညီပေးဖို့ မျှော်လင့်ပါတယ်။
ဒီအပိုင်းနဲ့ နောက်လာမည့် အပိုင်းတွေမှာ ဧည့်သည်တွေက သူတို့ရဲ့ နွေးထွေးတဲ့ အမှတ်တရတွေနဲ့ ဇာတ်လမ်းတွေ အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ သူတို့လေ့လာခဲ့တဲ့ အကြောင်းတွေ တိုင်းပြည်နဲ့ ရိုးရာဓလေ့က သူတို့ဘဝမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်သလဲဆိုတာ ပြောဆိုဆွေးနွေး သွားမှာဖြစ်ပါတယ်။ မြန်မာပြည်က သူတို့အပေါ် နောက်ခံဇာတ်လမ်းမျိုးစုံနဲ့ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးထားသလဲဆိုတာကို ယောဂီများ၊ ဆရာများ၊ အတတ်ပညာရှင်များ၊ ပရဟိတသမားများ၊ တိုင်းပြည်မှ ထွက်ခွါခဲ့သူများ၊ သံတမန်များ၊ ကျော်ကြားသူများ အပါအဝင် အခြားအခြားသော သူများနဲ့ တင်ဆက်ပေးသွားပါမယ်။ ဒီအခန်းဆက်တွေက လက်ရှိမြန်မာပြည် အခြေအနေတွေကနေ လွတ်ရာလွတ်ကြောင်း နားဆင်ဖို့သင့်တယ်လို့ ဖြစ်သလို ရည်ရွယ်ပြီး စီစဉ်ထားတာမဟုတ်ပါဘူး။ အထူးသဖြင့် လွတ်လပ်ပြီး လုံခြုံတဲ့နေရာကနေ အခုနားဆင်နေတဲ့ သောတရှင်တွေအတွက် ဖြစ်ပါတယ်။ အစကတည်းက ဒီတိုင်းပြည်ကို ဘာလို့ ဒီလောက် ဂရုစိုက်နေသလဲဆိုတာက ကျွန်တော်တို့ကို ပြန်လည်မွမ်းမံ ကူညီပါတယ်။ ဒီအသံလွှင့်အစီအစဉ်က တွေက သောတရှင်တွေရဲ့ နှလုံးသားက ရွှေနိုင်ငံအပေါ် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေဖို့ အထောက်အပံ့အဖြစ် ရည်ရွယ်ထားတာပါ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့ အားသစ်လောင်းဖို့ ဖြစ်ပါတယ်။
ဒီ“မြန်မာပြည်သို့ မေတ္တာစာလွှာများ” ဒုတိယပိုင်းကို “အိမ်ဆိုသည်မှာ နှလုံးသားတည်ရာ”လို့ နာမည်ပေးထားပါတယ်။ ပထမပိုင်းကိုလည်း ထင်ဟပ်စေပါတယ်။ ပထမပိုင်းထဲမှာ ဗမာလူမျိုးမဟုတ်တဲ့ သူ သုံးဦးက ဗမာပြည်ထဲနေစဉ်အချိန်တွေမှာ နက်နက်နဲနဲ အကျိုးသက်ရောက်မှု ရှိတဲ့အကြောင်း ပြောပြထားတာပါ။ ဒီအပိုင်းမှာတော့ မိသားစုနဲ့အတူ နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ ငယ်ငယ်ကတည်းက အိမ်ကထွက်လာခဲ့တဲ့ ဗမာလူမျိုး သုံးဦးဆီက နားဆင်ရမှာပါ။
ပထမက ရည်မွန်။ အသက် ၁၇နှစ်အရွယ်မှာ ဂျပန်ကို မိသားစုနဲ့အတူ ထွက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် New York ကို မပြောင်းခင်အထိ လူသိများတဲ့ ရေဒီယို သတင်းကြေညာသူအဖြစ် လုပ်ကိုင်ခဲ့တဲ့ တရုတ်-ဗမာ အမျိုးသမီးတဦး ဖြစ်ပါတယ်။ ကလေးဘဝ နွေရာသီပိတ်ရက်တွေမှာ ကမ္မဋ္ဌာန်းနှင့် ဗုဒ္ဓဘာသာရေး သင်တန်းတွေ တက်ရောက်ခဲ့ပါတယ်။ စစချင်း တရားထိုင်ရတာမကြိုက်တဲ့အတွက် တော်တော်လေး ခက်ခဲခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆုံးအမတွေကို သဘောကျလာခဲ့ပြီး သီလရှင်ခေတ္တဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း ဂျပန်မှာ အလွန်ကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ဒီနက်နဲတဲ့ကျင့်စဉ်တွေက ကြီးမားတဲ့ အကူအညီဖြစ်ခဲ့ပါတယ်။ ၁၉၈၈ လှုပ်ရှားမှုတုန်းက စိတ်လှုပ်ရှားမှုနဲ့ အကြောက်တရားကို ပြန်ပြောရင်း အတိတ်ဟောင်းတွေကို ပြန်အမှတ်ရတဲ့အကြောင်း ပြောပါတယ်။ အထူးသဖြင့် မိဘတွေက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို မလုပ်ဖို့ သတိပေးထားပါတယ်။ နိုင်ငံရပ်ခြားကို ပြောင်းရွေ့ပြီးနောက်ပိုင်း သဘောပေါက်လာတာက ဂျပန်ရဲနဲ့ အမေရိကန်ရဲတွေက မြန်မာပြည်ကရဲလို ကြောက်စရာမဟုတ်ဘူးဆိုတာပါပဲ။ အခြေခံ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမဲ့ အဖွဲ့အစည်းမျိုးက ပျောက်ကွယ်နေပြီလို့ ထင်ရပါတယ်။ ဒီနေ့ ဆန္ဒပြလှုပ်ရှားမှုတွေကိုကြည့်ရင် ရဲစွမ်းသတ္တိရှိတဲ့သူတွေက မေတ္တာနဲ့ ဆက်စပ်နေတဲ့ အကြမ်းမဖက်တဲ့ဘက်မှာ မြဲမြဲတည်နေတာကို သိရတဲ့ရည်မွန်အတွက် စိတ်အားထက်သန်စရာ ဖြစ်ပါတယ်။
နောက်တယောက်က ပိုင်။ အသက် ၁၆နှစ်မှာ နော်ဝေကို ပြောင်းရွှေ့အခြေချခဲ့တဲ့ လူလတ်တန်းစား မိသားစုမှာ ကြီးပြင်လာခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကြီးလာတဲ့သူ့ကို အထူးသဖြင့် ငါးပါးသီလ အဆုံးအမက လွှမ်းမိုးထားပါတယ်။ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းထဲက ပါဝင်သူအားလုံးသာ လိုက်နာကြမယ်ဆိုရင် အလွန်ကို စွမ်းအားကြီးတဲ့ သီလစည်းကမ်းလို့ သိထားသူပါ။ အလားတူပဲ ရဟန်းတော်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကြာခဏ တွေ့ဆုံရတာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ နော်ဝေကို ပြောင်းပြီးနောက် လူမှုရေးနဲ့ ယဉ်ကျေးမှု အပြန်အလှန်ဆက်သွယ်နေမှု ပြတ်တောက်ခဲ့သလို အထီးကျန်တဲ့ ခံစားချက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဝေးကွာခဲ့ပေမဲ့ သူ့ဘဝကို ပုံဖော်ပေးထားတဲ့ ကံတရားကို နက်နက်နဲနဲ တန်ဖိုးထားမှုနဲ့အတူသီလငါးပါးကတော့ သူ့အပေါ် ခိုင်မြဲတဲ့လွှမ်းမိုးမှု ဆက်ပြီးရှိနေပါတယ်။ လက်ရှိ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ မြင့်မြတ်တဲ့ ခုံခံနိုင်စွမ်းကို အားကျနေပါတယ်။ တနေ့နေ့မှာ သူတို့နာမည်တွေကို နံရံတွေမှာ ကဗျည်းထိုး၊ သီချင်းကဗျာတွေမှာ ဖွဲ့နွဲ့သီကုံးသင့်တဲ့ အကြောင်း ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ကယားပြည်နယ်က တရုတ်-ဗမာ အမျိုးသမီးတဦးဖြစ်တဲ့ လီလီထံမှ နားဆင်ရမှာပါ။ လီလီက ထိုင်းနယ်စပ်နား ရွာငယ်လေးမှ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို မပြောင်းသေးခင် ငါးနှစ်လောက်ပဲ နေခဲ့ရတဲ့ နေရာလေးပါ။ ရွာထဲက ခွေးလေးတွေ၊ စိမ်းစို လန်းဆန်းနေတဲ့ ကျေးလက်ဒေသနဲ့ ဆွေမျိုးတွေလည်းရှိ ကလေးအရွယ်စုံ အတူတူ အတန်းတက်ကြတဲ့ ရွာထဲက စာသင်ခန်းစတဲ့ ကလေးဘဝ အမှတ်တရတွေက အပိုင်းပိုင်းအစစ ဖြစ်နေတဲ့ ပုံရိပ်တွေပါ။ South Philly မှာ ရုတ်တရက် အခြေချမိတဲ့အခါ ယဉ်ကျေးမှုအရ နည်းနည်းတော့ တုန်လှုပ်ရတာပဲ။ လီလီအတွက် အလွန်မြန်ဆန်ပြီး ပြိုင်ဆိုင်မှုတွေများတဲ့ ဘဝထဲ လိုက်လျောညီဖြစ်ဖို့ အချိန်ယူခဲ့ရပါတယ်။ အသက်၂၇ မှာ မိသားစုနဲ့ တွေ့ဖို့ မြန်မာပြည်ကို အလည်ပြန်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါမှာလည်း တိုင်းပြည်က ပိတ်ဆို့မှုတွေ တော်တော်လေး ရှိဆဲပါပဲ။ ခေတ်သစ်လူနေမှုဘဝ ဆိတ်သုန်းနေတဲ့ သူတော်တော်ကျင့်သား ရနေခဲ့တဲ့ အဲ့ဒီအချိန်မှာ ဆဲလ်ဖုန်းတွေတောင် မြန်မာပြည်မှာ ခေတ်မစားနိုင်သေးပါဘူး။ မွေးရပ်မြေက ဆက်တိုက်ဖြစ်ပေါ်နေတဲ့အကြောင်းတွေကို သုံးသပ်ရင်း အမေရိကားက လုံခြုံပြီး လွတ်လပ်တဲ့ အိမ်သစ်ကို လီလီက သဘောကျပါတယ်၊ မကြာမီ ဗမာတွေလည်း ဒါမျိုးဖြစ်လာဖို့ သူက မျှော်လင့်ပါတယ်။ ဒါတွေအောင်မြင်ဖို့ အကြောက်တရားနဲ့ အသက်ဆက်နေရတဲ့သူတွေအတွက် နေ့စဉ် ၅-၁၀မိနစ် အချိန်ယူပြီး အကြောက်တရားက လွတ်မြောက်တဲ့ အရသာက တကယ်တမ်း ဘယ်လိုလဲဆိုတာကို လေ့လာဖို့ တရားအားထုတ်ဖို့ အကြံပြုပါတယ်။
ကလေးတယောက်အနေနဲ့ နိုင်ငံခြားတိုင်းပြည်မှာနေဖို့ ဘာသာစကားအသစ်ကို လေ့လာဖို့၊ ယဉ်ကျေးမှုအသစ်နဲ့ ကျင့်သားရဖို့ ဆိုတာ အလွန်ခက်ခဲနိုင်ပါတယ်။ အဲ့ဒါထက် သူတို့ရဲ့မွေးရပ်မြေ ဒုက္ခတွင်းထဲက မထွက်နိုင်တာက ပိုဆိုးပါတယ်။ ကျွန်တော်တို့ရဲ့ ဧည့်သည်သုံးဦးက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာကို သဘောပေါက်အောင် ပြောပြထားပါတယ်။ သူတို့အကြောင်းတွေက စိတ်လှုပ်ရှားစရာကောင်းပြီး အတုယူစရာတွေရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ခင်ဗျာ။